အိမ်သစ်မှာ အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ
အိမ်သစ်မှာ အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ - Property Knowledge in Myanmar from iMyanmarHouse.com
9 May 2022 12:20 pm တွင် တင်ခဲ့သည်
538 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
နေအိမ်နဲ့ နေရာထိုင်ခင်းအသစ်တစ်ခု ပြောင်းလဲပြီးတော့ နေထိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ တစ်နေရာကနေတစ်နေရာကို ပြောင်းလဲပြီးတော့ နေထိုင်မယ်ဆိုရင် အစစအရာရာ အစကနေ အားလုံးပြင်ဆင်ပြီးတော့ နေထိုင်ရပါတယ်။မိမိကိုယ်တိုင်ရော၊မိသားစုအတွက်ရော၊ နေရာထိုင်ခင်းအသစ် အိမ်အသစ်အတွက်ရော အားလုံးပြင်ဆင်ပြီး နေထိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေစရာအသစ်တစ်ခုက မိမိနဲ့အဆင်ပြေမပြေနဲ့ နေထိုင်ဖို့ လုံခြုံစိတ် ချရမှု ရှိမရှိ အချက်တွေက အလွန်အရေးကြီးပါတယ်။
ဒါ့ကြောင့်မို့လို့ နေရာထိုင်ခင်းအသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်တော့မယ်ဆိုရင် အရေးကြီးတဲ့ ပြောင်းလဲပြင်ဆင်ထားရမယ့် အစိတ်အပိုင်းတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်….
၁။ နေအိမ်အသစ်ရဲ့ လုံခြုံရေး သော့တွေကို အသစ်ပြောင်းလဲတပ်ဆင်ပါ။ အရေးအကြီးဆုံးအချက်ပါပဲ။ ယခင်က တပ်ဆင်ထားတဲ့ သော့အဟောင်းတွေကိုလဲလှယ်ပြီး သော့အသစ်တွေ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ အိမ်ရဲ့ခြံဝင်းတံခါးတွေ၊ တံခါးမကြီး၊ နောက်ဖေးဘက် တံခါးနဲ့ လိုအပ်လာလျှင် ပြတင်းတံခါးချပ်တွေက သော့ တွေ အားလုံးကို အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ ဒီ့ထက်ပိုပြီး လုံခြုံစိတ်ချမှု ရှိချင်တယ်ဆိုပါကလည်း သိပ်ပြီးတော့ မခိုင်ခံ့တော့တဲ့ တံခါးချပ်တွေ၊ ခြံဝင်းတံခါးတွေကို အသစ်တွေ ပြောင်းလဲတပ်ဆင်လိုက်ပါ။
၂။ လုံခြုံရေးအချက်ပြစနစ်တွေ ပြောင်းလဲတပ်ဆင်ပါ။ ညဘက် လုံခြုံရေးမီး၊ မီးအချက်ပေးအလမ်း၊ တံခါးဘက်ထရီ၊ မီးအလင်း ရောင်အချက်ပြမီးစနစ်၊ အရေးပေါ်ခေါင်းလောင်း၊ အရေးပေါ် အချက်ပြမီးစနစ်၊ စသဖြင့် လုံခြုံရေးစနစ်တွေရဲ့ လျှပ်စစ်ဓာတ်အား အသစ်၊ ဓာတ်ခဲအသစ်၊ မီးအလင်း ဝါယာစနစ် စတာတွေကို အသစ်လဲလှယ်တပ်ဆင်ပြင်ဆင်သင့်ပါတယ်။
၃။ ရေအသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ ရေသွယ်တန်းမှု၊ ရေပိုက်သွယ်တန်းမှု၊ ရေထုတ်ယူမှု စတာတွေကိုလည်း စစ်ဆေးပြီး အသစ်ပြင်ဆင် ပြုပြင်တပ်ဆင်ပါ။ ရေမော်တာ၊ ရေစုပ်ယူမှု ကောင်းမကောင်း၊ ရေတင်ခန်း၊ ရေလှောင်ကန်၊ စသဖြင့် ရေအရင်းမြစ်ထုတ်ယူသုံးစွဲမှု ပင်မနေရာတွေကို စစ်ဆေးသင့်ပါတယ်။ ရေပိုက်ခေါင်းတွေ၊ ရေစစ်၊ ရေမော်တာ၊ ခလုတ်၊ ရေလွှဲအစရှိသဖြင့် အစိတ်အပိုင်းတွေကို စစ်ဆေးပါ။ ရေအသုံးပြုမှုကောင်းမွန်ခြင်းနဲ့ လုံလောက်တဲ့သုံးရေရရှိမှုက နေအိမ်တွေအတွက် အရေးကြီးဆုံး အဓိကအကျဆုံးအချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်အိမ်လုံးစာရေအသုံးပြု မှုအတွက် အဆင်ပြေနိုင်ဖို့ ရေအသုံးပြု မှုနဲ့ ရေရရှိမှု စနစ်တွေကို ပြန်လည် စစ်ဆေးပြီးပြုပြင်သင့်ပါတယ်။
၄။ မီး၊ လျှပ်စစ်ဓာတ်အားကြိုးသွယ်တန်း အသုံးပြုမှုတွေကိုလည်း စစ်ဆေးပါ။ မီးဘေးမတော်တဆမှုတွေနဲ့ လျှပ်စစ်ဓာတ်အားလုံခြုံစွာ ရရှိနိုင်ဖို့အတွက် ယခင်က မီးလျှပ်စစ်မီး အသုံးပြုမှုတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ လျှပ်စစ်ဓာတ်အားပင်မကနေ မိမိအိမ်ဆီသို့ သွယ်တန်းဖြန့်ဖြူးရာအထိကို လုံခြုံမှုရှိမရှိ၊ လျှပ်စစ်ဓာတ်အားသွယ်တန်းတဲ့ ဝါယာကြိုးတွေ၊ ခလုတ်တွေ၊ ဆားကစ်တွေ၊ မော်တာ၊ မီးအားမြှင့်စက် အစရှိသဖြင့် လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေအားလုံးကို ပြုပြင် စစ်ဆေးသင့်ပါတယ်။
၅။ ရေတူးမြောင်းနဲ့ ရေဆိုးထွက်ပေါက် လမ်းကြောင်းတွေကို ရှင်းလင်းတူးဖော်ပါ။ ယခင် နေထိုင်ပြီးသား၊ ဒါမှမဟုတ် ကာလကြာရှည်စွာမတူးဖော်ရသေးတဲ့ ရေတူးမြောင်းအဟောင်းတွေကို ပြန်လည်တူးဖော်ပြီးတော့ အသစ်ဖောက်လုပ်ပါ။ ဒါမှသာ မိမိအိမ်တွင်းက စွန့်ပစ်တဲ့ ရေဆိုးနဲ့ အညစ်အကြေးတွေ အားလုံးကို ပြင်ပသို့ စနစ်တကျ စွန့်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ခြံဝင်းကနေ အိမ်ပြင်ပသို့ ရေစီးသွားရာလမ်းကြောင်းက အမှိုက်သရိုက်တွေကို ရှင်းလင်းပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service