ဖေဖေရွတ်၍ ရခဲ့သော နှလုံးသားလှသည့် ကဗျာများ

ဖေဖေရွတ်၍ ရခဲ့သော နှလုံးသားလှသည့် ကဗျာများ - Property Knowledge in Myanmar from iMyanmarHouse.com
3 May 2022 11:19 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဖေဖေသည် ကဗျာတွေစာတွေကို ရွတ်ဆိုရတာဝါသနာပါလှသည်။ဘာလို့ဒီလိုပြောရလည်းဆိုလျှင် ကျွန်တော်ညီအစ်ကိုတွေ ကလေးဘဝကျောင်းမတက်ခင်ကတည်းက ဖေဖေရွတ်ဆိုသဖြင့် ကဗျာတွေ တော်တော်များများရခဲ့ကြသည်။ပုံပြင်တွေတော်တော်များ သိခဲ့ကြသည်။

တခုတ်တရပဲလုပ်သလား။သင်ကြားမှုတစ်ခုအနေနဲ့လုပ်သလားမသိပါ။ညပိုင်းအနှိပ်ခံရင်း ကျွန်တော်တို့ကို ပုံပြင်ပြောပြသည်။

မနက်ပိုင်းကျွန်တော်တို့ အိပ်ရာမထသေးခင် ဖေဖေကတံမြတ်စည်းလှဲရင်း ကဗျာတွေရွတ်သည်။ ကျွန်တော်တို့ကို သီးခြားသင်ပေးတာတော့မဟုတ်။သူက အလုပ်လုပ်ရင်း ကဗျာတွေရွတ်ဆိုနေခြင်းသာဖြစ်သည်။ ကျွန်တော်တို့က အိပ်နေရင်းက ဖေဖေကဗျာရွတ်သံကိုကြားရသည်။တစ်ရက်မဟုတ် နှစ်ရက်မဟုတ်၊ လနှင့်နှစ်နှင့်ချီပြီး အကြိမ်ကြိမ်ရွတ်ဆိုနေရာ နားရည်ဝလာသော ကျွန်တော်တို့လည်း ဖေဖေရွတ်ဆိုသော ကဗျာတွေကို အလွတ်ရလာသည်။

လူအများသည် ကဗျာဆိုတာကို နှစ်သက်မှ အာဂုဏ်ဆောင်ထားတတ်ကြသည်။အာဂုဏ်ဆောင်ထားပြီး နှစ်သက်၍ အကြိမ်ကြိမ်ရွတ်ဆိုကြသည်။ထိုအခါကဗျာရဲ့အလှကလည်း ပိုပြီးရင်ထဲမှာပေါ်လွင်လာရသည်။

ဒါပေမယ့် ဖေဖေရွတ်ဆိုလို့ နားရည်ဝပြီးကျွန်တော်တို့ရခဲ့သည့် ကဗျာရှင်များကို ထိုစဉ်က ကျွန်တော်တို့ မသိခဲ့ပေ။ မေးမြန်းခဲ့ရကောင်းမှန်းလည်း အရွယ်အရမသိခဲ့ပေ။ ခေါင်းစဉ်များလည်းမသိခဲ့ပါဘူး။နောင်ခါကြမှ ဝါသနာအရ ရှာဖွေရင်း မိမိရခဲ့သည့်ကဗျာများကိုတွေ့ရာ ဪ ဒီကဗျာတွေရဲ့ခေါင်းစဉ်နဲ့ ဒီကဗျာပိုင်ရှင် တွေဟာ ဒီဆရာကြီးတွေပါလားလို့ သိခွင့်ရတော့သည်။

ကျွန်တော်တို့ညီအစ်ကို မောင်နှစ်မတတွေ အရွယ်ရောက်လာလို့ စားဝတ်နေရေးအတွက် သီးခြားအတက် ပညာများနှင့် အလုပ်လုပ်ကာ ရှာဖွေစားသောက်နေကြသော်လည်း ငယ်စဉ်ကရခဲ့သည့် ကဗျာတွေပုံပြင်တွေ ကတော့ နှလုံးသားထဲကနေ ပျောက်မသွားတော့ပေ။

ကဗျာလေးများ၏ စကားလုံးပုံရိပ်များသည် နှလုံးသားကိုအရိပ်ထင်နေပါသည်။ကဗျာလေးများ၏ အသံသာသာလေးများသည် နှလုံးသားတွင်ပဲ့တင်ထပ်နေပါသည်။ ကဗျာလေးများ၏အလှတရားကြောင့် လောကအလှတရားကိုလည်း မြင်တတ်လာပါသည်။

