အိမ်ခြံမြေဝယ်ယူရာတွင် ၁၀ပေ x ပေ၆၀ မြေကွက်လုံးခြင်းကို ဝယ်မည်ဆိုလျှင် တရားဝင်ပိုင်ဆိုင်မှုရှိပါသလား

အိမ်ခြံမြေဝယ်ယူရာတွင် ၁၀ပေ x ပေ၆၀ မြေကွက်လုံးခြင်းကို ဝယ်မည်ဆိုလျှင် တရားဝင်ပိုင်ဆိုင်မှုရှိပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2022 11:19 am တွင် တင်ခဲ့သည်
2946 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေဝယ်ယူရာတွင် ၁၀ပေ x ပေ၆၀ မြေကွက်လုံးခြင်းကို ဝယ်မည်ဆိုလျှင် မိမိဝယ်ယူသည့် မြေကွက်ဧရိယာအတိုင်းတော့ တရားဝင်ခွဲစိတ်လို့ မရပါဘူး။ သို့ပေမဲ့ တရားဝင်ပိုင်ဆိုင်ခွင့်ရအောင်တော့ ဆောင်ရွက်၍ရပါသည်။

တရားဝင်မြေကွက် ခွဲစိတ်လို့မရဘူးဆိုတာက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာနည်းဥပဒေအရ ခွဲစိတ်ရန်လျှောက်ထားသော မြေကွက် တစ်ကွက်၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး ၁၂၀၀ စတုရန်းပေရှိရမည်ဖြစ်ပြီး ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံးပေ၂၀ ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက်မျက်နှာစာမှာလဲ အနည်းဆုံး ပေ၂၀ ရှိမှသာ မြေကွက်ခွဲစိတ်ခွင့်ပြုနိုင်မည်ဖြစ်သည်။

ဧရိယာ စတုရန်းပေ ၁၂၀၀ အောက် မြေကွက်ကို ခွဲစိတ်ပေးခွင့်မရှိဘူး။ ထို့ကြောင့် ၁၀ပေ x ပေ၆၀ မြေကွက်ဟာ ဧရိယာ စတုရန်းပေ ၆၀၀သာရှိတဲ့အတွက် မြေကွက်ခွဲစိတ်မရသည့်အတွက် အဆိုပါ ဧရိယာအတွက် သီးခြားမြေပုံမထွက်သလို သီးခြားဂရန်လည်းမထွက်ပါဘူး။

မူလ မြေငှားစာချုပ်(ဂရန်) ဧရိယာ ပေ၄၀ x ပေ၆၀ မြေကွက်တွေကို ပေ၂၀ x ပေ၆ဝ အဖြစ် နှစ်ကွက်ခွဲစိတ်ပြီး တရားဝင်ရောင်းချကြပါသည်။ ဥပဒေနဲ့ညီညွတ်တဲ့အတွက် ဂရန်ကိုလည်း အဆိုပါ မြေကွက်နှစ်ကွက်အတွက် သီးခြားမြေငှားစာချုပ်(ဂရန်) (၂)အုပ်ထွက်ရှိပြီး မြေကွက်နံပါတ် တစ်ခုစီအဖြစ် ခွဲထွက်ထုတ်ပေးပါသည်။

၁၀ပေ x ပေ၆၀ ဝယ်ယူခြင်းသည် မြေကိုခွဲစိတ်၍ မရတဲ့အတွက် ဂရန်တွင် ဝယ်သူရဲ့ အမည်သို့ ပြောင်းလဲ၍မရပါဘူး။ မူလဂရန်အမည်ပေါက်ဆီက ဝယ်ထားပေမယ့် ဂရန်အမည် မပြောင်းထားတဲ့ မြေကွက်တွေဆိုရင် အခက်အခဲတွေ့နိုင်ပါသည်။

ဥပမာ - ပေ၂၀ x ပေ၆၀ မြေကွက်ကို မူလဂရန်အမည်ပေါက်ဆီမှ တစ်ဦးတစ်ယောက်က ဝယ်ထားပါတယ်။ ဒါပေမယ့် ဝယ်ယူသူက အမည်ပေါက် ပြောင်းမထားဘူး။ အရပ်စာချုပ်ဖြင့် ဝယ်ယူထားသည်။ အဆိုပါ ပုဂ္ဂိုလ်က နောက်တစ်ဦးကို ထပ်ရောင်းမယ်။ ဒုတိယအကြိမ်ဝယ်သူကလည်း မြေ အမည်ပေါက်မပြောင်းဘူး။ ဒါပေမယ့် သူက ငွေလိုတယ်ဆိုပြီး ပေ၂၀ x ပေ၆၀ မြေကွက်ကို ၁၀ပေx ပေ၆၀ မြေခွဲရောင်းတယ်။ အဲဒီမှာတော့ ၁၀ပေ x ပေ၆၀ မြေကွက် ဝယ်သူအနေနဲ့ တရားဝင် ပိုင်ဆိုင်မှုအတွက် အခက်အခဲရှိလာနိုင်ပါသည်။

