ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများ

ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Mar 2022 10:24 am တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကွန်ဒိုတိုက်ခန်းပိုင်သူသည် မှတ်ပုံတင်ထားသောတိုက်ခန်းကို ...

(က) ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းနှင့် လဲလှယ်ခြင်းဖြစ်စေ၊

(ခ) ရောင်းချခြင်း၊

(ဂ) နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့်( သို့) ဒီဂရီအရ ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတစ်ရပ်ရပ်တို့ ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လက်ခံရရှိသူတို့သည် လွှဲပြောင်းသည့် နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် လွှဲပြောင်းသည့်စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်။ (စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ-၂၀)

ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများမှာ-

(က) ပုဒ်မ(၂၀)အရ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် တိုက်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ခွင့်ရှိသည်။ တိုက်ခန်းပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းလက်ခံ ရရှိသူ အမည်သို့ ပြောင်းလဲခွင့်ရှိသည်။

(ခ) ဥပဒေနှင့်အညီ တိုက်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးသည့်အခါ တိုက်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည်။

(ဂ) တိုက်ခန်းကို နိုင်ငံသားအား ဥပဒေနှင့်အညီ ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ ငှားရမ်း၊ ပေါင်နှံ၊ အမွေဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပ်ိုင်ခွင့်များရှိသည်။

(ဃ) (၁) တိုက်ခန်းကို နိုင်ငံခြားသားအား ဥပဒေနှင့်အညီ ငှားရမ်း၊ ပေါင်နှံ၊ ခွင့်ပြုချက်ဖြင့် ထားပ်ိုင်ခွင့်များ ရှိသည်။

(၂) ကွန်ဒို၏ ၄၀%ထက်မပိုသော တိုက်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်။

(င) တိုက်ခန်းကို ဘဏ်တွင် ပေါင်နှံခွင့်ရှိသည်။

(စ) အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ရယူ၍ ကွန်ဒိုအဆောက်အအုံ၏ခိုင်ခံ့မှုကို မထိခိုက်စေပဲ အသေးစားပြင်ဆင်ခွင့်ရှိပါသည်။

(ဆ) ကော်မတီ၏ ရန်ပုံငွေကို စုပေါင်းပိုင်သူအားလုံးနှင့်အတူ သက်ဆိုင်ခွင့်ရှိသည်။

(ဇ) အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာရေး၊ နာရေး ကိစ္စအတွက် ယာယီအသုံးပြုခွင့်ရှိသည်။

(ဈ) ‌ကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်က်ခံပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 


 



(ခ) ရောင်းချခြင်း၊





(ဂ) တိုက်ခန်းကို နိုင်ငံသားအား ဥပဒေနှင့်အညီ ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ ငှားရမ်း၊ ပေါင်နှံ၊ အမွေဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များရှိသည်။

(ဃ) (၁) တိုက်ခန်းကို နိုင်ငံခြားသားအား ဥပဒေနှင့်အညီ ငှားရမ်း၊ ပေါင်နှံ၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များ ရှိသည်။












 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service