ညသိပ်ရေနွေး သောက်သင့်လား

ညသိပ်ရေနွေး သောက်သင့်လား - Property Knowledge in Myanmar from iMyanmarHouse.com
1 Apr 2022 12:01 pm တွင် တင်ခဲ့သည်
1146 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ညသိပ်ရေနွေး (ရေနွေးကြမ်း) သောက်သုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေလား၊ ညသိပ်ရေနွေးသောက်သုံးသင့်လား”

ဒီမေးခွန်းတွေဟာ ရေနွေးသောက်သုံးသူတွေကြားမှာ အငြင်းပွားနေရတဲ့ မေးခွန်းတွေပါ။

လက်ဖက်ခြောက်ခပ်(ထည့်)ပြီးခါစဆို ရေနွေးရဲ့ အရောင်ကလည်း ဖျော့သလို အရသာလည်း သိပ်မပြင်းသေးပါဘူး၊၊ လက်ဖက်ခြောက်အမျိုးအစားပေါ်မူတည်ပြီး အချိန်ဘယ်လောက်နေမှ သောက်ရင် အကောင်းဆုံးဆိုတာ ရှိပါတယ်။ ဥပမာ - ဂရင်းတီးဆိုရင် လက်ဖက်ခြောက် ခပ်ပြီး ၂ မိနစ် ၃ မိနစ်ဆိုရင် သောက်လို့ရပါပြီ။ Herbal tea (ဟာဘယ်တီး) ဆိုရင် ၅-၇ မိနစ်လောက်နေမှ သောက်ရင် အနေတော်ဖြစ်ပါလိမ့်မယ်။

ရေနွေးထည့်ပြီး ၂ မိနစ်လောက်ဆိုရင် Caffeine (ကဖင်း) ဓာတ် စထွက်လာပြီမို့ ယေဘုယျအားဖြင့် ဒီလို အချိန်မှာ စသောက်လို့ရပါပြီ။ ၅ မိနစ်လောက်နေရင်တော့ Tannin (အရောင်) တွေထွက်လာပြီး ရေနွေးသောက်လေ Relax and calm (စိတ်လက်သက်သာ) ဖြစ်လေပေါ့။ ရေနွေးထည့်ပြီး တနာရီအတောအတွင်း သောက်နိုင်ရင် အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ရေနွေးရဲ့ အကျိုးကျေးဇူးတွေခံစားရမှာ ဖြစ်ပါတယ်။

 

အရမ်းအကြာကြီးနေမှသောက်ရင်၊ ညသိပ်ထားတဲ့ ရေနွေးတွေသောက်မယ် ဆိုရင်‌ရော ဘာဖြစ်မှာလဲ..

လက်ဖက်ခြောက်တွေကို ရေနွေးထဲမှာ ကြာကြာစိမ်လေ Tannin concentration တအားမြင့်လာလေပဲ။ Caffeine က လူကို alert and active (တက်ကြွလန်းဆန်း) ဖြစ်စေပြီး Tannin ကတော့ calm (စိတ်အေးသက်သာ) ဖြစ်စေပါတယ်။ Tannin က လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေပေးတယ် ဆိုပေမယ့် အရမ်းများလွန်းရင် အဆိုးဘက်ကို ရောက်သွားပါတယ်။ Tannin က Protein (ပရိုတိန်း) တို့ mineral molecule တို့တွေနဲ့ အလွယ်တကူကပ်သွားပြီး ခန္ဓာကိုယ်ကနေ အာဟာရဓါတ် စုပ်ယူမှုကို ဟန့်တားပါတယ်။

ရေနွေးကို ကြာကြာထားလိုက်မယ်ဆိုရင် လက်ဖက်တွေဟာ ဓာတ်တိုးခြင်းဖြစ်စဉ်တွေ ဖြစ်ပြီး အနံ့တွေ၊ အရသာတွေ ပြောင်းကုန်ပါတယ်။ ညသိပ်ထားတဲ့ ရေ‌နွေး/ရေနွေးကြမ်းရဲ့ အဓိက ပြဿနာကတော့ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ ဗိုက်တာမင်ဓာတ်တွေ (ဥပမာ vitamin C and vitamin E) လျော့နည်းကုန်တယ်၊၊ ပိုလီဖီနောတွေ ဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်သွားမယ်။ ရေ‌နွေး အရောင်မည်းလာပါမယ်။ အဲဒါကြောင့် ရေ‌နွေး/ရေနွေးကြမ်းအရောင်တွေ မည်းနေမယ်ဆိုရင်တော့ မသောက်သင့်တော့ပါဘူး။

အခန်းအပူချိန်အတိုင်းမှာ ဒီအတိုင်းထားထားတဲ့ အေးနေတဲ့ ရေနွေးမှာ theophylline နဲ့ caffeine ဓါတ်တွေ အများကြီးထွက်လာတာမို့ ဒီလိုမျိုးရေနွေးအေးတွေသောက်သုံးတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့အပြင် လက်ဖက်ခြောက်မှာပါတဲ့ ပရိုတိန်းနဲ့ သကြားဓါတ်တွေကလည်း ရေနွေးတွေ အေးသွားတဲ့အခါ အပြင်က ဘတ်တီးရီးယားတွေ မှိုတွေကို လက်ယက်ခေါ်နေသလိုပဲမို့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

အဲဒါကြောင့် ညသိပ်ထားတဲ့ ရေနွေးကြမ်း ဒါမှမဟုတ် အချိန်အကြာကြီး စိမ်ထားတဲ့ ရေနွေးကြမ်းတွေသောက်ခြင်းဟာ ဆေးလိပ်အနံ့ရှူနေသူတွေထက် ပိုဆိုးပါတယ်။ အဲဒါကြောင့် သောက်ခါးနီးမှ ရေနွေးကြမ်းအိုးလေး ပြင်သောက်တာ ပိုကောင်းပါတယ်၊၊ ရေနွေးလေးဖြည့်လိုက် ခဏနေသောက်လိုက်ပေါ့။ လက်ဖက်ခြောက်ကိုလည်း အကြာကြီး မသုံးပဲ မကြာခဏလဲပေးဖို့ အရေးကြီးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]


 





 










နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service