အာဟာရပြည့် လက်ဖက်ကြက်ဥပြုတ်
အာဟာရပြည့် လက်ဖက်ကြက်ဥပြုတ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2022 11:17 am တွင် တင်ခဲ့သည်
3572 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကြက်ဥပြုတ်ကို အခုလို ကိုဗစ်ရောဂါတွေဖြစ်နေတဲ့ကာလမှာ စားသုံးပေးဖို့ ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ ​ကြက်ဥဟာ စျေးနှုန်းသင့်တင့်တဲ့အပြင် အာဟာရတွေများစွာပါပြီး အဆုတ်ကိုလည်း သန့်စင်ပေးတာကြောင့် ဘက်ဂျက်ချွေတာရာရောက်တဲ့အပြင် ကျန်းမာစေဖို့လည်းစားပေးရပါမယ်။
ကြက်ဥပြုတ်ကို နေ့တိုင်းစားလို့ ရိုးအီနေတဲ့လူတွေအတွက် လက်ဖက်ကြက်ဥလုပ်နည်းလေးကိုရေးသားပေးလိုက်ပါတယ်။ လက်ဖက်ကြက်ဥဆိုတာ လက်ဖက်ခြောက်နဲ့ ကြက်ဥကို အဓိကထား ပြုတ်တာပါ။
သို့သော် ပိုမိုအရသာရှိရန် အခြားအမယ်များထပ်ပေါင်းကာ အာဟာရရှိပြီးစားကောင်းသည့် စားစရာအဖြစ် ဖန်တီးယူနိုင်ပါတယ်။
လက်ဖက်ကြက်ဥလုပ်ရန် ..........
(၁) ကြက်ဥ ၅ လုံး
(၂) လက်ဖက်ခြောက်အခါးထမင်းစားဇွန်း ၂ ဇွန်း
(၃) လက်ဖက်ခြောက်အချိုထမင်းစားဇွန်း ၁ ဇွန်း
(၄) ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၅ ဇွန်း
(၅) ပဲငံပြာရည် အနောက်ထမင်းစားဇွန်း၂ ဇွန်း (ကြာညို့)
(၆) အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း
(၇) သကြား ထမင်းစားဇွန်းတစ်ဝက်
(၈) သစ်ဂျပိုးခေါက်တစ်ခေါက်
(၉) နာနတ်ပွင့် တစ်ပွင့်
(၁၀) ဟွာကျောင်းစေ့အနည်းငယ်တို့လိုပါသည်။
ဟွာကျောင်းဆိုသည်မှာ တရုတ်ဟင်းလျာများနှင့် မာလာရှမ်းကောတို့တွင်ပါသော အထုံစေ့များဖြစ်ပါသည်။ နာနတ်ပွင့်နှင့် ဟွာကျောင်းကို မထည့်လည်းရပါသည်။ အချိုးအစားကိုပုံသေမဟုတ်ဘဲ မိမိနှစ်သက်သလိုပြောင်းလဲနိုင်ပါသည်။
ပထမဦးစွာ ကြက်ဥများကို ရေဆေးကာ ၅ မိနစ်ခန့်ပြုတ်ပါ။ ရေဆူပြီးနောက်ဆယ်ကာ ကြက်ဥများကို အခွံအက်ကွဲရာထင်စေရန်ဇွန်းဖြင့်အခွံကိုခေါက်ပါ။ လက်ဖက်ခြောက်နှင့် ပါဝင်သောအရာအားလုံးကို ရေတွင်ထည့်ကာ အရင်တည်ထားပါ။ ထို့နောက် အခွံအပ်ကွဲရာပေးထားသော ကြက်ဥပြုတ်များကို ထိုလက်ဖက်ခြောက်ရည်ထဲတွင် ဆယ့်ငါးမိနစ်ပြုတ်ပါ။ ထို့နောက် မီးပိတ်ပါ။ ပြီးလျှင် ခနအဖုံးဖွင့်အအေးခံကာ ဆယ့်ငါးမိနစ်ထပ်ပြုတ်ပါ။ လက်ဖက်ခြောက်အရည်များကြက်ဥထဲသို့ဝင်ပါက ပိုမိုအရသာရှိသောကြောင့် နှစ်ကြိမ်ပြုတ်ခြင်းဖြစ်ပါသည်။
နှစ်ကြိမ်ပြုတ်ပြီးပါက အညိုရောင်သန်းပြီး အရသာရှိသော လက်ဖက်ကြက်ဥကို စားနိုင်ပြီဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အရသာရစေရန် ထိုလက်ဖက်ပြုတ်ရည်ထဲတွင် ကြက်ဥများကို တစ်ညလုံးစိမ်ကာ မနက်မှစားနိုင်ပါသည်။ သို့မဟုတ် ရေခဲသေတ္တာရှိပါက ရေခဲသေတ္တာတွင် သုံးလေးရက်စိမ်ကာစားလျှင် ပိုမိုကောင်းမွန်သောအရသာကို ရမည်ဖြစ်ပါသည်။
အာဟာရပြည့်ဝရကာ လုပ်ရလွယ်ကူရိုးရှင်းသော လက်ဖက်ကြက်ဥကို အသစ်အဆန်းအနေဖြင့် စားသုံးနိုင်ရန်ရေးသားလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: greenwaymyanmar
[Zawgyi]
လက်ဖက်ကြက်ဥလုပ်ရန် ..........
(၁) ကြက်ဥ ၅ လုံး
(၉) နာနတ်ပွင့် တစ်ပွင့်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service