အိမ်တွင်း လေဝင်လေထွက် ပိုမိုကောင်းမွန်စေဖို့ အချက် (၃) ချက်

အိမ်တွင်း လေဝင်လေထွက် ပိုမိုကောင်းမွန်စေဖို့ အချက် (၃) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2022 12:30 pm တွင် တင်ခဲ့သည်
1124 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အသက်ရှင်ဖို့အတွက် တစ်ခုတည်းနဲ့အခြေခံအကျဆုံးလိုအပ်ချက်က အသက်ရှူဖို့ဖြစ်တာကြောင့် သင်အများဆုံးရှူရှိုက်နေရတဲ့ သင့်အိမ့်ရဲ့ လေဝင်လေထွက်မှုနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့လိုပါပြီ။

လေဝင်လေထွက်ဆိုတာကို အရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုရရင် လေဆိုးကို လေကောင်းနဲ့ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။

(၁) ဖုန်၊ ဝတ်မှုန်နဲ့ ပြင်ပကနေ လွင့်လာတဲ့ အခြားညစ်ညမ်းစေတဲ့ပစ္စည်းတွေ၊ (၂) ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့၊ volatile organic compounds (VOCs) လို့ခေါ်တဲ့ အော်ဂဲနစ်(ကာဗွန်ပါဝင်တဲ့ဒြပ်ပေါင်း)ညှော်နံ့ (သုတ်ဆေးတွေ၊ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ သန့်ရှင်းရေးသုံး ဓါတုဆေးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ရုံးသုံး စက်ကရိယာ ပစ္စည်းတွေ၊ စာရေးကရိယာတွေ၊ အလှအပအသုံးအဆောင်တွေ၊ Air fresher (လေသန့်စေတဲ့ ဆေး) စတာတွေကနေ လေထဲမှာ VOCs တွေ ပါနေတယ်။) နဲ့ ယနေ့ခေတ်မှာ အသုံးပြုကြတဲ့ အိမ်သုံးသန့်ရှင်းရေးကိရိယာတွေနဲ့ ပရိဘောဂ၊ လွှမ်းထည်၊ ခင်းထည်တွေက ခဏခဏထွက်လွန်းတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အခြားသောအရာတွေ၊ နဲ့ (၃) ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ ချက်ပြုတ်ခြင်း၊ ရေချိုးခြင်းနဲ့ အသက်ရှူခြင်းကဲ့သို့ နေ့စဥ်ဆောင်ရွက်တဲ့လှုပ်ရှားမှုများအတွင်း ဖြစ်ပေါ်ထွက်ရှိသည့် မှိုဖြစ်စေတဲ့ အစိုဓာတ်အပါအဝင် အမျိုးမျိုးသောအရာတွေအားလုံးကြောင့် နေအိမ်တွေမှာ လေဆိုးဖြစ်ပေါ်လာတာဟာ ပုံမှန်ပဲဖြစ်ပါတယ်။

ယခုအခါ နေအိမ်တွေဟာ အပူပေး/အအေးပေးစနစ်တွေကို တစ်နှစ်ပတ်လုံးကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုတွေကြောင့် ပိုလို့အလုံပိတ်လာကြပါတယ်။ ကံမကောင်းစွာပဲ သေချာပြင်ဆင်တည်ဆောက်ထားတဲ့ ကောင်းပေ့ညွန့်ပေ့အဆင့်မြင့်အိမ်တွေမှာ အိမ်တွင်းလေထုအရည်အသွေးကို ထိခိုက်စေတဲ့ အဲဒီအရာအားလုံးလွယ်လင့်တကူပါဝင်ပိတ်မိနေပါတယ်။

လေဆိုးနေရာမှာ ကောင်းမွန်သစ်လွင်တဲ့လေနဲ့အစားထိုးဖို့ရာ အောက်ပါနည်းနာနိဿယလေးတွေကို ဆက်လက်ဖတ်ရှုလိုက်ပါ။

