ခြံစည်းရိုးအဖြစ်သုံးနေကြတဲ့ အဝိုင်း‌ပေါက်အပြားလေးတွေရဲ့ သမိုင်းကြောင်း

ခြံစည်းရိုးအဖြစ်သုံးနေကြတဲ့ အဝိုင်း‌ပေါက်အပြားလေးတွေရဲ့ သမိုင်းကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Apr 2022 11:25 am တွင် တင်ခဲ့သည်
2258 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မြန်မာပြည် နေရာအနှံ့မှာ ခြံစည်းရိုးတွေ၊ တံတားတွေ၊ မြောင်းဖုံးတွေ အနေနဲ့ ယနေ့အထိ ဘက်စုံ သုံးစွဲနေကြတဲ့ သံပြားပေါက်တွေကို မြင်ဖူးကြပါလိမ့်မယ်။

အဲ့ဒီ သံပြားပေါက်တွေကို Marston mats (မာစတန် ကြမ်းခင်း) လို့ ခေါ်ပါတယ်။

နောက်တစ်နည်း PSP (Perforated steel planking) လို့လည်း ခေါ်ပါတယ်။ မြန်မာလို ဆိုရင်တော့ သံပြားပေါက် ကြမ်းခင်းပြားလို့ ဘာသာပြန်ရမှာပေါ့လေ။

ဒီ သံပြားပေါက် အခင်းပြားတွေကို ဒုတိယကမ္ဘာစစ် မစမှီလေးမှာပဲ အမေရိကန်တွေက တီထွင်ခဲ့တာပါ။

ယာဉ်သွားလမ်းတွေ၊ လေယာဉ်ပြေးလမ်းတွေကို အမြန်တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။

Marston mat​s ဆိုတဲ့ နာမည်ကတော့အ​မေရိကန် မြောက်ကာရိုလိုင်းနားပြည်နယ်က Marston လေယာဉ်ကွင်းမှာ အရင်ဆုံး စတင်စမ်းသပ် အသုံးပြုခဲ့တဲ့အတွက် အဲ့ဒီနာမည် တွင်သွားတာပါ။

သံပြားတွေရဲ့ အလယ်က အပေါက်တွေက သေချာဖောက်ထားတာပါ။သံပြားရဲ့ ဝိတ်ကို ပေါ့သွားအောင်ရော၊ သံပြားက အချပ်ပါးလေး ဖြစ်မနေပဲ နည်းနည်း ဖောင်းကြွ ဖြစ်လာအောင်အတွက်ပါ အပေါက်တွေ ဖောက်ထားတာပါ။

ထို့အပြင် သံပြား တွန့်လိမ်ခြင်း မဖြစ်ရအောင် အပေါက်တွေ တစ်လိုင်းခြင်း ကြားမှာ U ပုံသဏ္ဍာန် မြောင်း၂ ချောင်း ထည့်ထားပေးပါတယ်။ ၎င်း မြောင်းတွေဟာ ရေဆင်းမြောင်းတွေ အဖြစ်ပါ ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။

သံပြားရဲ့ အလျားလိုက် တစ်ဖက်မှာ ချိတ်တွေပါပြီး အလျားလိုက် နောက်တစ်ဖက်မှာ အဲ့ဒီချိတ်တွေနဲ့ ချိတ်ဆက်ဖို့ အပေါက်တွေ ပါဝင်ပါတယ်။

သံပြားပေါက်တွေကို ခင်းရာမှာတော့ zig zag pattern နဲ့ ခင်းကြတာများပါတယ်။ မဟုတ်ရင် အချပ်လိုက်ကြီး ရွေ့သွားမှာ စိုးလို့ပါ။

အမေရိကန် စစ်တပ်က အဲ့ဒီ PSP သံပြားပေါက်တွေကို M8 Landing Mat နာမည်ပေးပြီး အသုံးပြုခဲ့ပါတယ်။

