အိမ်ခြံမြေ၊ အဆောက်အအုံတို့ကို အာမခံထား၍ ဘဏ်များမှ ငွေချေးခြင်းများအတွက် သိထားသင့်သည်များ

အိမ်ခြံမြေ၊ အဆောက်အအုံတို့ကို အာမခံထား၍ ဘဏ်များမှ ငွေချေးခြင်းများအတွက် သိထားသင့်သည်များ - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2022 11:43 am တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ငွေချေးမည်ဆိုရာ၌ ဥပဒေအရ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော အစိုးရဘဏ် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်တွင်သော်လည်းကောင်း၊ ပုဂ္ဂလိကဘဏ်များတွင်သော်လည်း ကောင်း မိမိအမည်ပေါက်ပိုင်ဆိုင်သော အိမ်ခြံမြေ၊ အဆောက်အဦတို့ကို အာမခံအဖြစ်ထား၍ ငွေချေး ခြင်း ဆောင်ရွက်နိုင်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်၏ ချေးငွေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ (Overdraft ) (၁) နှစ်လျှင် အတိုး ၁၀ ရာခိုင်နှုန်း

(၂) နှစ်ချင်းဆပ်ချေးငွေ (Loan ) ၁၀ ရာခိုင်နှုန်း

(၃) ကာလသတ်မှတ်ချေးငွေ (Term Loan ) (၃နှစ်) ၉.၅ ရာခိုင်နှုန်း

(၄) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ထုတ်ချေးငွေ (MADB) (နှစ်ချင်းဆပ်) – ၅%

(၅) - အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ (Commercial Loan) ကာလတို(၃)နှစ်ချေးငွေ အာမခံပေးအပ်သောချေးငွေ – ၉ %

– အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ (Commercial Loan)ကာလတို(၃)နှစ်ချေးငွေ အာမခံမဲ့ချေးငွေ – ၁၁.၅ %

(၆) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ရင်းနှီးမတည်ငွေထုတ်ချေးခြင်း COVID-19 (Loan) အာမခံမဲ့ ချေးငွေ (၁)နှစ် – ၁ %

(၇) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေထုတ်ချေးခြင်း (ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်) Loans to Microfinance for COVID-19 အာမခံမဲ့ချေးငွေ (၁)နှစ် – အတိုးမဲ့ (Interest Free)

(၈) COVID-19 ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့်ချေးငွေ(Stimulus Package) COVID-19 (Fund) အာမခံမဲ့ချေးငွေ (၁)နှစ် – ၁ %

သတိထားရန်အချက်များ

- ဘဏ်မှ ရယူသော အတိုးနှုန်းသည် နည်းပါးသော်လည်း ပုံမှန်အတိုးငွေပေးသွင်းခြင်း မရှိပါက အတိုး ပေါ် အတိုးဆင့်၍ တွက်ချက်ပါသည်။

- ဘဏ်ဆောင်ရွက်ခအနေဖြင့် ခွင့်ပြုလိုက်သည့် ချေးငွေအပေါ်တွင် ၁ ရာခိုင်နှုန်းနှင့် ထုတ်ချေး ခြင်း မပြုသည့်ချေးငွေအပေါ်တွင် ကတိခံကြေး ၁ရာခိုင်နှုန်းကိုလည်း (၁.၁.၂၀၀၆) ရက်နေ့မှ စတင်၍ ကောက်ခံလျှက်ရှိပါသည်။ ယခုနှစ်ကာလအပိုင်းအခြားတွင် ချေးငွေရယူထားသူများအနေဖြင့် ကမ္ဘာတစ်ဝှမ်းဖြစ်ပွား နေသည့် COVID-19 ရောဂါနှိပ်စက်၍လည်းကောင်း၊ အခြားသောအခြေအနေတို့ကြောင့် လည်းကောင်း မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အခြေအနေမပေးသောကြောင့် ဘဏ်တိုးလည်းမဆပ်နိုင်၊ အရင်းလည်း ဖဲ့မဆပ်နိုင် အခြေအနေများနှင့် ကြုံတွေ့နေရပေသည်။ ယခုလိုကာလတွင် အတိုး/အရင်းမဆပ်နိုင်သည့် အချိန်တွင် ဘဏ်များသည် အတိုးပေါ် အတိုးဆင့်၍ တွက်ချက်သောကြောင့် သင်တို့သည် ကိုဗစ်ကာလတွင် ငွေပေးဆပ်ရန် ဆိုင်းငံ့ထားခြင်းခံရသော်လည်း သင်တို့ချေးလိုက်သော ငွေရင်းနှင့် အတိုးများမှာ လစဉ်တက်နေမည်ဆို သည့် အချက်ပင်ဖြစ်သည်။ ဤအချက်သည် အရေးအကြီးဆုံးအချက်ပင်ဖြစ်ပေသည်။