၁။ စေ့စေ့စပ်စပ် အငွေ့စုပ်ပါ

ဒီအချက်အတွက်က အငွေ့စုပ်ပန်ကာ ရှိပါတယ်။ အငွေ့စုပ်ပန်ကာ (exhaust fan) က ၎င်းကို တပ်ဆင်ထားတဲ့နေရာကနေ လေတွေကို ဆွဲယူပြီး အပြင်ဘက်ကို ထုတ်ပေးပါတယ်။ မီးဖိုချောင်နဲ့ သန့်စင်ခန်းတွေမှာ အငွေ့စုပ်ပန်ကာတွေ ရှိသင့်ပါတယ်။ ၎င်းကနေထွက်တဲ့အသံက အနည်းငယ်ဆူညံပေးတာကြောင့် နားငြီးပေမဲ့လည်း အငွေ့စုပ်ပန်ကာတွေကို အသုံးပြုပါ။ ဖွင့်ထားခိုက်နားငြီးမှုထက် ပြန်ရတဲ့အကျိုးကျေးဇူးဖြစ်တဲ့ လေဝင်လေထွက်ကောင်းခြင်းက ပိုသာတယ်မဟုတ်ပါလား။ သန့်စင်ခန်းထဲတပ်တဲ့ အငွေ့စုပ်ပန်ကာကို သန့်စင်ခန်းအသုံးပြုပြီးနောက် (တစ်နည်း ရေချိုး/မစင်စွန့်ပြီးနောက်) အနည်းဆုံး ၄၅ မိနစ်ကြာ ဖွင့်ထားပေးပါ။

၂။ သဘာဝကို အသုံးချဖို့လည်း မမေ့လိုက်ပါနဲ့ဦး

ပြင်ပလေက အိမ်တွင်းလေထက် ပိုမိုအေးမြခြောက်သွေ့တဲ့အခါ ပြတင်းတံခါးပေါက်တွေ ဖွင့်ပြီး လတ်ဆတ်တဲ့လေကို ဝင်ရောက်စီးဆင်းစေလို့ရပါတယ်နော်။ အကယ်၍ အပြင်မှာ လေသိပ်မတိုက်ဘူးဆိုရင် လေဝင်လေထွက် စီးဆင်းမှုအား ပိုကောင်းစေဖို့အတွက် တစ်အိမ်လုံးစာ လေစီးဆင်းစေတဲ့၊ ပြတင်းပေါက်မှာ တပ်တဲ့ ပန်ကာ (window fan သို့မဟုတ် whole-house fan) ကို အသုံးပြုပါ။

၃။ လေထုကို သန့်စင်ပေးပါ

အပူပေးစနစ်အများစုနဲ့ အအေးပေးစနစ်အများစုက လေထုထဲက အစိုဓာတ်ကို အပြည့်အဝမဖယ်ရှားပေးပါဘူး။ ဒါကြောင့် မှိုဖြစ်နိုင်ချေလျှော့ချဖို့ တစ်အိမ်လုံးစာဖြစ်စေ တစ်ခန်းချင်းအလိုက်ဖြစ်စေ ရေငွေ့စုပ်စက် (Dehumidifier) ကို အသုံးပြုပါ။ အအေးပေးစနစ် တစ်နည်း အဲကွန်းရှိ လေစစ်ကော်ပြားကို တစ်နှစ်လျှင် အနည်းဆုံးလေးကြိမ် လဲလှယ်ပေး/ဆေးကြောပေးပါ။ ကော်ဇောတွေကို ဖုန်စုပ်စက် (Vacuum Cleaner) နဲ့ နေ့စဥ်ပုံမှန်ဖုန်စုပ်ပါ။ ဒါ့အပြင် window fan သို့မဟုတ် whole-house fan ရှိ အရွက်တံ/ဒလက်တွေကို မကြာခဏသန့်စင်ပေးဖို့လည်း လိုပါတယ်နော်။ ၎င်းပန်ကာတွေကိုတော့ အသုံးပြုပါရဲ့၊ သူ့အရွက်တံ/ဒလက်တွေကိုတော့ ဖုန်အလိမ်းလိမ်းပေကျံတဲ့အထိ မသန့်စင်ဖြစ်ဘူးဆိုရင်တော့ သူ့မှာကပ်နေတဲ့ ဖုန်တွေက အိမ်တွင်းလေထုထဲ ပြန်လည်ဝင်ရောက်သွားနိုင်တာကို သတိပြုကြဖို့ သတိပေးတင်ဆက်လိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 3 Home Ventilation Tips for Better Indoor Air (filtrete.com)

