တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
21 Apr 2022 12:36 pm တွင် တင်ခဲ့သည်
1433 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တံခါး ဖွင့်ရင်းဖြစ်ဖြစ် တံခါးပိတ်ရင်း ဖြစ်ဖြစ် တံခါးဘောင်ကို ကိုင်ထားရင်း တစ်ယောက်ယောက်က မသိဘဲ တံခါးပိတ်လိုက်တာကြောင့် ဖြစ်ဖြစ် လက်ကို တံခါးညပ် သွားတဲ့အခါ သွေးခြည်ဥပြီး ထောက်မရအောင် နာတာမျိုး။ တစ်ခုခုကို ကိုင်လို့ မရအောင်နာတာမျိုး ခံစားဖူးကြမယ် ထင်ပါတယ်။

တံခါးညပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု တစ်မျိုးပါ။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်ဘူးဆိုပေမယ့် ထိခိုက်မိတာကြောင့် နာကျင်မှုကတော့ မသေးပါဘူး။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ တံခါးညပ်တာကြောင့် နာကျင်တာကို သက်သာစေဖို့ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရမယ့် ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးချင်ပါတယ်။

တံခါးညပ်ရင် ဘယ်လိုတွေ ဖြစ်နိုင်လဲ။

တံခါးညပ်တဲ့အခါ အရှိန်ပြင်းထန်တာနဲ့ တံခါးရဲ့ အလေးချိန်ပေါ် မူတည်ပြီး ထိခိုက်တဲ့ အတိုင်းအတာ ကွာခြားနိုင်ပါတယ်။ တံခါးညပ်တဲ့အခါ လက်အသားကို ထိမိမယ်ဆိုရင် အညိုအမဲစွဲတာ၊ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ အထိမခံနိုင်အောင် နာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ တံခါးညပ် တာက အဆစ်တွေပေါ်ကို ထိမယ်။ လက်သည်းကို ထိမယ်ဆိုရင် လက်ဆစ်ရောင်တာ၊ ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ နာကျင်တာ၊ သွေးခြည်ဥတာ၊ လက်သည်းအောက်ဘက်မှာ သွေးယိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ထိခိုက်မိတဲ့ အရှိန် ပြင်းရင် ပြင်းသလောက် နာကျင်မှုကလည်း ပြင်းထန်နိုင်ပါတယ်။

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါးညပ်မိတာကြောင့် ထိခိုက်တဲ့အခါ အရင်ဆုံး လုပ်ရမယ့် အချက်က နာကျင်တာကို သက်သာစေဖို့ပါ။ နောက်တစ်ချက်ကတော့ ရောင်ရမ်းတာမျိုး နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ဖို့ပါ။

ဒါကြောင့် တံခါးညပ်မိပြီဆိုရင် ဒီအချက်လေးတွေအတိုင်း သေချာလေး ဂရုစိုက် လုပ်ဆောင်ပေးစေချင်ပါတယ်။

ရေခဲဝတ် ကပ်ပါ

တံခါးညပ်တဲ့အခါ ထိခိုက်မိနေတဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲကို မထူမပါး အဝတ်သန့်သန့်လေးထဲကို ထည့်ပြီး ၁၅ မိနစ် ကပ်လိုက် နာရီဝက်၊ တစ်နာရီလောက် နားလိုက် လုပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ်လောက် ကပ်ပေးပါ။ အရမ်းအေးနေတာကို အချိန် အကြာကြီး ကပ်မိမယ်ဆိုရင် အသားလောင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

သက်သောင့်သက်သာ ထားပါ

တံခါးညပ်မိတဲ့နေရာကို လှုပ်ရှားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာဖြစ်မယ့် အနေအထားမျိုး ထားပေးပါ။ ဒါမှ ရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။

ကာကွယ်ထားပါ

ထိခိုက်မိတဲ့နေရာကို နောက်ထပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ပတ်တီးစည်းတာမျိုး၊ တစ်ခုခုနဲ့ သိုင်းထားတာမျိုး လုပ်ပေးပါ။ ထိခိုက်မှုကို ပိုဆိုး မသွားစေဖို့ပါ။

နှလုံးထက် အမြင့်မှာ ထားပါ

တံခါးညပ်တဲ့နေရာကို ရောင်ရမ်းမှု လျော့နိုင်သမျှ လျော့စေဖို့အတွက် ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားစေဖို့အတွက် နှလုံးထက် မြင့်တဲ့နေရာမှာ ထားပေးပါ။

အကိုက်အခဲပျောက်ဆေး သောက်ပါ

တံခါးညပ်မိတာကြောင့် နာကျင်မှုကို ခံစားရမယ်ဆိုရင် ဆေးစာ မလိုဘဲ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။ ဆေးညွှန်းအတိုင်း တိတိကျကျ သောက်ဖို့တော့ လိုပါမယ်။

