အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ပြုလုပ်ချုပ်ဆိုရန်အတွက် လိမ်လည်၍ မမှန်ကန်သော ကျမ်းကျိန်လွှာကို တင်ပြပြီး စာချုပ်ချုပ်ဆိုခြင်း

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ပြုလုပ်ချုပ်ဆိုရန်အတွက် လိမ်လည်၍ မမှန်ကန်သော ကျမ်းကျိန်လွှာကို တင်ပြပြီး စာချုပ်ချုပ်ဆိုခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
5 May 2022 12:50 pm တွင် တင်ခဲ့သည်
1240 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လိမ်လည်၍ မမှန်မကန် ကျမ်းကျိန်ခြင်း ဆောင်ရွက်ပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်ကိစ္စတွင် နစ်နာသူများက သိရှိပါက အဆိုပါ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို ဖျက်သိမ်းရန် တရားစွဲဆိုရမည်ဖြစ်သည့်အပြင် အောက်ပါအတိုင်းလဲ အရေးယူခြင်းဆောင်ရွက်နိုင် ပါသည်။

၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁ တွင် ဦးကိုင်လျှို(ခ) ဦးသန်းလင်းအောင်နှင့် နိုင်ငံတော်ပါ-၃၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဦးလောက်တာ ပါ-၂ ရာဇဝတ်ပြင်ဆင်မှု (၂)မှု တွင် အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။

လားရှိုးမြို့၊ (၈)ရပ်ကွက်၊ နယ်မြေ ၁၄၊ အကွက်အမှတ် ၂၂၊ ဦးပိုင်အမှတ် ၃-က မြေဧရိယာ ၀.၄၁၅ ဧကပေါ်ရှိ ခြံအမှတ် (၂၀) မြေကွက်နှင့် နေအိမ်သည် တရားလိုနှင့် တရားခံများ၏ မိခင် ဒေါ်ကျူလောက်ဟွေ အမည်ပေါက်ပိုင်ဆိုင်ကြောင်း၊ မိဘများဖြစ်ကြသော ဦးကျန်စီကောင်း၊ ဒေါ်ကျူလောက်ဟွေတို့ ကွယ်လွန် သောအခါ သက်ရှိထင်ရှားကျန်ရစ်သူ သားသမီးများဖြစ်ကြသည့် တရားလို ဦးကိုင်လျှို(ခ) ဦးသန်းလင်းအောင်၊ တရားခံ ဦးလောက်တာ၊ ဦးကြာယံဖူး (ခ) ဦးလောက်အယ်၊ မအလာရင်နှင့် မအပါရင်တို့ ငါးဦး အမွေဆိုင် အဖြစ်ကျန်ခဲ့ကြောင်း၊ အကိုအကြီး ဆုံးဖြစ်သော ဦးလောက်တာက လားရှိုးမြို့နယ်တရားရုံး၊ ဒုတိယမြို့နယ် တရားသူကြီးထံတွင် ကွယ်လွန်သူ ဦးကျန်စီကောင်း၊ ဒေါ်ကျူလောက်ဟွေတို့မှ ၎င်းတစ်ဦး တည်းသာ မွေးဖွားခဲ့သောသား အရင်းဖြစ်သည်ဟု ကျမ်းကျိန်လွှာဖြင့် ကျိန်ဆိုပြီး မြို့နယ်မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မှတ်ပုံတင်အရာရှိထံ အချင်းဖြစ်မြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အဦအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်ကို ၎င်းမှအပ အခြားအမွေဆက်ခံသူ တစ်ဦးတစ်ယောက်မျှမကျန်ရှိကြောင်း၊ ကွယ်လွန်သူဖခင် ဦးကျန်စီကောင်း၊ မိခင်ဒေါ်ကျူလောက်ဟွေတို့သည် ကိုးကန့်တရုတ် ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး ဦးလောက်တာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရရှိကြောင်း၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ကို မမှန်မကန်ပြုလုပ်ခဲ့သည့်အပြင် မိခင်ဒေါ်ကျူလောက်ဟွေ အမည်ပေါက်မြေဂရန်ကို ၎င်း၏ အမည်သို့ ပြောင်းလဲရန် တင်ပြခဲ့ကြောင်းပေါ်ပေါက်သည်။

ဦးလောက်တာက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ်ချုပ်ဆိုရန်အတွက် ကျမ်းကျိန်လွှာပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တရားခံဦးလောက်တာသည် တရားစီရင် သော မှုခင်းကိစ္စတွင် မမှန်သက်သေခံဖန်တီးသည်ဟု မဆိုနိုင်ဘဲ အခြားမှုခင်းကိစ္စတွင် မမှန်သက်သေခံ ဖန်တီးခြင်းသာ ဖြစ်ပေသည်။