 

[Zawgyi]

အိမ္တြင္း ေလဝင္ေလထြက္ ပိုမိုေကာင္းမြန္ေစဖို႔ အခ်က္ (၃) ခ်က္

အသက္႐ွင္ဖို႔အတြက္ တစ္ခုတည္းနဲ႔အေျခခံအက်ဆုံးလိုအပ္ခ်က္က အသက္႐ွဴဖို႔ျဖစ္တာေၾကာင့္ သင္အမ်ားဆုံး႐ွဴ႐ိႈက္ေနရတဲ့ သင့္အိမ့္ရဲ႕ ေလဝင္ေလထြက္မႈနဲ႔ပတ္သက္ၿပီး ဂ႐ုစိုက္ဖို႔လိုပါၿပီ။

ေလဝင္ေလထြက္ဆိုတာကို အ႐ိုး႐ွင္းဆုံးအဓိပၸာယ္ဖြင့္ဆိုရရင္ ေလဆိုးကို ေလေကာင္းနဲ႔ အစားထိုးျခင္းပဲ ျဖစ္ပါတယ္။

(၁) ဖုန္၊ ဝတ္မႈန္နဲ႔ ျပင္ပကေန လြင့္လာတဲ့ အျခားညစ္ညမ္းေစတဲ့ပစၥည္းေတြ၊ (၂) ေဖာ္မယ္ဒီဟိုက္ဓာတ္ေငြ႕၊ volatile organic compounds (VOCs) လို႔ေခၚတဲ့ ေအာ္ဂဲနစ္(ကာဗြန္ပါဝင္တဲ့ျဒပ္ေပါင္း)ေညႇာ္နံ႔ (သုတ္ေဆးေတြ၊ ဆိုးေဆးေတြ၊ ပိုးသတ္ေဆးေတြ၊ သန္႔႐ွင္းေရးသုံး ဓါတုေဆးေတြ၊ ေဆာက္လုပ္ေရးပစၥည္းေတြ၊ ႐ုံးသုံး စက္ကရိယာ ပစၥည္းေတြ၊ စာေရးကရိယာေတြ၊ အလွအပအသုံးအေဆာင္ေတြ၊ Air fresher (ေလသန္႔ေစတဲ့ ေဆး) စတာေတြကေန ေလထဲမွာ VOCs ေတြ ပါေနတယ္။) နဲ႔ ယေန႔ေခတ္မွာ အသုံးျပဳၾကတဲ့ အိမ္သုံးသန္႔႐ွင္းေရးကိရိယာေတြနဲ႔ ပရိေဘာဂ၊ လႊမ္းထည္၊ ခင္းထည္ေတြက ခဏခဏထြက္လြန္းတဲ့ က်န္းမာေရးထိခိုက္ေစတဲ့အျခားေသာအရာေတြ၊ နဲ႔ (၃) ကာဗြန္မိုေနာက္ဆိုက္၊ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုက္နဲ႔ ခ်က္ျပဳတ္ျခင္း၊ ေရခ်ိဳးျခင္းနဲ႔ အသက္႐ွဴျခင္းကဲ့သို႔ ေန႔စဥ္ေဆာင္႐ြက္တဲ့လႈပ္႐ွားမႈမ်ားအတြင္း ျဖစ္ေပၚထြက္႐ွိသည့္ မိႈျဖစ္ေစတဲ့ အစိုဓာတ္အပါအဝင္ အမ်ိဳးမ်ိဳးေသာအရာေတြအားလုံးေၾကာင့္ ေနအိမ္ေတြမွာ ေလဆိုးျဖစ္ေပၚလာတာဟာ ပုံမွန္ပဲျဖစ္ပါတယ္။