ပတ်တီးစည်းပါ

ထပ်မံ ထိခိုက်မိတာမျိုးကနေ ကာကွယ်ဖို့အတွက် ဖြစ်ဖြစ်၊ အဆစ်တွေကို ထိခိုက်မိတဲ့အခါမှာ နာကျင်မှု သက်သာစေဖို့ ဖြစ်ဖြစ် ပတ်တီးလေးနဲ့ ခပ်ဖွဖွလေး စည်းထားပေးလို့ ရပါတယ်။ ပတ်တီးကို ခပ်ဖွဖွ စည်းခိုင်းရတာက သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်ပြီး ရောင်ရမ်းမှု ပိုဆိုးလာနိုင်တာကြောင့်ပါ။

ကဲ …. မတော်တဆ တံခါးညပ်မိခဲ့ရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ တကယ်လို့ ထိခိုက်မိတဲ့နေရာက ထုံနေမယ်။ အရမ်းကို ညိုမဲလာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို သွားရောက်ဖို့ လိုပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

တံခါးညပ္တဲ့အခါ ဘယ္လို သက္သာေအာင္ လုပ္ၾကမလဲ။

တံခါး ဖြင့္ရင္းျဖစ္ျဖစ္ တံခါးပိတ္ရင္း ျဖစ္ျဖစ္ တံခါးေဘာင္ကို ကိုင္ထားရင္း တစ္ေယာက္ေယာက္က မသိဘဲ တံခါးပိတ္လိုက္တာေၾကာင့္ ျဖစ္ျဖစ္ လက္ကို တံခါးညပ္ သြားတဲ့အခါ ေသြးျခည္ဥၿပီး ေထာက္မရေအာင္ နာတာမ်ိဳး။ တစ္ခုခုကို ကိုင္လို႔ မရေအာင္နာတာမ်ိဳး ခံစားဖူးၾကမယ္ ထင္ပါတယ္။

တံခါးညပ္တာက ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ မေတာ္တဆမႈ တစ္မ်ိဳးပါ။ ေဆးခန္းျပရေလာက္တဲ့အထိ မျပင္းထန္ဘူးဆိုေပမယ့္ ထိခိုက္မိတာေၾကာင့္ နာက်င္မႈကေတာ့ မေသးပါဘူး။ ဒီတစ္ေခါက္ေတာ့ အျဖစ္မ်ားတဲ့ တံခါးညပ္တာေၾကာင့္ နာက်င္တာကို သက္သာေစဖို႔ အိမ္မွာတင္ လြယ္လြယ္ကူကူ လုပ္ေဆာင္လို႔ရမယ့္ ေ႐ွးဦးသူနာျပဳစုနည္းေလးကို ေျပာျပေပးခ်င္ပါတယ္။

တံခါးညပ္ရင္ ဘယ္လိုေတြ ျဖစ္ႏိုင္လဲ။

တံခါးညပ္တဲ့အခါ အ႐ွိန္ျပင္းထန္တာနဲ႔ တံခါးရဲ႕ အေလးခ်ိန္ေပၚ မူတည္ၿပီး ထိခိုက္တဲ့ အတိုင္းအတာ ကြာျခားႏိုင္ပါတယ္။ တံခါးညပ္တဲ့အခါ လက္အသားကို ထိမိမယ္ဆိုရင္ အညိဳအမဲစြဲတာ၊ နာက်င္တာ၊ ေရာင္ရမ္းတာေတြ ျဖစ္ႏိုင္ပါတယ္။ အထိမခံႏိုင္ေအာင္ နာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

တကယ္လို႔ တံခါးညပ္ တာက အဆစ္ေတြေပၚကို ထိမယ္။ လက္သည္းကို ထိမယ္ဆိုရင္ လက္ဆစ္ေရာင္တာ၊ ကိုက္ခဲတာ၊ ေရာင္ရမ္းတာ၊ နာက်င္တာ၊ ေသြးျခည္ဥတာ၊ လက္သည္းေအာက္ဘက္မွာ ေသြးယိုတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

ထိခိုက္မိတဲ့ အ႐ွိန္ ျပင္းရင္ ျပင္းသေလာက္ နာက်င္မႈကလည္း ျပင္းထန္ႏိုင္ပါတယ္။

 

တံခါးညပ္တဲ့အခါ ဘယ္လို သက္သာေအာင္ လုပ္ၾကမလဲ။

တံခါးညပ္မိတာေၾကာင့္ ထိခိုက္တဲ့အခါ အရင္ဆုံး လုပ္ရမယ့္ အခ်က္က နာက်င္တာကို သက္သာေစဖို႔ပါ။ ေနာက္တစ္ခ်က္ကေတာ့ ေရာင္ရမ္းတာမ်ိဳး နည္းႏိုင္သမွ် နည္းေအာင္ ဂ႐ုစိုက္ဖို႔ပါ။