အထူးသဖြင့် မြန်မာပြည်အပါအဝင် ပစိဖိတ် စစ်မျက်နှာ နေရာ အနှံ့အပြားမှာ အသုံးပြုခဲ့ပါတယ်။

M8 PSP တစ်ချပ်သည် အလျား ၁၀ ပေ၊ အနံ ၁၅ လက်မ ရှိပြီး ၆၆ ပေါင် လေးပါတယ်။

သံပြားပေါက် တစ်ချပ်မှာ အပေါက်ရေ ၈၇ ပေါက် ပါပါတယ်။

သံပြားပေါက်တွေကို Manganese ပါဝင်မှုနှုန်းများတဲ့ Steel နဲ့ လုပ်ထားတာပါ။

အဲ့ဒီအတွက် အရမ်း အကြမ်းခံပါတယ်။ ရာသီဥတုဒဏ် ခံနိုင်ပါတယ်။ အဖြုတ်အတပ်၊ အရွေ့အပြောင်း အကြိမ်ရေ များများ သုံးနိုင်ပါတယ်။

ဒါကြောင့်မို့လည်း ဒီနေ့အထိ အဲ့ သံပြားပေါက်တွေကို သုံးလို့ ရနေသေးတာပါ။

ဒါပေမယ့် သံပြားပေါက် တစ်ချပ်ကို ၆၆ပေါင် လေးနေတဲ့အတွက် လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိပါတယ်။

အဲ့ဒီအတွက် M9 Landing Mat ဆိုပြီး အလူမီနီယံ အပြားတွေ ထုတ်လုပ်ခဲ့ပါသေးတယ်။ M9 အလူမီနီယံ အပြားတွေက M8 သံပြားတွေထက် ဝိတ် ၃ ပုံ တစ်ပုံပဲ ရှိပါတယ်။

ဒါပေမယ့် စစ်အတွင်းမှာ အလူမီနီယံက စစ်အောင်နိုင်ရေးအတွက် အရေးကြီး သတ္တု ဖြစ်နေတာ တစ်ကြောင်း၊ သံပြားလောက် ခံနိုင်ရည် မရှိတာကြောင့်ရော ဆက်လက် မထုတ်လုပ်ခဲ့ပါဘူး။

ပစိဖိတ် စစ်မျက်နှာက ကျွန်းတွေပေါ်မှာ လေယာဉ်ပြေးလမ်း ဆောက်ဖို့ဆိုရင် မြေကြီးကို အရင် ညှိရပါတယ်။

အဲ့ဒီ မြေသားလမ်းပေါ်မှာ M8 သံပြားပေါက်တွေကို ခင်းပြီးတော့မှ အဲ့ဒီ သံပြားပေါက်တွေ အပေါ်ကို ကျောက်မှုန့်တွေ၊ မြေကြီးတွေနဲ့ ဖို့ကြပါတယ်။ တစ်ခါလေ သံပြားပေါက် အတိုင်းလည်း ခင်းထားတတ်ကြပါတယ်။

ရန်သူ့ဗုံးဒဏ်​ကြောင့် လေယာဉ်ပြေးလမ်း ပျက်စီးသွားရင်လည်း ပျက်စီးသွားတဲ့ သံပြားပေါက်တွေ နေရာမှာ သံပြားအသစ်တွေ အစားထိုးလိုက်တာနဲ့ ပြေးလမ်း ပြန်ကောင်းသွားပါပြီ။

စစ်ပြီးချိန်မှာတော့ အသုံးပြုပြီး M8 သံပြားပေါက်တွေကို ပြန်သယ် မသွားနိုင်တော့ပါဘူး။

ပြန်သယ်ရမယ့် စားရိတ်က အရမ်းကြီးမြင့်နေတာကြောင့် လေလံပစ်တဲ့ ဟာတွေကို ပစ်၊ ရောင်းမရလည်း ဒီတိုင်းပဲ ပုံထားခဲ့ကြတာ များပါတယ်။

အဲ့ဒီ သံပြားပေါက်တွေကို ဒေသခံ နိုင်ငံတွေက အနေ့အထိ ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြဆဲပါပဲ။

