နွေရာသီမှာ ထွက်လာမယ့် မိတ်တွေ သက်သာစေဖို့
နွေရာသီမှာ ထွက်လာမယ့် မိတ်တွေ သက်သာစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2022 10:53 am တွင် တင်ခဲ့သည်
1695 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
နွေရာသီမှာ အရေပြားပြဿနာ အမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့ အရေပြား ပြဿနာတွေထဲကမှ အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ခုကတော့ မိတ်ထွက်တာပါ။ ဒီလို နွေရာသီမှာ မိတ်တွေ ထွက်လာတဲ့အခါ သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။
ဘယ်လိုနည်းလမ်းလေးတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။
မိတ်ဆိုတာ
မိတ်ဆိုတာ အရေပြားပေါ်မှာ ထွက်တတ်တဲ့ ယားစပ်စပ် အဖုအပိမ့်လေးတွေပါ။ ကုတ်မိရင် တော်တော်လေး စပ်ဖျဉ်းဖျဉ်းနဲ့ ခံရခက်ပါတယ်။ မိတ်က ပြင်းထန်တဲ့ အရေပြား ပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရတာတော့ အတော်လေး မသက်မသာ ဖြစ်စေနိုင်ပါတယ်။
မိတ်တွေ ဘယ်နားမှာ ပေါက်တတ်လဲ
မိတ်တွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ပေါက်နိုင်ပါတယ်။ အထူးသဖြင့်....
ကျောကုန်း
လည်ပင်း
ပေါင်ခြံ
ချိုင်းကြား စတဲ့နေရာတွေမှာ မိတ်တွေ ပေါက်တတ်ပါတယ်။
မိတ်တွေ သက်သာစေဖို့ ဘယ်လို လုပ်ရမလဲ
မိတ်တွေ သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် အလွယ်ကူဆုံး နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။
ရေအေးအေးလေးနဲ့ ရေချိုးပါ
ရေကို အုတ်ကန်၊ စဉ့်အိုးတွေလိုမျိုးထဲမှာ ထည့်ထားတဲ့ ရေအေးအေးလေးနဲ့ ချိုးပေးတာကလည်း မိတ်ပျောက်စေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ နွေပူလို့ မိတ်ထွက်နေချိန်မှာ ရေအေးအးလေးနဲ့ တစ်နေ့ကို ၂ ကြိမ် ရေချိုးပေးတာက မိတ်ပျောက်စေမယ့် နည်းလမ်း တစ်ရပ်ပါ။
ရေအေးဝတ် ကပ်ပါ
မိတ်တွေပေါက်နေတဲ့ နေရာကို အဝတ်စသန့်သန့်လေးမှာ ရေအေးအေးလေး ဆွတ်ပြီး ဖြစ်ဖြစ်၊ ရေခဲလေးကို အဝတ်ထဲ ထည့်ထုတ်ပြီးပဲ ဖြစ်ဖြစ် ကပ်ပေးလို့ ရပါတယ်။ ဒီလို ကပ်ပေးတာကလည်း မိတ်တွေကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ရပ်ပါ။ အကြာကြီး မကပ်မိဖို့တော့ လိုပါမယ်။
သနပ်ခါးရေကျဲလေး လိမ်းပေးပါ
တိကျတဲ့ လေ့လာချက်မရှိပေမယ့် မြန့်မာရိုးရာ အမွေတစ်ခုဖြစ်တဲ့ သနပ်ခါးမွှေးမွှေးလေးကို ရေကျဲကျဲလေး သွေးပြီး အရေပြားပေါ်မှာ လိမ်းပေးတာကလည်း မိတ်သက်သာစေတယ်လို့ ဆိုကြပါတယ်။ သနပ်ခါးထဲကို အသားအရေအတွက် အထောက်အပံ့ပေးနိုင်တဲ့ ခရေပန်း၊ ကံ့ကော်ဝတ်ဆံလေးတွေ ထည့်လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
ကရမက်
သနပ်ခါးလိုပဲ တိကျတဲ့ လေ့လာချက်မရှိသည့်တိုင် ကရမက်က အအေးဓာတ် ရှိတဲ့ လိမ်းစရာ တစ်မျိုးပါ။ နွေပူနေချိန်မှာ ကရမက်ကို အရည်ကျဲကျဲလေး သွေးပြီး မိတ်တွေပေါ်မှာ လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်လောက်အထိလိမ်းပေးလို့ ပါတယ်။ ဘေဘီလေးတွေကိုလည်း လိမ်းပေးလို့ ရပါတယ်။
သနပ်ခါးနဲ့ ကရမက် လိမ်းတာနဲ့ကတော့ ရိုးရာနည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် ဂျယ်လီသားကို ကြိတ်ခြေပြီး အရေပြားပေါ်မှာ လိမ်းပေးတာကလည်း မိတ်တွေကို သက်သာစေနိုင်ပါတယ်။ မိတ်တွေကို သက်သာစေဖို့ ရှားစောင်းလက်ပပ်ကို အအေးခံပြီးမှ လိမ်းပေးပါ။
ချည်သား အေးအေး ဝတ်ပါ
ချွေးထွက်တာက မိတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မိတ်တွေ သက်သာစေဖို့ဆိုရင် ချွေးစုပ်ပြီး လေဝင်လေထွက် ကောင်းစေမယ့် ချည်သား ပွပွလေးတွေကို ဝတ်ပေးတာကလည်း မိတ်သက်သာစေမယ့် နည်းလမ်းပါ။
ယပ်ခတ်ပါ
မိတ်သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ယပ်ခတ်တာ လေတိုက်ခံတာပါ။ လေအေးအေးလေးနဲ့ ထိတွေ့တာကလည်း မိတ်တွေကို သက်သာစေပြီး ယားယံတာကို သက်သာစေနိုင်မှာပါ။
ကဲ.. နွေရာသီမှာ ထွက်လာတဲ့ မိတ်တွေကို အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး အကောင်းဆုံး ဖြေရှင်းလိုက်ရအောင်လား။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
မိတ်ဆိုတာ
ကျောကုန်း
လည်ပင်း
ပေါင်ခြံ
ရေအေးဝတ် ကပ်ပါ
ကရမက်
ရှားစောင်းလက်ပပ်
ချည်သား အေးအေး ဝတ်ပါ
ယပ်ခတ်ပါ
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service