သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2022 11:58 am တွင် တင်ခဲ့သည်
1639 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံတွေကို ဖျက်ပိုးရောဂါဒဏ်မှ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို အသုံးမပြုချင်ဘဲ အသုံးပြုရပါတယ်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသော ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မာလာတဲ့အတွက် ပိုးသတ်ဆေးတွေကို ပမာဏမြင့်ပြီး သုံးစွဲလာရပါတယ်။ ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့် ရောဂါမှား၍ ဆေးဖြန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါအသုံးပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီး ဈေးကွက်အလျင်မှီရန် တင်ပို့ရသဖြင့် နေ့စဉ်စားသုံးသော အသီးအနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာပြီ စားသုံးသူတို့၏ ကျန်းမာရေးအန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။
ကျန်းမာအသက်ရှည်လိုလျှင် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးသင့်သည်ဆိုသော်လည်း ၎င်းဟင်းသီးဟင်းရွက်များတွင် ပါဝင်နေသော ဓာတ်ကြွင်းအန္တရာယ်ကို သတိပြုသင့်ပါတယ်။ Environmental Working Group(EWG)၏ လေ့လားစမ်းသပ်မှုများအရ အမေရိကန်နိုင်ငံမှာရောင်းချတဲ့ အော်ဂဲနစ်မဟုတ်တဲ့ ဟင်းသီးဟင်းရွက် ၇၀% မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပိုးသတ်ဆေးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင် တရားမဝင် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သောကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မှာများလှပါတယ်။
ကိုက်လန်၊ မုန်ညှင်း စသောဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ အခြားသောဟင်းသီးဟင်းရွက်များတွင် တွေ့ရသော neonicotinoid နှင့် pyrethroid ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ငရုတ်ပွမှာတွေ့ရတဲ့ acephate၊ chlorpyrifos ပိုးသတ်ဆေးတွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် 2017 မှာ US,EU မှာ တားမြစ်ထားပါတယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုက သီးနှံအမျိုးအစားကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူများအနေဖြင့် ဘယ်သီးနှံတွေက ဓာတုဓာတ်ကြွင်း ပါဝင်မှုအများဆုံးလဲဆိုတာ နားလည်သိရှိရန် အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အများဆုံး အသီးအနှံ (၁၁) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။
EWG ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းအရ ဓာတုဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုးကတော့ ......
၁။ စတော်ဘယ်ရီ
၂။ ဟင်းနုနွယ်
၃။ ကိုက်လန်၊ မုန်ညင်း
၄။ ပန်းသီး
၅။ စပျစ်
၆၊၊ ချယ်ရီသီး (မြန်မာနိုင်ငံမှာ စားသုံးမှုနည်းပါးပါသည်။)
၇။ မက်မွန်သီး
၈။ သစ်တော်သီး
၉။ ငရုတ်ပွ
၁၀။ တရုတ်နံနံ
၁၁။ ခရမ်းချဉ်
ဒါကြောင့် သက်ရှည်ကျန်းမာဖို့ ဩဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးဖို့လိုအပ်သော်လည်း ဩဂဲနစ်သီးနှံများမှာ ဈေးများခြင်း​၊ ဩဂဲနစ်သီးနှံဈေးကွက် ကောင်းစွာမထွန်းကားခြင်းကြောင့် ဓာတုဆေးများကို အသုံးပြု၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးကြရာတွင် စနစ်တကျဆေးကြောခြင်း၊ အခွံခွာခြင်းပြုလုပ်ပြီးမှ စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင့်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: greenwaymyanmar
[Zawgyi]
၁။ စတော်ဘယ်ရီ
၂။ ဟင်းနုနွယ်
၃။ ကိုက်လန်၊ မုန်ညင်း
၎။ ပန်းသီး
၅။ စပျစ်
၇။ မက်မွန်သီး
၈။ သစ်တော်သီး
၉။ ငရုတ်ပွ
၁၀။ တရုတ်နံနံ
၁၁။ ခရမ်းချဉ်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service