ရောင်းသူအဆင့်ဆင့်ကိုယ်တိုင်ကလည်း ဂရန်အမည်မပေါက်ဘူး။ အရပ်စာချုပ် အဆင့်ဆင့်နဲ့ပဲ ဝယ်ခဲ့ကြတယ် လက်ရောက်ရယူ နေထိုင်ကြတာဖြစ်တဲ့အတွက် အချင်းချင်းပြေလည် နေကြမယ်။ အမွေဆက်ခံခွင့်တွေ အငြင်းပွားမှုမရှိကြဘဲ ပြဿနာတစ်စုံတစ်ရာမဖြစ်ရင်တော့ အဆင်ပြေနေပါမှာပါ။ ဒါပေမယ့်အကြောင်း တစ်ခုခုကြောင့် မြေပိုင်ဆိုင်မှုတစ်စုံတစ်ရာ အငြင်းပွားမှု ဖြစ်လာရင်တော့ ဥပဒေနဲ့အညီ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားတာ မဟုတ်သည့်အတွက် အရှုပ်အထွေးကို ဖြေရှင်းရမှာဖြစ်ပါသည်။

အကယ်၍ ရောင်းသူအမည်‌ပေါက် ပေ၂၀ x ပေ၆ဝ အနက်မှ ၁၀ပေ x ပေ၆ဝကို ရောင်းချ ခြင်းဖြစ်လျှင် ဂရန်အမည်ပေါက်ကိုယ်တိုင်ရောင်းတာဖြစ်တဲ့အတွက် တရားဝင်အ‌ရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ကို စာချုပ်စာတမ်းရုံးမှာ ပေ၂၀ x ပေ၆၀ မြေကွက်ထဲမှ မခွဲစိတ်ရသေးသော မြေ ၁၀ပေ x ပေ၆၀ ကို ဝယ်ယူကြောင်း မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ဝယ်ယူမည်ဆိုလျှင် ခိုင်မာပါမည်။

ရောင်းသူဖြစ်သည့် ဂရန်အမည်ပေါက်သူကိုယ်တိုင်မှ ပေ၂၀ x ပေ၆၀ မြေကွက်မြေပုံကို အရောင်းမြေပုံထုတ်ပေးရန် သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှာ လျှောက်ထားရပါမည်။ ထိုသို့လျှောက်ထားသည့်အခါ အရောင်းမြေပုံတွင် ပေ၂၀ x ပေ၆၀ အဖြစ်သာ ထွက်ရှိလာမှာဖြစ်ပါသည်။ အဲဒီ ပေ၂၀ x ပေ၆၀ မြေကွက်မြေပုံမှာ ၁၀ပေ x ပေ၆၀ မြေကွက်ပုံစံအလယ်မှ မျဉ်းသားပြီး အရောင်ခြယ်ကာ၊ ယင်းအရောင်ခြယ်ထားသော မခွဲစိတ်ရသေးသည့် မြေကွက် ၁၀ပေ x ပေ၆၀ ကို ရောင်းချခြင်းဖြစ်ကြောင်း မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ ရပါသည်။

ထိုသို့ ဆိုလျှင် ၁၀ပေ x ပေ၆၀ မြေကွက် ဝယ်ယူခြင်းအတွက် ဂရန်မူရင်းမရရှိသော်လည်း ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းပြည့်စုံသွားမှာဖြစ်ပါသည်။ နောင်တစ်ချိန် ပြန်လည် ရောင်းချလိုသည့်အခါတွင်လည်း အခက်အခဲမရှိဘဲ ရောင်းချနိုင်မှာဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမဝယ္ယူရာတြင္ ၁၀ေပ x ေပ၆၀ ေျမကြက္လုံးျခင္းကို ဝယ္မည္ဆိုလွ်င္ တရားဝင္ပိုင္ဆိုင္မႈ႐ွိပါသလား

 