ထိုကဲ့သို့သော အခြေအနေတွင် အရင်း/အတိုးပေးဆပ်ရန် ပျက်ကွက်သော ချေးငွေရယူထား သူများကို သက်ဆိုင်ရာဘဏ်များမှ အောက်ပါအတိုင်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်း များပြုလုပ်ကြပါသည်။

အများအားဖြင့် နှစ်ချင်းဆပ်ချေးငွေသာ အများစုဖြစ်သောကြောင့် ၎င်းနှစ်စဉ်ချေးငွေအပေါ် တွင် မူတည်၍ ရှင်းပြသွားပါမည်။ နှစ်ချင်းဆပ်ချေးငွေ၏ သက်တမ်းမှာ သာမန်အားဖြင့် စတင်ထုတ် ချေးသည့် နေ့မှစ၍ (၁)နှစ်ဖြစ်ပါသည်။ ယင်းကာလအတွင်း (၃)လတစ်ကြိမ် အတိုးမှန်ကန်စွာ ပေးသွင်းခြင်း၊ ချေးငွေအရင်း အချို့ပေးဆပ်ခြင်းများရှိပါက သက်တမ်းပြည့်ပြီးနောက် (၁)နှစ်အတွင်း သက်တမ်း (Renewal) လျှောက်ထားခွင့်ရှိပါသည်။

သက်တမ်းတိုးကာလအတွင်း ငွေသွင်း/ ငွေထုတ်ဆက်လက် ပြုလုပ်နိုင်ပါသည်။ သက်တမ်း တိုး ကာလအတွင်း (၃)လတစ်ကြိမ် အတိုးမှန်ကန်စွာ ပေးသွင်းခြင်း၊ ချေးငွေအရင်း အချို့ပေးဆပ် ခြင်းများရှိပါက နောက်ထပ် (၁)နှစ် ပေးဆပ်ရန် အချိန်ကာလဆိုင်းငံ့ခွင့်( Resheduling) လျှောက် ထားနိုင်ပါသည်။ (ယင်းကာလအတွင်း ချေးငွေပေးဆပ်ခွင့်သာရှိပြီး ပြန်လည်ထုတ်ယူခွင့်မရှိပါ။)

သို့ရာတွင် အတိုး / အရင်း မှန်ကန်စွာ ပေးဆပ်ခြင်းမရှိသော ချေးငွေများအတွက် သက်တမ်း (၁)နှစ် စေ့ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ချေးငွေများ အမြန်ဆုံးလာရောက်ပေးဆပ်ရန် ဘဏ်ခွဲ မန်နေဂျာမှ ဦးစွာနိုးဆော်ပါသည်။ ပေးဆပ်ခြင်း မပြုပါက တရားဥပဒေအရ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း မန်နေဂျာနို့တစ် (Formal Notice) ဆက်လက်ပေးပို့ပါသည်။ ယင်းနောက် ပေးဆပ် ခြင်း မပြုပါက ရှေ့နေနို့တစ် (Lawyer’s Notice ) ဆက်လက်ပေးပို့ပါသည်။

ပေးဆပ်ခြင်း မပြုပါက တရားမကြောင်းအရ တရားရုံးတွင် တရားစွဲဆို ဆောင်ရွက်ပါသည်။ တရားရုံးမှ ချေးငွေ အရင်း/အတိုး အားလုံးပြေကြေအောင် ပေးဆပ်ရန် ပဏာမဒီကရီ၊ အပြီးသတ် ဒီကရီ စသည်ဖြင့် အမိန့်ချမှတ်ပေးပြီး တရားလိုဖြစ်သော ဘဏ်မှ ဇာရီမှုဆက်လက်ဖွင့်လှစ် ဆောင်ရွက်၍ ဘဏ်သို့အပ်နှံထားသော အာမခံပစ္စည်းများဖြစ်သည့် အိမ်ခြံမြေအဆောက်အအုံကို လေလံစနစ်ဖြင့်ရောင်းချမည်ဖြစ်ပါသည်။

လေလံတင်ရောင်းချရငွေသည် ဘဏ်ကြွေးကို ပေးဆပ်ရန် ပြည့်မီခြင်းမရှိပါက ပုဂ္ဂလိက ဒီကရီ၊ ငွေဒီကရီကို တရားလိုဖြစ်သော ဘဏ်မှ လေလံတင်ရောင်းခြျခင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