၎င်း သံပြားပေါက်တွေကို ဗီယက်နမ် စစ်ပွဲ အစအထိ အမေရိကန်တွေ အသုံးပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ဗီယက်နမ်စစ်မှာ သုံးတဲ့ ဂျက်လေယာဉ်တွေနဲ့ သံပြားပေါက်တွေက အဆင်မပြေတော့ပါဘူး။

ဂျက်အင်ဂျင်တွေထဲကို ပြင်ပက ခဲတွေ၊ သဲတွေ ဝင်လို့ မရပါဘူး။ အဲ့တော့ သံပြားအပေါက်တွေ အစား U shaped မြောင်း ၂ ချောင်းပဲ ပါတဲ့ သံပြား အပိတ်တွေကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ၎င်း mat တွေကို M8A1 mat တွေလို့ ခေါ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သယ်ယူစရိတ်​ ကြီးမြင့်တာရော၊ လေယာဉ်နဲ့ သယ်ရ ခက်တာရောကြောင့် ခေါင်းပွ အလူမီနီယံ အပြားတွေကို ပြောင်းလဲ အသုံးပြုနေပါတယ်။

သို့သော် ရေရှည် အသုံးပြုရမယ့် ပြေးလမ်းတွေမှာတော့ သံပြားတွေကို ယနေ့အထိ သုံးစွဲနေတုန်းပါပဲ ခင်ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Original Uploader

 

[Zawgyi]

ျခံစည္း႐ိုးအျဖစ္သုံးေနၾကတဲ့ အဝိုင္း‌ေပါက္အျပားေလးေတြရဲ႕ သမိုင္းေၾကာင္း

 

ျမန္မာျပည္ ေနရာအႏွံ႔မွာ ျခံစည္း႐ိုးေတြ၊ တံတားေတြ၊ ေျမာင္းဖုံးေတြ အေနနဲ႔ ယေန႔အထိ ဘက္စုံ သုံးစြဲေနၾကတဲ့ သံျပားေပါက္ေတြကို ျမင္ဖူးၾကပါလိမ့္မယ္။

အဲ့ဒီ သံျပားေပါက္ေတြကို Marston mats (မာစတန္ ၾကမ္းခင္း) လို႔ ေခၚပါတယ္။

ေနာက္တစ္နည္း PSP (Perforated steel planking) လို႔လည္း ေခၚပါတယ္။ ျမန္မာလို ဆိုရင္ေတာ့ သံျပားေပါက္ ၾကမ္းခင္းျပားလို႔ ဘာသာျပန္ရမွာေပါ့ေလ။

ဒီ သံျပားေပါက္ အခင္းျပားေတြကို ဒုတိယကမ႓ာစစ္ မစမွီေလးမွာပဲ အေမရိကန္ေတြက တီထြင္ခဲ့တာပါ။

ယာဥ္သြားလမ္းေတြ၊ ေလယာဥ္ေျပးလမ္းေတြကို အျမန္တည္ေဆာက္ဖို႔အတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္ခဲ့တာပါ။

Marston mat​s ဆိုတဲ့ နာမည္ကေတာ့အ​ေမရိကန္ ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္က Marston ေလယာဥ္ကြင္းမွာ အရင္ဆုံး စတင္စမ္းသပ္ အသုံးျပဳခဲ့တဲ့အတြက္ အဲ့ဒီနာမည္ တြင္သြားတာပါ။

သံျပားေတြရဲ႕ အလယ္က အေပါက္ေတြက ေသခ်ာေဖာက္ထားတာပါ။သံျပားရဲ႕ ဝိတ္ကို ေပါ့သြားေအာင္ေရာ၊ သံျပားက အခ်ပ္ပါးေလး ျဖစ္မေနပဲ နည္းနည္း ေဖာင္းႂကြ ျဖစ္လာေအာင္အတြက္ပါ အေပါက္ေတြ ေဖာက္ထားတာပါ။