ထိုကဗျာတွေ အတော်များများသည် ကလေးကဗျာလေးတွေဖြစ်နေလေရာ အသံလည်းသာ နားဝင်လည်း ချိုလှသဖြင့် ကျွန်တော်တို့လည်းအကြိမ်ကြိမ် ပြန်ရွတ်ဆိုမိပါသည်။ကျွန်တော်တို့ရဲ့ရင်သွေးလေးတွေဟာလည်း ကျွန်တော်တို့ရဲ့ လက်ဆင့်ကမ်းမှုနှင့်အတူ သူတို့နှလုံးသားထဲမှာ ချစ်ဖွယ်မြတ်နိုးဖွယ်ကောင်းသော ကဗျာလေးများက သူတို့ရဲ့ ရင်ထဲတွင် တစ်ဖန်အမြစ် ထပ်တွယ်ကြပြန်ပါဦးမည်။

ပြော၍သာလွယ်သည် ဒီလိုအနေအထားမျိုးဖြစ်အောင် လုပ်ရသည်က မလွယ်ကူလှပါ။ မိသားစု စားဝတ်နေရေးတို့ဖြင့် အနားမရလှဘဲ မိုးလင်းကနေ မိုးချုပ်ထိ ရုန်းကန်နေကြရသည့် ဘဝတွေမှာ သားသမီးကို ရင်ခွင်ထဲထည့်ပြီး နွေးနွေးထွေးထွေးနှင့် ကဗျာရွတ်ပြ ပုံပြောပြဖို့ဆိုသည်က တကယ်ကိုမလွယ်လှပါ။

ဒါပေမယ့် မိသားစုတိုင်း ဒီဝတ္တရားလေးတွေကို နေ့စဉ်တာဝန်တခုပမာ လိုလိုချင်ချင် နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုးနှင့်လုပ်သင့်လှပါသည်။

နှလုံးသားဆိုသည်က နူးညံ့နိုင်မှ လောကလူ့ဘောင်နှင့်ကမ္ဘာကြီးလည်း လှပအေးချမ်းနိုင်ပါမည်။ ဒီလိုနှလုံးသား နူးညံ့ဖို့ ဆိုသည်က ကလေးသူငယ်များ၏ နှလုံးသားကို အရင်ဆုံးကျွန်တော်တို့ လှပအောင်ဖန်တီးပေးကြရမည်ဖြစ်သည်။ ဒီလိုဖန်တီးနိုင်ဖို့က ကလေးကဗျာတွေ ပုံပြင်တွေက အထိရောက်ဆုံးဆိုတာကိုတော့ ငြင်းကြမည်မထင်ပါ။

ယခုအခါ စာအုပ်တိုက်တော်တော်များသည် နာမည်ကြီးခဲ့သည့် ကဗျာဆရာကြီးများ၏ ကဗျာစာအုပ်များကို ပေါင်းချုပ်လုပ်ပြီး အသစ်ရိုက်နှိပ်ကြရာ ယခင်ကကဲ့သို့ရှာဖွေရမခက်တော့ပဲ အလွယ်တကူဝယ်ယူနိုင်ကြပါပြီ။

ဆရာကြီးမင်းသုဝဏ်၊ဆရာမကြီးနုယဉ်၊ဆရာကြီးတင်မိုး၊မြေလတ်မောင်မြင့်သူ..စသဖြင့် ကဗျာဆရာကြီးတို့၏ ကဗျာပေါင်းချုပ်တို့လည်း ပြန်လည်ထွက်လာပြီးဖြစ်သည်။ပုံပြင်စာအုပ်များလည်း ပြန်လည်ထွက်လာပြီဖြစ်ရာ သားသမီးတို့အတွက် နှလုံးသားလှစေဖို့ နေ့စဉ်အချိန်လေးတွေပေးပြီး အသံနေအသံထားဖြင့် ရွတ်ဆို ဖတ်ပြ သင့်လှပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဖေဖရြတ္၍ ရခဲ့ေသာ ႏွလုံးသားလွသည့္ ကဗ်ာမ်ား

 

ေဖေဖသည္ ကဗ်ာေတြစာေတြကို ရြတ္ဆိုရတာဝါသနာပါလွသည္။ဘာလို႔ဒီလိုေျပာရလည္းဆိုလွ်င္ ကၽြန္ေတာ္ညီအစ္ကိုေတြ ကေလးဘဝေက်ာင္းမတက္ခင္ကတည္းက ေဖေဖရြတ္ဆိုသျဖင့္ ကဗ်ာေတြ ေတာ္ေတာ္မ်ားမ်ားရခဲ့ၾကသည္။ပုံျပင္ေတြေတာ္ေတာ္မ်ား သိခဲ့ၾကသည္။