သို့ဖြစ်၍ အတိုးပေါ်အတိုးဆင့်၍ ကောက်ခံနေသော ဘဏ်ချေးငွေများဖြင့် လုပ်ငန်း လုပ်ကိုင်ခြင်းသည် အမှန်တကယ် လုပ်ငန်းလည်ပတ်နေလျှင် ပြဿနာမကြီးမားနိုင်သော်လည်း လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားပါက ချေးငွေပြန်ဆပ်ရန် အလွန်ပင်မလွယ်ကူသည့် ကြောက်စရာ ကောင်းသော ချေးငွေတစ်ခုဖြစ်ကြောင်း ဘဏ်ချေးငွေရယူခြင်းမပြုမီ ကြိုတင်သိရှိထားနိုင်ရန် ဥပဒေဗဟုသုတအဖြစ်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမ၊ အေဆာက္အအုံတို႔ကို အာမခံထား၍ ဘဏ္မ်ားမွ ေငြေခ်းျခင္းမ်ားအတြက္ သိထားသင့္သည္မ်ား

ေငြေခ်းမည္ဆိုရာ၌ ဥပေဒအရ တရားဝင္လုပ္ကိုင္ခြင့္လိုင္စင္ရ႐ွိထားေသာ အစိုးရဘဏ္ ျဖစ္သည့္ ျမန္မာ့စီးပြားေရးဘဏ္တြင္ေသာ္လည္းေကာင္း၊ ပုဂၢလိကဘဏ္မ်ားတြင္ေသာ္လည္း ေကာင္း မိမိအမည္ေပါက္ပိုင္ဆိုင္ေသာ အိမ္ျခံေျမ၊ အေဆာက္အဦတို႔ကို အာမခံအျဖစ္ထား၍ ေငြေခ်း ျခင္း ေဆာင္႐ြက္ႏိုင္ပါသည္။

ျမန္မာ့စီးပြားေရးဘဏ္၏ ေခ်းေငြအမ်ိဳးအစားမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္-

(၁) ႏွစ္ခ်င္းဆပ္စာရင္းပိုထုတ္ေခ်းေငြ (Overdraft ) (၁) ႏွစ္လွ်င္ အတိုး ၁၀ ရာခိုင္ႏႈန္း

(၂) ႏွစ္ခ်င္းဆပ္ေခ်းေငြ (Loan ) ၁၀ ရာခိုင္ႏႈန္း

(၃) ကာလသတ္မွတ္ေခ်းေငြ (Term Loan ) (၃ႏွစ္) ၉.၅ ရာခိုင္ႏႈန္း

(၄) ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သို႔ထုတ္ေခ်းေငြ (MADB) (ႏွစ္ခ်င္းဆပ္) – ၅%

(၅) - အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားသို႔ထုတ္ေခ်းသည့္ စီးပြားေရးေခ်းေငြ (Commercial Loan) ကာလတို(၃)ႏွစ္ေခ်းေငြ အာမခံေပးအပ္ေသာေခ်းေငြ – ၉ %

– အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားသို႔ထုတ္ေခ်းသည့္ စီးပြားေရးေခ်းေငြ (Commercial Loan)ကာလတို(၃)ႏွစ္ေခ်းေငြ အာမခံမဲ့ေခ်းေငြ – ၁၁.၅ %

(၆) အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ငယ္မ်ားအား ရင္းႏွီးမတည္ေငြထုတ္ေခ်းျခင္း COVID-19 (Loan) အာမခံမဲ့ ေခ်းေငြ (၁)ႏွစ္ – ၁ %

(၇) အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားသို႔ ေ႐ႊ႕ဆိုင္းေခ်းေငြထုတ္ေခ်းျခင္း (ရန္ကုန္တိုင္း၊ပဲခူးတိုင္း၊ရခိုင္ျပည္နယ္) Loans to Microfinance for COVID-19 အာမခံမဲ့ေခ်းေငြ (၁)ႏွစ္ – အတိုးမဲ့ (Interest Free)

(၈) COVID-19 ေၾကာင့္ ထိခိုက္မႈ႐ွိေသာ ႏိုင္ငံသားပိုင္စီးပြားေရးလုပ္ငန္းမ်ားအတြက္ အတိုးႏႈန္းသက္သာသည့္ေခ်းေငြ(Stimulus Package) COVID-19 (Fund) အာမခံမဲ့ေခ်းေငြ (၁)ႏွစ္ – ၁ %

