မိဘများမှ သတင်းစာထဲတွင် သား/သမီး အဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းသည် ဥပဒေအရ တရားဝင်ပါသလား။

မိဘများမှ သတင်းစာထဲတွင် သား/သမီး အဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းသည် ဥပဒေအရ တရားဝင်ပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2022 12:56 pm တွင် တင်ခဲ့သည်
2716 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တောင်းဆိုပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိပြီး သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိသည့် မြန်မာမှု နယ်ပယ်တွင် သွာနုတ္တရသားသမီးအဖြစ် မိဘများက တရားဝင်သတ်မှတ်သွားခွင့် မရှိကြောင်း စီရင်ထုံးများက ပြဆိုသည်။

သို့သော် ယုတ်မာရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလား သဏ္ဍာန်တူသည့် သားသမီးများကိုမူ တရားဥပဒေအရ သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ ခွင့်ပြုထားခဲ့ပါသည်။

သွာနုတ္တရသားသမီး ဓမ္မသတ်ကျမ်းများကလာသော မိဘတို့ဆုံးမသောစကားကို မယုံကြည် သော၊ နားမထောင်သော သားသမီး၊ မိဘတို့ပြုခဲ့သောအမှုများကို ဖျက်ဆီးသောသားသမီး၊ အကျင့် မကောင်းသော သားသမီး၊ မိဘစကားကို အာဏာဖီဆန်သော သားသမီး၊ မိဘကို ဆဲရေး သတ်ပုတ်သော သားသမီးများသည် မိဘအမွေကို ဆက်ခံရန်မရှိသည့် သွာနုတ္တရသားသမီးများ ဖြစ်ကြောင်း မြန်မာဓလေ့ထုံးတမ်းဥပဒေ စည်မျဉ်းတစ်ရပ်အဖြစ် ဆက်ခံအသိအမှတ်ပြုထားသည်။

ယခုခေတ်တွင် မိဘများမှ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်းသွားသော သားသမီး များနှင့် မိမိတို့ သဘောမတူ မကြည်ဖြူသူနှင့် အိမ်ထောင်ပြုသွားသော သားသမီးများကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။ ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီး အဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှားယွင်းစွာမှတ်ယူနေကြပါသည်။

ဥပဒေအရဆိုလျှင် အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာ အမှန်တကယ် သွာနုတ္တရသားသမီး ဖြစ်/မဖြစ် သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီးဖြစ်သူမှာ အမှန်တကယ် ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရမည်သောခွေးနှင့် အလားသဏ္ဍာန်တူသော သားသမီးအဖြစ်သတ်မှတ်၍ ရာသတ်ပန် သားသမီးအဖြစ်မှ စွန့်လွှတ်ခွင့်ပြုပါရန် စာနှင့်ရေးသား၍ တရားမမှုတရားစွဲဆိုလျှောက်ထားရပါမည်။

တရားလိုအနေနှင့် မိဘများက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား (သို့မဟုတ်) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ (သား/ သမီး) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း အမှန်တကယ်ပေါ်ပေါက်ပါက ၎င်း သားသမီးအား သွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။

သွာနုတ္တရအဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘများထံမှ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းခြင်းသည် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မိဘမ်ားမွ သတင္းစာထဲတြင္ သား/သမီး အျဖစ္ အေမြျပတ္စြန္႔လႊတ္ျခင္းသည္ ဥပေဒအရ တရားဝင္ပါသလား။

ေတာင္းဆိုပလုံးဆိုးသာ ပစ္႐ိုးထုံးစံ႐ွိၿပီး သားဆိုးသမီးဆိုး ပစ္႐ိုးထုံးစံမ႐ွိသည့္ ျမန္မာမႈ နယ္ပယ္တြင္ သြာႏုတၱရသားသမီးအျဖစ္ မိဘမ်ားက တရားဝင္သတ္မွတ္သြားခြင့္ မ႐ွိေၾကာင္း စီရင္ထုံးမ်ားက ျပဆိုသည္။

သို႔ေသာ္ ယုတ္မာ႐ိုင္းစိုင္းေသာ သြာႏုတၱရမည္သည့္ ေခြးႏွင့္အလား သ႑ာန္တူသည့္ သားသမီးမ်ားကိုမူ တရားဥပေဒအရ သားသမီးအျဖစ္မွ ရာသက္ပန္ စြန္႔လႊတ္ဖို႔ ခြင့္ျပဳထားခဲ့ပါသည္။