အိမ္ျခံေျမဝယ္ယူရာတြင္ ၁၀ေပ x ေပ၆၀ ေျမကြက္လုံးျခင္းကို ဝယ္မည္ဆိုလွ်င္ မိမိဝယ္ယူသည့္ ေျမကြက္ဧရိယာအတိုင္းေတာ့ တရားဝင္ခြဲစိတ္လို႔ မရပါဘူး။ သို႔ေပမဲ့ တရားဝင္ပိုင္ဆိုင္ခြင့္ရေအာင္ေတာ့ ေဆာင္႐ြက္၍ရပါသည္။

တရားဝင္ေျမကြက္ ခြဲစိတ္လို႔မရဘူးဆိုတာက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ လုပ္ထုံးလုပ္နည္းဆိုင္ရာနည္းဥပေဒအရ ခြဲစိတ္ရန္ေလွ်ာက္ထားေသာ ေျမကြက္ တစ္ကြက္၏ စုစုေပါင္းဧရိယာသည္ အနည္းဆုံး ၁၂၀၀ စတုရန္းေပ႐ွိရမည္ျဖစ္ၿပီး ခြဲစိတ္ရန္ ေလွ်ာက္ထားေသာ ေျမကြက္အတိုင္းအတာသည္ မ်က္ႏွာစာတြင္ အနည္းဆုံးေပ၂၀ ႐ွိရမည္ျဖစ္ၿပီး က်န္႐ွိေျမကြက္မ်က္ႏွာစာမွာလဲ အနည္းဆုံး ေပ၂၀ ႐ွိမွသာ ေျမကြက္ခြဲစိတ္ခြင့္ျပဳႏိုင္မည္ျဖစ္သည္။

ဧရိယာ စတုရန္းေပ ၁၂၀၀ ေအာက္ ေျမကြက္ကို ခြဲစိတ္ေပးခြင့္မ႐ွိဘူး။ ထို႔ေၾကာင့္ ၁၀ေပ x ေပ၆၀ ေျမကြက္ဟာ ဧရိယာ စတုရန္းေပ ၆၀၀ သာ႐ွိတဲ့အတြက္ ေျမကြက္ခြဲစိတ္မရသည့္အတြက္ အဆိုပါ ဧရိယာအတြက္ သီးျခားေျမပုံမထြက္သလို သီးျခားဂရန္လည္းမထြက္ပါဘူး။

မူလ ေျမငွားစာခ်ဳပ္(ဂရန္) ဧရိယာ ေပ၄၀ x ေပ၆၀ ေျမကြက္ေတြကို ေပ၂၀ x ေပ၆ဝ အျဖစ္ ႏွစ္ကြက္ခြဲစိတ္ၿပီး တရားဝင္ေရာင္းခ်ၾကပါသည္။ ဥပေဒနဲ႔ညီၫြတ္တဲ့အတြက္ ဂရန္ကိုလည္း အဆိုပါ ေျမကြက္ႏွစ္ကြက္အတြက္ သီးျခားေျမငွားစာခ်ဳပ္(ဂရန္) (၂)အုပ္ထြက္႐ွိၿပီး ေျမကြက္နံပါတ္ တစ္ခုစီ အျဖစ္ ခြဲထြက္ထုတ္ေပးပါသည္။

၁၀ေပ x ေပ၆၀ ဝယ္ယူျခင္းသည္ ေျမကိုခြဲစိတ္၍ မရတဲ့အတြက္ ဂရန္တြင္ ဝယ္သူရဲ႕ အမည္သို႔ ေျပာင္းလဲ၍မရပါဘူး။ မူလဂရန္အမည္ေပါက္ဆီက ဝယ္ထားေပမယ့္ ဂရန္အမည္ မေျပာင္းထားတဲ့ ေျမကြက္ေတြဆိုရင္ အခက္အခဲေတြ႕ႏိုင္ပါသည္။

ဥပမာ - ေပ၂၀ x ေပ၆၀ ေျမကြက္ကို မူလဂရန္အမည္ေပါက္ဆီမွ တစ္ဦးတစ္ေယာက္က ဝယ္ထားပါတယ္။ ဒါေပမယ့္ ဝယ္ယူသူက အမည္ေပါက္ ေျပာင္းမထားဘူး။ အရပ္စာခ်ဳပ္ျဖင့္ ဝယ္ယူထားသည္။ အဆိုပါ ပုဂၢိဳလ္က ေနာက္တစ္ဦးကို ထပ္ေရာင္းမယ္။ ဒုတိယအႀကိမ္ဝယ္သူကလည္း ေျမ အမည္ေပါက္မေျပာင္းဘူး။ ဒါေပမယ့္ သူက ေငြလိုတယ္ဆိုၿပီး ေပ၂၀ x ေပ၆၀ ေျမကြက္ကို ၁၀ေပx ေပ၆၀ ေျမခြဲေရာင္းတယ္။ အဲဒီမွာေတာ့ ၁၀ေပ x ေပ၆၀ ေျမကြက္ ဝယ္သူအေနနဲ႔ တရားဝင္ ပိုင္ဆိုင္မႈအတြက္ အခက္အခဲ႐ွိလာႏိုင္ပါသည္။