သတိထားရန္အခ်က္မ်ား

- ဘဏ္မွ ရယူေသာ အတိုးႏႈန္းသည္ နည္းပါးေသာ္လည္း ပုံမွန္အတိုးေငြေပးသြင္းျခင္း မ႐ွိပါက အတိုး ေပၚ အတိုးဆင့္၍ တြက္ခ်က္ပါသည္။

- ဘဏ္ေဆာင္႐ြက္ခအေနျဖင့္ ခြင့္ျပဳလိုက္သည့္ ေခ်းေငြအေပၚတြင္ ၁ ရာခိုင္ႏႈန္းႏွင့္ ထုတ္ေခ်း ျခင္း မျပဳသည့္ေခ်းေငြအေပၚတြင္ ကတိခံေၾကး ၁ရာခိုင္ႏႈန္းကိုလည္း (၁.၁.၂၀၀၆) ရက္ေန႔မွ စတင္၍ ေကာက္ခံလွ်က္႐ွိပါသည္။ ယခုႏွစ္ကာလအပိုင္းအျခားတြင္ ေခ်းေငြရယူထားသူမ်ားအေနျဖင့္ ကမ႓ာတစ္ဝွမ္းျဖစ္ပြား ေနသည့္ COVID-19 ေရာဂါႏွိပ္စက္၍လည္းေကာင္း၊ အျခားေသာအေျခအေနတို႔ေၾကာင့္ လည္းေကာင္း မိမိတို႔၏ စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ အေျခအေနမေပးေသာေၾကာင့္ ဘဏ္တိုးလည္းမဆပ္ႏိုင္၊ အရင္းလည္း ဖဲ့မဆပ္ႏိုင္ အေျခအေနမ်ားႏွင့္ ၾကဳံေတြ႕ေနရေပသည္။ ယခုလိုကာလတြင္ အတိုး/အရင္းမဆပ္ႏိုင္သည့္ အခ်ိန္တြင္ ဘဏ္မ်ားသည္ အတိုးေပၚ အတိုးဆင့္၍ တြက္ခ်က္ေသာေၾကာင့္ သင္တို႔သည္ ကိုဗစ္ကာလတြင္ ေငြေပးဆပ္ရန္ ဆိုင္းငံ့ထားျခင္းခံရေသာ္လည္း သင္တို႔ေခ်းလိုက္ေသာ ေငြရင္းႏွင့္ အတိုးမ်ားမွာ လစဥ္တက္ေနမည္ဆို သည့္ အခ်က္ပင္ျဖစ္သည္။ ဤအခ်က္သည္ အေရးအႀကီးဆုံးအခ်က္ပင္ျဖစ္ေပသည္။

ထိုကဲ့သို႔ေသာ အေျခအေနတြင္ အရင္း/အတိုးေပးဆပ္ရန္ ပ်က္ကြက္ေသာ ေခ်းေငြရယူထား သူမ်ားကို သက္ဆိုင္ရာဘဏ္မ်ားမွ ေအာက္ပါအတိုင္း ဥပေဒေၾကာင္းအရ အေရးယူေဆာင္႐ြက္ျခင္း မ်ားျပဳလုပ္ၾကပါသည္။

အမ်ားအားျဖင့္ ႏွစ္ခ်င္းဆပ္ေခ်းေငြသာ အမ်ားစုျဖစ္ေသာေၾကာင့္ ၎ႏွစ္စဥ္ေခ်းေငြအေပၚ တြင္ မူတည္၍ ႐ွင္းျပသြားပါမည္။ ႏွစ္ခ်င္းဆပ္ေခ်းေငြ၏ သက္တမ္းမွာ သာမန္အားျဖင့္ စတင္ထုတ္ ေခ်းသည့္ ေန႔မွစ၍ (၁)ႏွစ္ျဖစ္ပါသည္။ ယင္းကာလအတြင္း (၃)လတစ္ႀကိမ္ အတိုးမွန္ကန္စြာ ေပးသြင္းျခင္း၊ ေခ်းေငြအရင္း အခ်ိဳ႕ေပးဆပ္ျခင္းမ်ား႐ွိပါက သက္တမ္းျပည့္ၿပီးေနာက္ (၁)ႏွစ္အတြင္း သက္တမ္း (Renewal) ေလွ်ာက္ထားခြင့္႐ွိပါသည္။