တခုတ္တရပဲလုပ္သလား။သင္ၾကားမႈတစ္ခုအေနနဲ႔လုပ္သလားမသိပါ။ညပိုင္းအႏွိပ္ခံရင္း ကၽြန္ေတာ္တို႔ကို ပုံျပင္ေျပာျပသည္။

မနက္ပိုင္းကြၽန္ေတာ္တို႔ အိပ္ရာမထေသးခင္ ေဖေဖကတံျမတ္စည္းလွဲရင္း ကဗ်ာေတြ႐ြတ္သည္။ ကြၽန္ေတာ္တို႔ကို သီးျခားသင္ေပးတာေတာ့မဟုတ္။သူက အလုပ္လုပ္ရင္း ကဗ်ာေတြ႐ြတ္ဆိုေနျခင္းသာျဖစ္သည္။ ကြၽန္ေတာ္တို႔က အိပ္ေနရင္းက ေဖေဖကဗ်ာ႐ြတ္သံကိုၾကားရသည္။တစ္ရက္မဟုတ္ ႏွစ္ရက္မဟုတ္၊ လႏွင့္ႏွစ္ႏွင့္ခ်ီၿပီး အႀကိမ္ႀကိမ္႐ြတ္ဆိုေနရာ နားရည္ဝလာေသာ ကြၽန္ေတာ္တို႔လည္း ေဖေဖ႐ြတ္ဆိုေသာ ကဗ်ာေတြကို အလြတ္ရလာသည္။

လူအမ်ားသည္ ကဗ်ာဆိုတာကို ႏွစ္သက္မွ အာဂုဏ္ေဆာင္ထားတတ္ၾကသည္။အာဂုဏ္ေဆာင္ထားၿပီး ႏွစ္သက္၍ အႀကိမ္ႀကိမ္ရြတ္ဆိုၾကသည္။ထိုအခါကဗ်ာရဲ႕အလွကလည္း ပိုၿပီးရင္ထဲမွာေပၚလြင္လာရသည္။

ဒါေပမယ့္ ေဖေဖရြတ္ဆိုလို႔ နားရည္ဝၿပီးကၽြန္ေတာ္တို႔ရခဲ့သည့္ ကဗ်ာရွင္မ်ားကို ထိုစဥ္က ကၽြန္ေတာ္တို႔ မသိခဲ့ေပ။ ေမးျမန္းခဲ့ရေကာင္းမွန္းလည္း အရြယ္အရမသိခဲ့ေပ။ ေခါင္းစဥ္မ်ားလည္းမသိခဲ့ပါဘူး။ေနာင္ခါၾကမွ ဝါသနာအရ ရွာေဖြရင္း မိမိရခဲ့သည့္ကဗ်ာမ်ားကိုေတြ႔ရာ ဪ ဒီကဗ်ာေတြရဲ႕ေခါင္းစဥ္နဲ႔ ဒီကဗ်ာပိုင္ရွင္ ေတြဟာ ဒီဆရာႀကီးေတြပါလားလို႔ သိခြင့္ရေတာ့သည္။

ကြ်န္ေတာ္တို႔ညီအစ္ကို ေမာင္ႏွစ္မတေတြ အရြယ္ေရာက္လာလို႔ စားဝတ္ေနေရးအတြက္ သီးျခားအတက္ ပညာမ်ားႏွင့္ အလုပ္လုပ္ကာ ရွာေဖြစားေသာက္ေနၾကေသာ္လည္း ငယ္စဥ္ကရခဲ့သည့္ ကဗ်ာေတြပုံျပင္ေတြ ကေတာ့ ႏွလုံးသားထဲကေန ေပ်ာက္မသြားေတာ့ေပ။

ကဗ်ာေလးမ်ား၏ စကားလုံးပုံရိပ္မ်ားသည္ ႏွလုံးသားကိုအရိပ္ထင္ေနပါသည္။ကဗ်ာေလးမ်ား၏ အသံသာသာေလးမ်ားသည္ ႏွလုံးသားတြင္ပဲ့တင္ထပ္ေနပါသည္။ ကဗ်ာေလးမ်ား၏အလွတရားေၾကာင့္ ေလာကအလွတရားကိုလည္း ျမင္တတ္လာပါသည္။