ထို႔အျပင္ သံျပား တြန္႔လိမ္ျခင္း မျဖစ္ရေအာင္ အေပါက္ေတြ တစ္လိုင္းျခင္း ၾကားမွာ U ပုံသ႑ာန္ ေျမာင္း၂ ေခ်ာင္း ထည့္ထားေပးပါတယ္။ ၎ ေျမာင္းေတြဟာ ေရဆင္းေျမာင္းေတြ အျဖစ္ပါ ဒီဇိုင္းထုတ္ေပးထားတာ ျဖစ္ပါတယ္။

သံျပားရဲ႕ အလ်ားလိုက္ တစ္ဖက္မွာ ခ်ိတ္ေတြပါၿပီး အလ်ားလိုက္ ေနာက္တစ္ဖက္မွာ အဲ့ဒီခ်ိတ္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ အေပါက္ေတြ ပါဝင္ပါတယ္။

သံျပားေပါက္ေတြကို ခင္းရာမွာေတာ့ zig zag pattern နဲ႔ ခင္းၾကတာမ်ားပါတယ္။ မဟုတ္ရင္ အခ်ပ္လိုက္ႀကီး ေ႐ြ႕သြားမွာ စိုးလို႔ပါ။

အေမရိကန္ စစ္တပ္က အဲ့ဒီ PSP သံျပားေပါက္ေတြကို M8 Landing Mat နာမည္ေပးၿပီး အသုံးျပဳခဲ့ပါတယ္။

အထူးသျဖင့္ ျမန္မာျပည္အပါအဝင္ ပစိဖိတ္ စစ္မ်က္ႏွာ ေနရာ အႏွံ႔အျပားမွာ အသုံးျပဳခဲ့ပါတယ္။

M8 PSP တစ္ခ်ပ္သည္ အလ်ား ၁၀ ေပ၊ အနံ ၁၅ လက္မ ႐ွိၿပီး ၆၆ ေပါင္ ေလးပါတယ္။

သံျပားေပါက္ တစ္ခ်ပ္မွာ အေပါက္ေရ ၈၇ ေပါက္ ပါပါတယ္။

သံျပားေပါက္ေတြကို Manganese ပါဝင္မႈႏႈန္းမ်ားတဲ့ Steel နဲ႔ လုပ္ထားတာပါ။

အဲ့ဒီအတြက္ အရမ္း အၾကမ္းခံပါတယ္။ ရာသီဥတုဒဏ္ ခံႏိုင္ပါတယ္။ အျဖဳတ္အတပ္၊ အေ႐ြ႕အေျပာင္း အႀကိမ္ေရ မ်ားမ်ား သုံးႏိုင္ပါတယ္။

ဒါေၾကာင့္မို႔လည္း ဒီေန႔အထိ အဲ့ သံျပားေပါက္ေတြကို သုံးလို႔ ရေနေသးတာပါ။

ဒါေပမယ့္ သံျပားေပါက္ တစ္ခ်ပ္ကို ၆၆ေပါင္ ေလးေနတဲ့အတြက္ ေလယာဥ္နဲ႔ သယ္ယူပို႔ေဆာင္ရာမွာ အခက္အခဲ႐ွိပါတယ္။

အဲ့ဒီအတြက္ M9 Landing Mat ဆိုၿပီး အလူမီနီယံ အျပားေတြ ထုတ္လုပ္ခဲ့ပါေသးတယ္။ M9 အလူမီနီယံ အျပားေတြက M8 သံျပားေတြထက္ ဝိတ္ ၃ ပုံ တစ္ပုံပဲ ႐ွိပါတယ္။

ဒါေပမယ့္ စစ္အတြင္းမွာ အလူမီနီယံက စစ္ေအာင္ႏိုင္ေရးအတြက္ အေရးႀကီး သတၱဳ ျဖစ္ေနတာ တစ္ေၾကာင္း၊ သံျပားေလာက္ ခံႏိုင္ရည္ မ႐ွိတာေၾကာင့္ေရာ ဆက္လက္ မထုတ္လုပ္ခဲ့ပါဘူး။

