မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက် သားသမီးတစ်ဦးဦးသည် မိဘအရင်ဦးစွာ ကွယ်လွန်လျှင် ကွယ်လွန်သူရဲ့သားသမီးတွေက အမွေဝေစုကို မိသားစုစီမံမှု့အတိုင်းရ/မရ

မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက် သားသမီးတစ်ဦးဦးသည် မိဘအရင်ဦးစွာ ကွယ်လွန်လျှင် ကွယ်လွန်သူရဲ့သားသမီးတွေက အမွေဝေစုကို မိသားစုစီမံမှု့အတိုင်းရ/မရ - Property Knowledge in Myanmar from iMyanmarHouse.com
29 Apr 2022 10:49 am တွင် တင်ခဲ့သည်
1834 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှုပြုလုပ်ခြင်းမှာ မိဘများသက်ရှိထင်ရှားရှိစဉ် နောင်တစ်ချိန်တွင် အမွေကိစ္စအငြင်းမပွားကြစေဘဲ ပစ္စည်းရှင်ကွယ်လွန်သောအခါ သားသမီးများကို အမွေပစ္စည်းကို မည်ကဲ့သို့ခွဲဝေကြရန်အတွက် ပစ္စည်းရှင်ဖြစ်သော မိဘများနှင့် သားသမီးအားလုံးက ပြုလုပ်သော သဘောတူညီချက် ပဋိညာဉ်စာချုပ်ဖြစ်ပါသည်။ မိသားစုစီမံမှုမှာ ချက်ချင်းလက်ငင်း မိဘပစ္စည်းကိုခွဲဝေယူခြင်း မဟုတ်ပါ။ အနာဂါတ်အတွက် ကြိုတင်စီမံမှုသာဖြစ်ပါသည်။

မိသားစုစီမံမှုစာချုပ်ကိုပြုလုပ်ချုပ်ဆိုရာတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း ကျပ်တစ်သိန်း အထက်တန်ဘိုးရှိ ပစ္စည်းပါဝင်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင်ပါမည်။ မိသားစုစီမံမှု စာချုပ်မှာ လတ်တလောအကျိုးသက်ရောက်မှုမရှိဘဲ၊ အမွေရှင် မိဘများကွယ်လွန်ပြီးမှသာ အကျိုးသက်ရောက်မှုရှိပါသည်။

မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက် သားသမီးတစ်ဦးဦးသည် မိဘအရင်ဦးစွာ ကွယ်လွန် လျှင် ကွယ်လွန်သူရဲ့သားသမီးတွေက အမွေဝေစုကို မိသားစုစီမံမှု့အတိုင်းရ/မရ ဆိုသည့်ကိစ္စကို ဥပမာပေး၍ဖြေရမည်ဆိုလျှင်-

ဖခင်ကွယ်လွန်ပြီးနောက် မိခင်နှင့်သားသမီး ၃ ယောက်ကျန်ရှိခဲ့သည်။ မိသားစုစီမံမှုစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မိခင်မကွယ်လွန်မီ သားအလတ်ကွယ်လွန်သွားပြီးထိုသားတွင် သားသမီး(၃)ဦး ကျန်ရစ်ခဲ့ပါသည်။ ယခုအခါအမွေရှင်မိခင်ကြီးကွယ်လွန်သွားသဖြင့် အမွေခွဲဝေကြရာ အငြင်းပွားမှုပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အရ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်ကွယ်လွန်ပြီးနောက်မှသာ အမွေဆက်ခံခွင့်ပေါ်ပေါက်သည့်အအတွက် မိသားစုစီမံမှု့စာချုပ်ချုပ်ဆိုထားသော်လည်း မိဘများ သက်ရှိထင်ရှားရှိစဉ် မိသားစုစီမံမှုစာချုပ်ကို အကြောင်းပြု၍ အမွေခွဲပေးရန်တောင်းဆိုခွင့်မရှိခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မိသားစုစီမံမှုစာချုပ်ပြုလုပ်ထားသော်လည်း မိဘထက်ဦးစွာကွယ်လွန်သည့် သားသမီးများက မွေးဖွားသူများသည် အမွေမမှီမြေးသာဖြစ်၍ ဦးလေး၊ အဒေါ်၊ ဘကြီး၊ ဘထွေးတို့ နှင့်ထပ်တူ အမွေရခွင့်မရှိဘဲ အမွေမမှီမြေးဝေစုသာရခွင့်ရှိပါမည်။ ဦးလေး၊ အဒေါ် အစရှိသည်တို့နှင့် တန်းတူအမွေရခွင့်ရှိမည်မဟုတ်ပါ။ မိသားစုစီမံမှု့စာချုပ်သည် လတ်တလောအမွေခွဲဝေခြင်း မဟုတ် ဘဲ နောင်အနာဂါတ်ကာလအတွက် ပြုလုပ်ခြင်းဖြစ်၍ ကြားကာလ၌ပေါ်ပေါက်လာသည့် မိသားစု အတွင်းအပြောင်းအလဲများပေါ်မူတည်၍ အမွေဝေစုများလည်းပြောင်းလဲသွားနိုင်သည်ကို သတိပြု ရမည်ဖြစ်ပါသည်။

ထိုကြောင့် မိဘထကဦးစွာကွယ်လွန်သွားသည့်သားမှ ကျန်ရစ်သည့်မြေးသုံးယောက်သည် ဖခင်သက်ရှိထင်ရှားရှိလျှင်ရရှိမည့် အမွေဝေစု၏ ၄ပုံ ၁ပုံကိုသာ ရရှိမည်ဖြစ်ပါသည်။ မိသားစုစီမံမှု စာချုပ်အတိုင်းရရှိနိုင်မည်မဟုတ်ပါ။

အလားတူပင် မိသားစုစီမံမှုပြုလုပ်ပြီးနောက် ကျန်ရစ်သူမိဘနောက်ထပ်အိမ်ထောင်ပြုသွား လျင်လည်း မိသားစုစီမံမှုစာချုပ်ပါ အခွင့်အရေးများမှာ ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service