မြေစာရင်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ဆောင်ရွက်ခြင်းသည် တရားရုံးအနေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ ၎င်းထံတွင် မမှန်သက်သေခံလျှင် သို့တည်းမဟုတ် မမှန်သက်သေကို တမင်ဖန်တီးလျှင် ရာဇသတ်ကြီးပုဒ်မ-၁၉၃ (ဒုတိယပိုင်း)နှင့်သာ အကျုံးဝင်သည်။ သို့ဖြစ်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(ခ)ပါ ပြဌာန်းချက်နှင့် အကျုံးမဝင်၊ တရားရုံး ၏စာဖြင့် ရေးသားတိုင်တန်ခြင်းမရှိဘဲ တရားရုံးက ရာဇသတ်ကြီးပုဒ်မ-၁၉၃ (ဒုတိယပိုင်း)အရ အရေးယူ နိုင်ခွင့်ရှိသည်ဟု ထုံးဖွဲ့ထားသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်မျိုးတွင် နစ်နာသူများဖြစ်သည့် ကျန်အမွေဆိုင်များသည် ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ-၁၉၃အရ တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်က မမှန်သက်သေခံခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ- ၁၉၃ အရ ခုနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို ဖျက်သိမ်းရန်အတွက် တရားမမှုစွဲဆိုခြင်း ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပြီးမှသာ တရားရုံးအမိန့်ဒီကရီဖြင့် မြေဂရန်တွင် တစ်ဦးတည်း အမည်ပေါက် ပြောင်းလဲထားခြင်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ျပဳလုပ္ခ်ဳပ္ဆိုရန္အတြက္ လိမ္လည္၍ မမွန္ကန္ေသာ က်မ္းက်ိန္လႊာကို တင္ျပၿပီး စာခ်ဳပ္ခ်ဳပ္ဆိုျခင္း

လိမ္လည္၍ မမွန္မကန္ က်မ္းက်ိန္ျခင္း ေဆာင္႐ြက္ၿပီး အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ ျပဳလုပ္ ခ်ဳပ္ဆိုသည့္ကိစၥတြင္ နစ္နာသူမ်ားက သိ႐ွိပါက အဆိုပါ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ကို ဖ်က္သိမ္းရန္ တရားစြဲဆိုရမည္ျဖစ္သည့္အျပင္ ေအာက္ပါအတိုင္းလဲ အေရးယူျခင္းေဆာင္႐ြက္ႏိုင္ ပါသည္။

၂၀၁၇ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊ စာမ်က္ႏွာ-၁ တြင္ ဦးကိုင္လွ်ိဳ(ခ) ဦးသန္းလင္းေအာင္ႏွင့္ ႏိုင္ငံေတာ္ပါ-၃၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏွင့္ ဦးေလာက္တာ ပါ-၂ ရာဇဝတ္ျပင္ဆင္မႈ (၂)မႈ တြင္ ေအာက္ပါအတိုင္း ဆုံးျဖတ္ထားပါသည္။

