ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်
ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2022 1:25 pm တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ရှေးဟောင်းပစ္စည်းမှ ပစ္စည်းဟောင်း မဟုတ်ပါဘူး။ ဘေထုပ်၊ တစ်ပတ်နွမ်း၊ အဟောင်းနဲ့ အသုံးပြုပြီးပစ္စည်းတွေဟာလည်း အဟောင်းပါပဲ။ တဆင့်ရယူသုံးစွဲတာ၊ ဝယ်ယူသုံးစွဲတာမျိုးလည်း ရှိတယ်မဟုတ်လား။
လူတွေက ဈေးနှုန်းသက်သာလို့၊ အလကားရလို့၊ သဘောကျလို့၊ လူကြီးတွေဆီက လက်ဆောင်ရလို့စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ပစ္စည်းအဟောင်းတွေကို ပြန်အသုံးချကြလေ့ရှိပါတယ်။ အကုန်အကျသက်သာပြီး သုံးရအဆင်ပြေတာကြောင့်လည်းပါတာပေါ့။
အဟောင်းတွေဟာ သုံးရအဆင်ပြေနိုင်ပေမယ့် ဒီကနေ့ခေတ်လို့ ရောဂါဘယပေါင်း သောင်းခြောက်ထောင် ပေါများနေတဲ့ခေတ်မှာ သတိထားသုံးစွဲဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် တချို့သော ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် သတိထားသင့်တာလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။
ကလေးပစ္စည်း
ကလေးနဲ့သက်ဆိုင်တဲ့ ပရိဘောဂတွေ၊ တခြားအသုံးအဆောင်တွေကို ပြန်လည်အသုံးချမယ်၊ ဝယ်ယူသုံးစွဲမယ်၊ တဆင့်ခံအသုံးပြုမယ်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျက်စီးမှုတွေ၊ အပြစ်အနာအဆာတွေတင် စစ်ဆေးရမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုရှိမရှိလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
မော်တော်ကားထိုင်ခုံ
မော်တော်ယာဉ်ထိုင်ခုံတွေဟာ ရောဂါပိုးမွှားတွေ တွယ်ငြိနေနိုင်တဲ့ နေရာတစ်ခုပါ။ ဒါကြောင့် အသစ်ဝယ်လဲမယ်၊ ဝယ်တပ်မယ်ဆိုရင် အသစ်ကိုသာ ဝယ်ယူဖို့သင့်ပါတယ်။ နောက်ပြီး ၆ နှစ်နဲ့အထက် အသုံးပြုထားတဲ့ ထိုင်ခုံတွေဟာ အပူဒဏ်နဲ့ အအေးဒဏ်ကို ခံနိုင်စွမ်း လျော့နည်းနေပြီဖြစ်တာမို့ အန္တရာယ်များတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
ဆေးလိပ်ငွေ့အနံ့ရမရ စစ်ဆေးပါ
အဝတ်အထည်၊ ပစ္စည်းစသဖြင့် ဘယ်လိုအရာတွေကို ဝယ်ဝယ် ဆေးလိပ်နံ့ရမရ စစ်ဆေးပါ။ ဆေးလိပ်နံ့ဟာ အချိန်အတန်ကြာ စွဲကပ်နေတတ်တာကြောင့် Third hand Smoke အနေနဲ့ မိမိတို့ကိုပါ ထိခိုက်နိုင်တာကြောင့်ပါ။
ကလေးပုခက်စင်
တချို့က ကလေးပုခက်လိုအရာမျိုးတွေကို လက်ဆင့်ကမ်းသုံးတတ်ကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းဟာ ကောင်းမွန်တဲ့နည်းမဟုတ်ပါဘူး။ အသုံးပြုပြီးသား ပုခက်စင်တွေ၊ ကလေးအိပ်ယာတွေဟာ တလက်ကိုင်ပဲကောင်းပါတယ်။
ကလေးလက်တွန်းလှည်း
ကလေးလက်တွန်းလှည်းတွေကို လက်ဆင့်ကမ်းသုံးလို့ရပါတယ်။ ဒါပေမယ့် သေချာစစ်ဆေးဖို့တော့ လိုတာပေါ့။ အထူးသဖြင့်ကြံ့ခိုင်မှုကောင်းမွန်သေးရဲ့လား သေချာစစ်ဆေးဖို့ လိုမှာပါ။