သြာႏုတၱရသားသမီး ဓမၼသတ္က်မ္းမ်ားကလာေသာ မိဘတို႔ဆုံးမေသာစကားကို မယုံၾကည္ ေသာ၊ နားမေထာင္ေသာ သားသမီး၊ မိဘတို႔ျပဳခဲ့ေသာအမႈမ်ားကို ဖ်က္ဆီးေသာသားသမီး၊ အက်င့္ မေကာင္းေသာ သားသမီး၊ မိဘစကားကို အာဏာဖီဆန္ေသာ သားသမီး၊ မိဘကို ဆဲေရး သတ္ပုတ္ေသာ သားသမီးမ်ားသည္ မိဘအေမြကို ဆက္ခံရန္မ႐ွိသည့္ သြာႏုတၱရသားသမီးမ်ား ျဖစ္ေၾကာင္း ျမန္မာဓေလ့ထုံးတမ္းဥပေဒ စည္မ်ဥ္းတစ္ရပ္အျဖစ္ ဆက္ခံအသိအမွတ္ျပဳထားသည္။

ယခုေခတ္တြင္ မိဘမ်ားမွ မိမိတို႔၏ စကားနားမေထာင္ပဲ အိမ္ေပၚမွ ဆင္းသြားေသာ သားသမီး မ်ားႏွင့္ မိမိတို႔ သေဘာမတူ မၾကည္ျဖဴသူႏွင့္ အိမ္ေထာင္ျပဳသြားေသာ သားသမီးမ်ားကို အမ်ားအားျဖင့္ သားဆိုးသမီးဆိုးဟု သတ္မွတ္ကာ ႏိုင္ငံပိုင္သတင္းစာမ်ားထဲတြင္ သားသမီးအျဖစ္မွ စြန္႔လႊတ္ေၾကာင္း အမ်ားသိေစရန္ ေၾကျငာထည့္သြင္းခဲ့ၾကသည္။ ထိုသို႔ေၾကျငာထည့္သြင္းထားလွ်င္ မိဘႏွင့္ သားသမီး အျဖစ္မွ ရပ္စဲသြားသည္ဟုလည္း မွားယြင္းစြာမွတ္ယူေနၾကပါသည္။

ဥပေဒအရဆိုလွ်င္ အထက္တြင္ေဖာ္ျပထားသကဲ့သို႔ မိမိတို႔၏ သားသမီးမွာ အမွန္တကယ္ သြာႏုတၱရသားသမီး ျဖစ္/မျဖစ္ ေသခ်ာစြာေလ့လာ၍ ျဖစ္ခဲ့သည္ဆိုပါက မိမိတို႔ေနထိုင္ရာၿမိဳ႕နယ္႐ွိ တရား႐ုံးေတာ္သို႔ သြားေရာက္၍ မိမိတို႔၏ သားသမီးျဖစ္သူမွာ အမွန္တကယ္ ယုတ္မာ႐ိုင္းစိုင္း၍ သြာႏုတၱရမည္ေသာေခြးႏွင့္ အလားသ႑ာန္တူေသာ သားသမီးအျဖစ္သတ္မွတ္၍ ရာသတ္ပန္ သားသမီးအျဖစ္မွ စြန္႔လႊတ္ခြင့္ျပဳပါရန္ စာႏွင့္ေရးသား၍ တရားမမႈတရားစြဲဆိုေလွ်ာက္ထားရပါမည္။

တရားလိုအေနႏွင့္ မိဘမ်ားက ေဆာင္႐ြက္ရၿပီး တရားၿပိဳင္ေနရာ၌ မိမိတို႔စြန္႔လႊတ္လိုေသာ သား (သို႔မဟုတ္) သမီးကိုထည့္ရပါမည္။ ႐ုံးေတာ္မွ တရားလိုျဖစ္သူ (မိဘ) ႏွင့္ တရားၿပိဳင္ျဖစ္သူ (သား/ သမီး) အား က်မ္းက်ိန္စစ္ေဆးေစ၍ ေလွ်ာက္ထားသည့္အတိုင္း အမွန္တကယ္ေပၚေပါက္ပါက ၎ သားသမီးအား သြာႏုတၱရသားသမီးအျဖစ္ သတ္မွတ္ေပးမည္ျဖစ္သည္။

သြာႏုတၱရအျဖစ္ အသတ္မွတ္ခံရေသာ သားသမီးမ်ားသည္ မိဘမ်ားထံမွ အေမြဆက္ခံခြင့္ကို ဆုံး႐ႈံးမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ သတင္းစာထဲတြင္ သားသမီးအျဖစ္မွ အေမြျပတ္စြန္႔လႊတ္ေၾကာင္း ေၾကာ္ျငာထည့္သြင္းျခင္းသည္ စြန္႔လႊတ္ျခင္း အထမေျမာက္ေၾကာင္းႏွင့္ အေမြဆက္ခံခြင့္ ဆုံး႐ႈံးမည္ မဟုတ္ေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service