အသက်၁၈နှစ် မပြည့်သေးသည့် မူဆလင်ဘာသာကိုးကွယ်သည့် အမျိုးသမီးလေးတစ်ဦးသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မိမိအမည်ဖြင့် ဝယ်ယူလို၍ အရွယ်ရောက်ပြီးသူတစ်ဦးကို ကိုယ်စားလှယ်လွှဲစာပေး၍ ဝယ်လို့ရပါသလား။

အသက်၁၈နှစ် မပြည့်သေးသည့် မူဆလင်ဘာသာကိုးကွယ်သည့် အမျိုးသမီးလေးတစ်ဦးသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မိမိအမည်ဖြင့် ဝယ်ယူလို၍ အရွယ်ရောက်ပြီးသူတစ်ဦးကို ကိုယ်စားလှယ်လွှဲစာပေး၍ ဝယ်လို့ရပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2022 10:42 am တွင် တင်ခဲ့သည်
1186 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ပဋိညာဉ်ဥပဒေပုဒ်မ-၁၁အရ မိမိနှင့်သက်ဆိုင်သည့်တရားဥပ‌ဒေအရ တရားဝင်အရွယ် ရောက်ပြီးဖြစ်သူတိုင်းသည် စိတ်ကောင်းလျက်ရှိသည့်အပြင် မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေအရ ပဋိညာဉ်ပြုလုပ်ရန် အရည်အချင်းချို့ယွင်းချက်မရှိလျှင် ပဋိညာဉ်ပြုလုပ်နိုင်သည် ဟု ပြဌာန်းထားပါသည်။

ပဋိညာဉ်ဥပဒေအရ အရွယ်ရောက်ပြီးဖြစ်သူဟု ဆိုသည့်အတွက် အရွယ်ရောက်ခြင်းဥပဒေ ပုဒ်မ-၃အရ အသက်(၁၈)နှစ်ပြည့်သူတိုင်းသည် အရွယ်ရောက်ပြီးဖြစ်သူဟုဆိုရမည်။ သို့ရာတွင် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများဥပဒေအရ တရားရုံးက အရွယ်မရောက်သူ အသက်(၁၈)နှစ် မကျော်မီ ၎င်း၏ကိုယ် သို့မဟုတ် ပစ္စည်း သို့မဟုတ် ကိုယ်နှင့်ပစ္စည်းကို အုပ်ထိန်းရန် ခန့်ထားပြီး ဖြစ်ပါက အရွယ်မရောက်သူ အသက်(၂၁)နှစ်ပြည့်မှသာ အရွယ်ရောက်မည်ဖြစ်သည်။

ယေဘူယျအားဖြင့် အသက်၁၈နှစ် မပြည့်သေးသည့် အရွယ်မရောက်သူက စာချုပ်တွင် သဘောတူညီချက်ပြုလုပ်၍ လက်မှတ်ရေးထိုးခဲ့ပါက အရွယ်မရောက်သူ၏ သဘောတူညီချက်အရ ပြုလုပ်ခဲ့သော ပဋိညာဉ်သည် လုံးဝပျက်ပြယ်သော ပဋိညာဉ်ဖြစ်ပါသည်။

အုပ်ထိန်းသူဆိုရာတွင် သဘာဝအုပ်ထိန်းသူနင့် တက်စတီးမိုးမီးယမ်း အုပ်ထိန်းသူဆိုပြီးရှိပါ သည်။ မူစလင်ဘာသာတွင် ဖခင်သည် သဘာဝအုပ်ထိန်းသူဖြစ်သဖြင့် ဖခင်မှအရွယ်မရောက် သေးသူသားသမီး၏ ကိုယ်စား မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဝယ်ယူရန်အတွက် စာချုပ်ချုပ်ဆိုနိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အရွယ်မရောက်သူကိုယ်တိုင်က ပဋိညာဉ်မပြုလုပ်နိုင် သော်လည်း အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေအရ အုပ်ထိန်းသူက ၎င်းအတွက် ပဋိညာဉ်ပြုလုပ်၍ ဝယ်ယူနိုင်ပါသည်။ သို့ပေမဲ့ ပြန်လည်ရောင်းချမည်ဆိုလျှင်တော့ တရားရုံး ခွင့်ပြုချက်ရရှိမှသာ ရောင်းချနိုင်မည်ဖြစ်ပါသည်။

အရွယ်မရောက်သူပိုင်ဆိုင်သည့် မြေကို ရောင်းချရန်အတွက် တရားမအ‌ထွေထွေမှု ဖွင့်လှစ်၍ အုပ်ထိန်းခွင့်ကို ဉီးစွာလျှောက်ထားရမည်ဖြစ်ပါသည်။ အုပ်ထိန်းခွင့်လက်မှတ်ရလျှင် ရောင်းချခွင့်ကို ဆက်လက်လျှောက်ထားရပါမည်။ ရောင်းချခွင့်ရမှသာ အရွယ်မရောက်သူ ပိုင်ဆိုင်သည့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းကို တရားဝင်ရောင်းချခွင့်ရရှိမည် ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service