သက္တမ္းတိုးကာလအတြင္း ေငြသြင္း/ ေငြထုတ္ဆက္လက္ ျပဳလုပ္ႏိုင္ပါသည္။ သက္တမ္း တိုး ကာလအတြင္း (၃)လတစ္ႀကိမ္ အတိုးမွန္ကန္စြာ ေပးသြင္းျခင္း၊ ေခ်းေငြအရင္း အခ်ိဳ႕ေပးဆပ္ ျခင္းမ်ား႐ွိပါက ေနာက္ထပ္ (၁)ႏွစ္ ေပးဆပ္ရန္ အခ်ိန္ကာလဆိုင္းငံ့ခြင့္( Resheduling) ေလွ်ာက္ ထားႏိုင္ပါသည္။ (ယင္းကာလအတြင္း ေခ်းေငြေပးဆပ္ခြင့္သာ႐ွိၿပီး ျပန္လည္ထုတ္ယူခြင့္မ႐ွိပါ။)

သို႔ရာတြင္ အတိုး / အရင္း မွန္ကန္စြာ ေပးဆပ္ျခင္းမ႐ွိေသာ ေခ်းေငြမ်ားအတြက္ သက္တမ္း (၁)ႏွစ္ ေစ့ေရာက္ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ေခ်းေငြမ်ား အျမန္ဆုံးလာေရာက္ေပးဆပ္ရန္ ဘဏ္ခြဲ မန္ေနဂ်ာမွ ဦးစြာႏိုးေဆာ္ပါသည္။ ေပးဆပ္ျခင္း မျပဳပါက တရားဥပေဒအရ ဆက္လက္ အေရးယူမည္ျဖစ္ေၾကာင္း မန္ေနဂ်ာႏို႔တစ္ (Formal Notice) ဆက္လက္ေပးပို႔ပါသည္။ ယင္းေနာက္ ေပးဆပ္ ျခင္း မျပဳပါက ေ႐ွ႕ေနႏို႔တစ္ (Lawyer’s Notice ) ဆက္လက္ေပးပို႔ပါသည္။

ေပးဆပ္ျခင္း မျပဳပါက တရားမေၾကာင္းအရ တရား႐ုံးတြင္ တရားစြဲဆို ေဆာင္႐ြက္ပါသည္။ တရား႐ုံးမွ ေခ်းေငြ အရင္း/အတိုး အားလုံးေျပေၾကေအာင္ ေပးဆပ္ရန္ ပဏာမဒီကရီ၊ အၿပီးသတ္ ဒီကရီ စသည္ျဖင့္ အမိန္႔ခ်မွတ္ေပးၿပီး တရားလိုျဖစ္ေသာ ဘဏ္မွ ဇာရီမႈဆက္လက္ဖြင့္လွစ္ ေဆာင္႐ြက္၍ ဘဏ္သို႔အပ္ႏွံထားေသာ အာမခံပစၥည္းမ်ားျဖစ္သည့္ အိမ္ျခံေျမအေဆာက္အအုံကို ေလလံစနစ္ျဖင့္ေရာင္းခ်မည္ျဖစ္ပါသည္။

ေလလံတင္ေရာင္းခ်ရေငြသည္ ဘဏ္ေႂကြးကို ေပးဆပ္ရန္ ျပည့္မီျခင္းမ႐ွိပါက ပုဂၢလိက ဒီကရီ၊ ေငြဒီကရီကို တရားလိုျဖစ္ေသာ ဘဏ္မွ ေလလံတင္ေရာင္းႁခ်ခင္း ေဆာင္႐ြက္မည္ျဖစ္ပါသည္။

သို႔ျဖစ္၍ အတိုးေပၚအတိုးဆင့္၍ ေကာက္ခံေနေသာ ဘဏ္ေခ်းေငြမ်ားျဖင့္ လုပ္ငန္း လုပ္ကိုင္ျခင္းသည္ အမွန္တကယ္ လုပ္ငန္းလည္ပတ္ေနလွ်င္ ျပႆနာမႀကီးမားႏိုင္ေသာ္လည္း လုပ္ငန္းလည္ပတ္မႈရပ္ဆိုင္းသြားပါက ေခ်းေငြျပန္ဆပ္ရန္ အလြန္ပင္မလြယ္ကူသည့္ ေၾကာက္စရာ ေကာင္းေသာ ေခ်းေငြတစ္ခုျဖစ္ေၾကာင္း ဘဏ္ေခ်းေငြရယူျခင္းမျပဳမီ ႀကိဳတင္သိ႐ွိထားႏိုင္ရန္ ဥပေဒဗဟုသုတအျဖစ္ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service