ပစိဖိတ္ စစ္မ်က္ႏွာက ကြၽန္းေတြေပၚမွာ ေလယာဥ္ေျပးလမ္း ေဆာက္ဖို႔ဆိုရင္ ေျမႀကီးကို အရင္ ညႇိရပါတယ္။

အဲ့ဒီ ေျမသားလမ္းေပၚမွာ M8 သံျပားေပါက္ေတြကို ခင္းၿပီးေတာ့မွ အဲ့ဒီ သံျပားေပါက္ေတြ အေပၚကို ေက်ာက္မႈန္႔ေတြ၊ ေျမႀကီးေတြနဲ႔ ဖို႔ၾကပါတယ္။ တစ္ခါေလ သံျပားေပါက္ အတိုင္းလည္း ခင္းထားတတ္ၾကပါတယ္။

ရန္သူ႕ဗုံးဒဏ္​ေၾကာင့္ ေလယာဥ္ေျပးလမ္း ပ်က္စီးသြားရင္လည္း ပ်က္စီးသြားတဲ့ သံျပားေပါက္ေတြ ေနရာမွာ သံျပားအသစ္ေတြ အစားထိုးလိုက္တာနဲ႔ ေျပးလမ္း ျပန္ေကာင္းသြားပါၿပီ။

စစ္ၿပီးခ်ိန္မွာေတာ့ အသုံးျပဳၿပီး M8 သံျပားေပါက္ေတြကို ျပန္သယ္ မသြားႏိုင္ေတာ့ပါဘူး။

ျပန္သယ္ရမယ့္ စားရိတ္က အရမ္းႀကီးျမင့္ေနတာေၾကာင့္ ေလလံပစ္တဲ့ ဟာေတြကို ပစ္၊ ေရာင္းမရလည္း ဒီတိုင္းပဲ ပုံထားခဲ့ၾကတာ မ်ားပါတယ္။

အဲ့ဒီ သံျပားေပါက္ေတြကို ေဒသခံ ႏိုင္ငံေတြက အေန႔အထိ ပုံစံမ်ိဳးစုံနဲ႔ အသုံးျပဳေနၾကဆဲပါပဲ။

၎ သံျပားေပါက္ေတြကို ဗီယက္နမ္ စစ္ပြဲ အစအထိ အေမရိကန္ေတြ အသုံးျပဳခဲ့ပါေသးတယ္။

ဒါေပမယ့္ ဗီယက္နမ္စစ္မွာ သုံးတဲ့ ဂ်က္ေလယာဥ္ေတြနဲ႔ သံျပားေပါက္ေတြက အဆင္မေျပေတာ့ပါဘူး။

ဂ်က္အင္ဂ်င္ေတြထဲကို ျပင္ပက ခဲေတြ၊ သဲေတြ ဝင္လို႔ မရပါဘူး။ အဲ့ေတာ့ သံျပားအေပါက္ေတြ အစား U shaped ေျမာင္း ၂ ေခ်ာင္းပဲ ပါတဲ့ သံျပား အပိတ္ေတြကို ေျပာင္းလဲ အသုံးျပဳခဲ့ပါတယ္။ ၎ mat ေတြကို M8A1 mat ေတြလို႔ ေခၚပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ သယ္ယူစရိတ္​ ႀကီးျမင့္တာေရာ၊ ေလယာဥ္နဲ႔ သယ္ရ ခက္တာေရာေၾကာင့္ ေခါင္းပြ အလူမီနီယံ အျပားေတြကို ေျပာင္းလဲ အသုံးျပဳေနပါတယ္။

သို႔ေသာ္ ေရ႐ွည္ အသုံးျပဳရမယ့္ ေျပးလမ္းေတြမွာေတာ့ သံျပားေတြကို ယေန႔အထိ သုံးစြဲေနတုန္းပါပဲ ခင္ဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Original Uploader

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service