အလှကုန်၊ မိတ်ကပ်ဘရက်ရှ်
ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အလှကုန်တွေကို ခွဲပြီးရောင်းတာမျိုး၊ မသုံးဖြစ်တော့တဲ့ လက်ကျန်တွေကို ပြန်ရောင်းတာမျိုးတွေ ခေတ်စားလာပါတယ်။ တကယ်တော့ ဒီနည်းလမ်းဟာ ရောဂါပိုးဖြန့်ဝေတဲ့နည်းလမ်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ သေချာပေါက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
အဝတ်အစားအဟောင်း
အဝတ်အစားဟောင်းတွေနဲ့ လိုင်နင်စတွေဆိုရင်တော့ သေချာလျှော်ဖွတ် အခြောက်ခံပြီးမှ အသုံးပြုသင့်ပါတယ်။ မလျှော်ခင်မှာ ရေနွေးနဲ့ မိနစ် ၃၀ လောက် စိမ်ထားပေးဖို့လိုအပ်ပါတယ်။
ဟဲလ်မတ်ဦးထုပ်
မော်တော်ဆိုင်ကယ်နဲ့ စက်ဘီး ဟဲလ်မတ်ဦးထုပ်တွေဟာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ပေါက်ပွားရှင်သန်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်လည်း ဟဲလ်မတ်တွေကို သန့်ရှင်းတာမျိုး အားနည်းတတ်ကြတာမို့ အဟောင်းတွေကို အသုံးပြုတဲ့အခါမှာ သေချာသန့်စင်ပြီးမှ သုံးတာကောင်းပါတယ်။
မီးအိမ်ဟောင်း
မီးအိမ်နဲ့ မီးသီးဟောင်းတွေဟာ မီးလောင်လွယ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် ပြန်မသုံးသင့်ပါဘူး။ အထူးသဖြင့် ဝပ် ၃၀၀ ကျော်တဲ့ မီးသီးဟောင်းတွေကို လုံးဝပြန်မသုံးသင့်ပါဘူး။
ရေကူးဝတ်စုံ၊ အတွင်းခံ
ရေကူးဝတ်စုံနဲ့ အတွင်းခံတွေကို မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေအကြားမှာ မျှဝေသုံးတာမျိုး၊ လက်ဆင့်ကမ်းတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလို ဝတ်စုံတွေကို မျှဝေသုံးတာဟာ ကျန်းမာရေးအမြင်နဲ့ကြည့်မယ်ဆိုရင် အလွန်အန္တရာယ်များတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အထူးသဖြင့် အတွင်းခံတွေကနေတဆင့် အရေပြားသက်ဆိုင်တဲ့ ရောဂါအများအပြားကူးစက်နိုင်ပါတယ်။
မော်တော်ကား တာယာ
မော်တော်ယာဉ်တချို့ဟာ ပန်းမပါးသေးတဲ့ တာယာအဟောင်းတွေကို ပြန်ဝယ်ပြီး သုံးတတ်ကြပါတယ်။ ဒါမှမဟုတ်လည်း ပြန်လည်ပြင်ဆင်ပြီး သုံးတတ်ကြပါတယ်။ ဒီနည်းလမ်းဟာ မော်တော်ယာဉ်မတော်တဆမှုဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိထားသင့်ပါတယ်။
ဆံပင်အခြောက်ခံစက်
Hair Dryers အဟောင်းတွေကို အသုံးပြုမယ်ဆိုရင် ပလပ်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ပလပ်တွေ အရည်အသွေးကျဆင်းနေရင် ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ကလေးပစ္စည်း
မော်တော်ကားထိုင်ခုံ
ကလေးပုခက်စင်
ကလေးလက်တွန်းလှည်း
အဝတ်အစားအဟောင်း
ဟဲလ်မတ်ဦးထုပ်
မီးအိမ်ဟောင်း
ရေကူးဝတ်စုံ၊ အတွင်းခံ
မော်တော်ကား တာယာ
ဆံပင်အခြောက်ခံစက်
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service