လား႐ိႈးၿမိဳ႕၊ (၈)ရပ္ကြက္၊ နယ္ေျမ ၁၄၊ အကြက္အမွတ္ ၂၂၊ ဦးပိုင္အမွတ္ ၃-က ေျမဧရိယာ ၀.၄၁၅ ဧကေပၚ႐ွိ ျခံအမွတ္ (၂၀) ေျမကြက္ႏွင့္ ေနအိမ္သည္ တရားလိုႏွင့္ တရားခံမ်ား၏ မိခင္ ေဒၚက်ဴေလာက္ေဟြ အမည္ေပါက္ပိုင္ဆိုင္ေၾကာင္း၊ မိဘမ်ားျဖစ္ၾကေသာ ဦးက်န္စီေကာင္း၊ ေဒၚက်ဴေလာက္ေဟြတို႔ ကြယ္လြန္ ေသာအခါ သက္႐ွိထင္႐ွားက်န္ရစ္သူ သားသမီးမ်ားျဖစ္ၾကသည့္ တရားလို ဦးကိုင္လွ်ိဳ(ခ) ဦးသန္းလင္းေအာင္၊ တရားခံ ဦးေလာက္တာ၊ ဦးၾကာယံဖူး (ခ) ဦးေလာက္အယ္၊ မအလာရင္ႏွင့္ မအပါရင္တို႔ ငါးဦး အေမြဆိုင္ အျဖစ္က်န္ခဲ့ေၾကာင္း၊ အကိုအႀကီး ဆုံးျဖစ္ေသာ ဦးေလာက္တာက လား႐ိႈးၿမိဳ႕နယ္တရား႐ုံး၊ ဒုတိယၿမိဳ႕နယ္ တရားသူႀကီးထံတြင္ ကြယ္လြန္သူ ဦးက်န္စီေကာင္း၊ ေဒၚက်ဴေလာက္ေဟြတို႔မွ ၎တစ္ဦး တည္းသာ ေမြးဖြားခဲ့ေသာသား အရင္းျဖစ္သည္ဟု က်မ္းက်ိန္လႊာျဖင့္ က်ိန္ဆိုၿပီး ၿမိဳ႕နယ္ေျမယာစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ မွတ္ပုံတင္အရာ႐ွိထံ အခ်င္းျဖစ္ေျမကြက္ႏွင့္ ေျမကြက္ေပၚ႐ွိ အေဆာက္အဦအပါအဝင္ အက်ိဳးခံစားခြင့္ အရပ္ရပ္ကို ၎မွအပ အျခားအေမြဆက္ခံသူ တစ္ဦးတစ္ေယာက္မွ်မက်န္ ႐ွိေၾကာင္း၊ ကြယ္လြန္သူဖခင္ ဦးက်န္စီေကာင္း၊ မိခင္ေဒၚက်ဴေလာက္ေဟြတို႔သည္ ကိုးကန္႔တ႐ုတ္ ဗုဒၶဘာသာကိုးကြယ္ၾကၿပီး ဦးေလာက္တာက ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒႏွင့္အညီ အေမြဆက္ခံပိုင္ဆိုင္ခြင့္ရ႐ွိေၾကာင္း၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းေၾကျငာစာခ်ဳပ္ကို မမွန္မကန္ျပဳလုပ္ခဲ့သည့္အျပင္ မိခင္ေဒၚက်ဴေလာက္ေဟြ အမည္ေပါက္ေျမဂရန္ကို ၎၏ အမည္သို႔ ေျပာင္းလဲရန္ တင္ျပခဲ့ေၾကာင္းေပၚေပါက္သည္။

ဦးေလာက္တာက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကျငာစာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ က်မ္းက်ိန္လႊာျပဳလုပ္ခဲ့ျခင္းသာျဖစ္ေၾကာင္း ေပၚေပါက္သျဖင့္ တရားခံဦးေလာက္တာသည္ တရားစီရင္ ေသာ မႈခင္းကိစၥတြင္ မမွန္သက္ေသခံဖန္တီးသည္ဟု မဆိုႏိုင္ဘဲ အျခားမႈခင္းကိစၥတြင္ မမွန္သက္ေသခံ ဖန္တီးျခင္းသာ ျဖစ္ေပသည္။

ေျမစာရင္းဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမႉးက ေဆာင္႐ြက္ျခင္းသည္ တရား႐ုံးအေနျဖင့္ ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ျပည္သူ႕ဝန္ထမ္းအေနျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္၍ ၎ထံတြင္ မမွန္သက္ေသခံလွ်င္ သို႔တည္းမဟုတ္ မမွန္သက္ေသကို တမင္ဖန္တီးလွ်င္ ရာဇသတ္ႀကီးပုဒ္မ-၁၉၃ (ဒုတိယပိုင္း)ႏွင့္သာ အက်ံဳးဝင္သည္။ သို႔ျဖစ္၍ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၁၉၅(၁)(ခ)ပါ ျပဌာန္း ခ်က္ႏွင့္ အက်ံဳးမဝင္၊ တရား႐ုံး ၏စာျဖင့္ ေရးသားတိုင္တန္ျခင္းမ႐ွိဘဲ တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ-၁၉၃ (ဒုတိယပိုင္း)အရ အေရးယူ ႏိုင္ခြင့္႐ွိသည္ဟု ထုံးဖြဲ႕ထားသည္။

ထို႔ေၾကာင့္ အဆိုပါျဖစ္စဥ္မ်ိဳးတြင္ နစ္နာသူမ်ားျဖစ္သည့္ က်န္အေမြဆိုင္မ်ားသည္ က်ဴးလြန္သူ အား ရာဇသတ္ႀကီးပုဒ္မ-၁၉၃အရ တရားစြဲဆိုႏိုင္ၿပီး ျပစ္ဒဏ္က မမွန္သက္ေသခံျခင္းအတြက္ ရာဇသတ္ႀကီးပုဒ္မ- ၁၉၃ အရ ခုႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးခ်မွတ္ခံရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ခံရႏိုင္ပါသည္။ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ကို ဖ်က္သိမ္းရန္အတြက္ တရားမမႈစြဲဆိုျခင္း ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ၿပီးမွသာ တရား႐ုံးအမိန္႔ဒီကရီျဖင့္ ေျမဂရန္တြင္ တစ္ဦးတည္း အမည္ေပါက္ ေျပာင္းလဲထားျခင္းအား ဖ်က္သိမ္းႏိုင္မည္ျဖစ္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service