ထိုကဗ်ာေတြ အေတာ္မ်ားမ်ားသည္ ကေလးကဗ်ာေလးေတြျဖစ္ေနေလရာ အသံလည္းသာ နားဝင္လည္း ခ်ိဳလွသျဖင့္ ကၽြန္ေတာ္တို႔လည္းအႀကိမ္ႀကိမ္ ျပန္ရြတ္ဆိုမိပါသည္။ကၽြန္ေတာ္တို႔ရဲ႕ရင္ေသြးေလးေတြဟာလည္း ကၽြန္ေတာ္တို႔ရဲ႔ လက္ဆင့္ကမ္းမႈႏွင့္အတူ သူတို႔ႏွလုံးသားထဲမွာ ခ်စ္ဖြယ္ျမတ္ႏိုးဖြယ္ေကာင္းေသာ ကဗ်ာေလးမ်ားက သူတို႔ရဲ႕ ရင္ထဲတြင္ တစ္ဖန္အျမစ္ ထပ္တြယ္ၾကျပန္ပါဦးမည္။

ေျပာ၍သာလြယ္သည္ ဒီလိုအေနအထားမ်ိဳးျဖစ္ေအာင္ လုပ္ရသည္က မလြယ္ကူလွပါ။ မိသားစု စားဝတ္ေနေရးတို႔ျဖင့္ အနားမရလွဘဲ မိုးလင္းကေန မိုးခ်ဳပ္ထိ ရုန္းကန္ေနၾကရသည့္ ဘဝေတြမွာ သားသမီးကို ရင္ခြင္ထဲထည့္ၿပီး ေႏြးေႏြးေထြးေထြးႏွင့္ ကဗ်ာရြတ္ျပ ပုံေျပာျပဖို႔ဆိုသည္က တကယ္ကိုမလြယ္လွပါ။

ဒါေပမယ့္ မိသားစုတိုင္း ဒီဝတၱရားေလးေတြကို ေန႔စဥ္တာဝန္တခုပမာ လိုလိုခ်င္ခ်င္ ႏွစ္ႏွစ္ကာကာ ျမတ္ျမတ္ႏိုးႏိုးႏွင့္လုပ္သင့္လွပါသည္။

ႏွလုံးသားဆိုသည္က ႏူးညံ့ႏိုင္မွ ေလာကလူ႔ေဘာင္ႏွင့္ကမၻာႀကီးလည္း လွပေအးခ်မ္းႏိုင္ပါမည္။ ဒီလိုႏွလုံးသား ႏူးညံ့ဖို႔ ဆိုသည္က ကေလးသူငယ္မ်ား၏ ႏွလုံးသားကို အရင္ဆုံးကၽြန္ေတာ္တို႔ လွပေအာင္ဖန္တီးေပးၾကရမည္ျဖစ္သည္။ ဒီလိုဖန္တီးႏိုင္ဖို႔က ကေလးကဗ်ာေတြ ပုံျပင္ေတြက အထိေရာက္ဆုံးဆိုတာကိုေတာ့ ျငင္းၾကမည္မထင္ပါ။

ယခုအခါ စာအုပ္တိုက္ေတာ္ေတာ္မ်ားသည္ နာမည္ႀကီးခဲ့သည့္ ကဗ်ာဆရာႀကီးမ်ား၏ ကဗ်ာစာအုပ္မ်ားကို ေပါင္းခ်ဳပ္လုပ္ၿပီး အသစ္ရိုက္ႏွိပ္္ၾကရာ ယခင္ကကဲ့သို႔ရွာေဖြရမခက္ေတာ့ပဲ အလြယ္တကူဝယ္ယူႏိုင္ၾကပါၿပီ။

ဆရာႀကီးမင္းသုဝဏ္၊ဆရာမႀကီးႏုယဥ္၊ဆရာႀကီးတင္မိုး၊ေျမလတ္ေမာင္ျမင့္သူ..စသျဖင့္ ကဗ်ာဆရာႀကီးတို႔၏ ကဗ်ာေပါင္းခ်ဳပ္တို႔လည္း ျပန္လည္ထြက္လာၿပီးျဖစ္သည္။ပုံျပင္စာအုပ္မ်ားလည္း ျပန္လည္ထြက္လာၿပီျဖစ္ရာ သားသမီးတို႔အတြက္ ႏွလုံးသားလွေစဖို႔ ေန႔စဥ္အခ်ိန္ေလးေတြေပးၿပီး အသံေနအသံထားျဖင့္ ရြတ္ဆို ဖတ္ျပ သင့္လွပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service