ဒါေၾကာင့္ တံခါးညပ္မိၿပီဆိုရင္ ဒီအခ်က္ေလးေတြအတိုင္း ေသခ်ာေလး ဂ႐ုစိုက္ လုပ္ေဆာင္ေပးေစခ်င္ပါတယ္။

ေရခဲဝတ္ ကပ္ပါ

တံခါးညပ္တဲ့အခါ ထိခိုက္မိေနတဲ့ေနရာကို ေရခဲဝတ္ေလး ကပ္ေပးပါ။ ေရခဲကို မထူမပါး အဝတ္သန္႔သန္႔ေလးထဲကို ထည့္ၿပီး ၁၅ မိနစ္ ကပ္လိုက္ နာရီဝက္၊ တစ္နာရီေလာက္ နားလိုက္ လုပ္ေပးၿပီး တစ္ေန႔ကို ၃ ႀကိမ္ေလာက္ ကပ္ေပးပါ။ အရမ္းေအးေနတာကို အခ်ိန္ အၾကာႀကီး ကပ္မိမယ္ဆိုရင္ အသားေလာင္တာမ်ိဳး ျဖစ္ႏိုင္တာေၾကာင့္ပါ။

သက္ေသာင့္သက္သာ ထားပါ

တံခါးညပ္မိတဲ့ေနရာကို လႈပ္႐ွားတာမ်ိဳး မလုပ္ဘဲ သက္ေသာင့္သက္သာျဖစ္မယ့္ အေနအထားမ်ိဳး ထားေပးပါ။ ဒါမွ ေရာင္ရမ္းတာကို သက္သာေစႏိုင္မွာပါ။ နာက်င္ေရာင္ရမ္းတာကို သက္သာေစဖို႔ တတ္ႏိုင္သမွ် လႈပ္လႈပ္႐ွား႐ွား မလုပ္ပါနဲ႔။

ကာကြယ္ထားပါ

ထိခိုက္မိတဲ့ေနရာကို ေနာက္ထပ္ ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔အတြက္ ပတ္တီးစည္းတာမ်ိဳး၊ တစ္ခုခုနဲ႔ သိုင္းထားတာမ်ိဳး လုပ္ေပးပါ။ ထိခိုက္မႈကို ပိုဆိုး မသြားေစဖို႔ပါ။

ႏွလုံးထက္ အျမင့္မွာ ထားပါ

တံခါးညပ္တဲ့ေနရာကို ေရာင္ရမ္းမႈ ေလ်ာ့ႏိုင္သမွ် ေလ်ာ့ေစဖို႔အတြက္ ထိခိုက္မိတဲ့ေနရာကို ေသြးစီးဆင္းေရာက္႐ွိမႈ နည္းသြားေစဖို႔အတြက္ ႏွလုံးထက္ ျမင့္တဲ့ေနရာမွာ ထားေပးပါ။

အကိုက္အခဲေပ်ာက္ေဆး ေသာက္ပါ

တံခါးညပ္မိတာေၾကာင့္ နာက်င္မႈကို ခံစားရမယ္ဆိုရင္ ေဆးစာ မလိုဘဲ ဝယ္ယူလို႔ရတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ေပးလို႔ ရပါတယ္။ ေဆးၫႊန္းအတိုင္း တိတိက်က် ေသာက္ဖို႔ေတာ့ လိုပါမယ္။

ပတ္တီးစည္းပါ

ထပ္မံ ထိခိုက္မိတာမ်ိဳးကေန ကာကြယ္ဖို႔အတြက္ ျဖစ္ျဖစ္၊ အဆစ္ေတြကို ထိခိုက္မိတဲ့အခါမွာ နာက်င္မႈ သက္သာေစဖို႔ ျဖစ္ျဖစ္ ပတ္တီးေလးနဲ႔ ခပ္ဖြဖြေလး စည္းထားေပးလို႔ ရပါတယ္။ ပတ္တီးကို ခပ္ဖြဖြ စည္းခိုင္းရတာက ေသြးစီးဆင္းမႈကို အေႏွာင့္အယွက္ျဖစ္ၿပီး ေရာင္ရမ္းမႈ ပိုဆိုးလာႏိုင္တာေၾကာင့္ပါ။

ကဲ …. မေတာ္တဆ တံခါးညပ္မိခဲ့ရင္ အခုေျပာျပခဲ့တဲ့ နည္းလမ္းေလးေတြအတိုင္း သက္သာေအာင္ လုပ္ေဆာင္ေပးလို႔ ရပါတယ္။ တကယ္လို႔ ထိခိုက္မိတဲ့ေနရာက ထုံေနမယ္။ အရမ္းကို ညိဳမဲလာမယ္ဆိုရင္ေတာ့ နီးစပ္ရာ ေဆးခန္းကို သြားေရာက္ဖို႔ လိုပါမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service