ေရာင္းသူအဆင့္ဆင့္ကိုယ္တိုင္ကလည္း ဂရန္အမည္မေပါက္ဘူး။ အရပ္စာခ်ဳပ္ အဆင့္ဆင့္နဲ႔ပဲ ဝယ္ခဲ့ၾကတယ္ လက္ေရာက္ရယူ ေနထိုင္ၾကတာျဖစ္တဲ့အတြက္ အခ်င္းခ်င္းေျပလည္ ေနၾကမယ္။ အေမြဆက္ခံခြင့္ေတြ အျငင္းပြားမႈမ႐ွိၾကဘဲ ျပႆနာတစ္စုံတစ္ရာမျဖစ္ရင္ေတာ့ အဆင္ေျပေနပါမွာပါ။ ဒါေပမယ့္အေၾကာင္း တစ္ခုခုေၾကာင့္ ေျမပိုင္ဆိုင္မႈတစ္စုံတစ္ရာ အျငင္းပြားမႈ ျဖစ္လာရင္ေတာ့ ဥပေဒနဲ႔အညီ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာ မဟုတ္သည့္အတြက္ အ႐ႈပ္အေထြးကို ေျဖ႐ွင္းရမွာျဖစ္ပါသည္။

အကယ္၍ ေရာင္းသူအမည္‌ေပါက္ ေပ၂၀ x ေပ၆ဝ အနက္မွ ၁၀ေပ x ေပ၆ဝကို ေရာင္းခ် ျခင္းျဖစ္လွ်င္ ဂရန္အမည္ေပါက္ကိုယ္တိုင္ေရာင္းတာျဖစ္တဲ့အတြက္ တရားဝင္အ‌ေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ကို စာခ်ဳပ္စာတမ္း႐ုံးမွာ ေပ၂၀ x ေပ၆၀ ေျမကြက္ထဲမွ မခြဲစိတ္ရေသးေသာ ေျမ ၁၀ေပ x ေပ၆၀ ကို ဝယ္ယူေၾကာင္း မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဝယ္ယူမည္ ဆိုလွ်င္ ခိုင္မာပါမည္။

ေရာင္းသူျဖစ္သည့္ ဂရန္အမည္ေပါက္သူကိုယ္တိုင္မွ ေပ၂၀ x ေပ၆၀ ေျမကြက္ေျမပုံကို အေရာင္းေျမပုံထုတ္ေပးရန္ သက္ဆိုင္ရာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေျမယာဌာနမွာ ေလွ်ာက္ထားရပါမည္။ ထိုသို႔ေလွ်ာက္ထားသည့္အခါ အေရာင္းေျမပုံတြင္ ေပ၂၀ x ေပ၆၀ အျဖစ္သာ ထြက္႐ွိလာမွာျဖစ္ပါသည္။ အဲဒီ ေပ၂၀ x ေပ၆၀ ေျမကြက္ေျမပုံမွာ ၁၀ေပ x ေပ၆၀ ေျမကြက္ပုံစံအလယ္မွ မ်ဥ္းသားၿပီး အေရာင္ျခယ္ကာ၊ ယင္းအေရာင္ျခယ္ထားေသာ မခြဲစိတ္ရေသးသည့္ ေျမကြက္ ၁၀ေပ x ေပ၆၀ ကို ေရာင္းခ်ျခင္းျဖစ္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္စာတမ္း႐ုံးတြင္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆို၍ ရပါသည္။

ထိုသို႔ ဆိုလွ်င္ ၁၀ေပ x ေပ၆၀ ေျမကြက္ ဝယ္ယူျခင္းအတြက္ ဂရန္မူရင္းမရ႐ွိေသာ္လည္း ပိုင္ဆိုင္မႈ အေထာက္အထားစာ႐ြက္စာတမ္းျပည့္စုံသြားမွာျဖစ္ပါသည္။ ေနာင္တစ္ခ်ိန္ ျပန္လည္ ေရာင္းခ်လိုသည့္အခါတြင္လည္း အခက္အခဲမ႐ွိဘဲ ေရာင္းခ်ႏိုင္မွာျဖစ္ေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service