နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာဖျော်ရည်များအကြောင်း

နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာဖျော်ရည်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2022 11:35 am တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နွေပူပူမှာ ရင်ကို အေးမြသွားစေမယ့် သောက်စရာလေးတွေကို လူတိုင်း တောင့်တမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ လူတိုင်း တောင့်တမိတတ်တဲ့ သောက်စရာ အေးအေးလေးတွေထဲက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

နွေပူပူအတွက် သောက်စရာ ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

နွေပူပူအတွက် သောက်စရာ

အပူချိန် မြင့်တက်နေပါသဖြင့် ချွေးတွေ တအား ထွက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ငြီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။

ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလို ရေဓာတ် ပြည့်ဝအောင် ဖြည့်တင်းတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ နွေပူပူမှာ ကျန်းမာစွာနဲ့ ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာလေးတွေကို ပြောပြပေးသွားပါမယ်။

အုန်းစိမ်းရည်

အုန်းစိမ်းရည်က အပူဒဏ်ကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဓာတ်တွေကိုလည်း ညီညွှတ်မျှတအောင် ထိန်းညှိပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကြံရည်

ကြံရည်က ခန္ဓာကိုယ်ကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် သောက်စရာ တစ်မျိုးပါ။ ခန္ဓာကိုယ်ကု အားဖြည့်ပေးသလို ကိုယ်တွင်းက ရေဓာတ်တွေကို ဖြည့်ပေးပါတယ်။ plasma တွေကို ဖြစ်ပေါ်စေသလို အပူဒဏ်ကြောင့် ငြီးစီစီဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နွေပူပူမှာ ကြံရည်ချိုချိုလေး သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာပါ။

ဖရဲသီးဖျော်ရည်

ဖရဲသီးက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ နွေအပူဒဏ်ကို သက်သာစေနိုင်သလို နွေပူပူကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

သံပုရာရည်

ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို ဖျော်သောက်ပေးတာကလည်း နွေအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာကို သက်သာပြီး တက်ကြွ လန်းဆန်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

နွေရာသီမှာ သံပုရာရည် အေးအေးလေးက အမောပြေစေနိုင်သလို အပူဒဏ်ကြောင့် ပင်ပန်းတာကို သက်သာစေနိုင်ပါတယ်။

နာနတ်သီး ဖျော်ရည်

နာနတ်သီးလေးကို ကြိတ်ခြေပြီး ဖျော်ထားတဲ့ နာနတ်သီး ဖျော်ရည်ကလည်း နွေပူပူမှာ ကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ သောက်စရာ တစ်မျိုးပါ။ ဗီတာမင် C ပြည့်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

သောက်ရေ

နေနွပူပူမှာ အပူဒဏ်ကို ခံနိုင်စေဖို့နဲ့ နွေရာသီ အပူကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ သောက်ပေးလို့ ရတဲ့ နောက်ထပ် သောက်စရာ တစ်မျိုးကတော့ သောက်ရေပါ။ ရေအေးအေးလေး သောက်ပေးတာက အပူဒဏ်ကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်သလို နွေအပူကြောင့် ချွေးထွက်များတာနဲ့ အခြားသော အပူဒဏ်ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဒါတွေ အပြင် နွေပူပူမှာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာစေဖို့အတွက် သလဲသီးဖျော်ရည်၊ စတော်ဘယ်ရီသီး ဖျော်ရည်၊ ဂရိတ်ဖရုစ် ဖျော်ရည်၊ ကီဝီသီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။ သစ်သီးဖျော်ရည်တွေကို ဖျော်သောက်တဲ့အခါ တတ်နိုင်သမျှ သကြားနဲ့ နို့ဆီကို လျှော့ထည့်ပြီး အချိုမကဲထားဖို့ လိုပါတယ်။

ကဲ ……. နွေပူပူကို အခုပြောပြခဲ့တဲ့ သောက်စရာလေးတွေ သောက်ရင်း အပူဒဏ်ကို အကောင်းဆုံး ရင်ဆိုင်လိုက်စို့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]


 






 

အုန်းစိမ်းရည်


 

ကြံရည်


 

ဖရဲသီးဖျော်ရည်


 

သံပုရာရည်



 

နာနတ်သီး ဖျော်ရည်


 

သောက်ရေ







Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service