ယခုအခါ ေနအိမ္ေတြဟာ အပူေပး/အေအးေပးစနစ္ေတြကို တစ္ႏွစ္ပတ္လုံးက်ယ္က်ယ္ျပန္႔ျပန္႔အသုံးျပဳမႈေတြေၾကာင့္ ပိုလို႔အလုံပိတ္လာၾကပါတယ္။ ကံမေကာင္းစြာပဲ ေသခ်ာျပင္ဆင္တည္ေဆာက္ထားတဲ့ ေကာင္းေပ့ၫြန္႔ေပ့အဆင့္ျမင့္အိမ္ေတြမွာ အိမ္တြင္းေလထုအရည္အေသြးကို ထိခိုက္ေစတဲ့ အဲဒီအရာအားလုံးလြယ္လင့္တကူပါဝင္ပိတ္မိေနပါတယ္။

ေလဆိုးေနရာမွာ ေကာင္းမြန္သစ္လြင္တဲ့ေလနဲ႔အစားထိုးဖို႔ရာ ေအာက္ပါနည္းနာနိႆယေလးေတြကို ဆက္လက္ဖတ္႐ႈလိုက္ပါ။

၁။ ေစ့ေစ့စပ္စပ္ အေငြ႕စုပ္ပါ

ဒီအခ်က္အတြက္က အေငြ႕စုပ္ပန္ကာ ႐ွိပါတယ္။ အေငြ႕စုပ္ပန္ကာ (exhaust fan) က ၎ကို တပ္ဆင္ထားတဲ့ေနရာကေန ေလေတြကို ဆြဲယူၿပီး အျပင္ဘက္ကို ထုတ္ေပးပါတယ္။ မီးဖိုေခ်ာင္နဲ႔ သန္႔စင္ခန္းေတြမွာ အေငြ႕စုပ္ပန္ကာေတြ ႐ွိသင့္ပါတယ္။ ၎ကေနထြက္တဲ့အသံက အနည္းငယ္ဆူညံေပးတာေၾကာင့္ နားၿငီးေပမဲ့လည္း အေငြ႕စုပ္ပန္ကာေတြကို အသုံးျပဳပါ။ ဖြင့္ထားခိုက္နားၿငီးမႈထက္ ျပန္ရတဲ့အက်ိဳးေက်းဇူးျဖစ္တဲ့ ေလဝင္ေလထြက္ေကာင္းျခင္းက ပိုသာတယ္မဟုတ္ပါလား။ သန္႔စင္ခန္းထဲတပ္တဲ့ အေငြ႕စုပ္ပန္ကာကို သန္႔စင္ခန္းအသုံးျပဳၿပီးေနာက္ (တစ္နည္း ေရခ်ိဳး/မစင္စြန္႔ၿပီးေနာက္) အနည္းဆုံး ၄၅ မိနစ္ၾကာ ဖြင့္ထားေပးပါ။

၂။ သဘာဝကို အသုံးခ်ဖို႔လည္း မေမ့လိုက္ပါနဲ႔ဦး

ျပင္ပေလက အိမ္တြင္းေလထက္ ပိုမိုေအးျမေျခာက္ေသြ႕တဲ့အခါ ျပတင္းတံခါးေပါက္ေတြ ဖြင့္ၿပီး လတ္ဆတ္တဲ့ေလကို ဝင္ေရာက္စီးဆင္းေစလို႔ရပါတယ္ေနာ္။ အကယ္၍ အျပင္မွာ ေလသိပ္မတိုက္ဘူးဆိုရင္ ေလဝင္ေလထြက္ စီးဆင္းမႈအား ပိုေကာင္းေစဖို႔အတြက္ တစ္အိမ္လုံးစာ ေလစီးဆင္းေစတဲ့၊ ျပတင္းေပါက္မွာ တပ္တဲ့ ပန္ကာ (window fan သို႔မဟုတ္ whole-house fan) ကို အသုံးျပဳပါ။

၃။ ေလထုကို သန္႔စင္ေပးပါ

အပူေပးစနစ္အမ်ားစုနဲ႔ အေအးေပးစနစ္အမ်ားစုက ေလထုထဲက အစိုဓာတ္ကို အျပည့္အဝမဖယ္႐ွားေပးပါဘူး။ ဒါေၾကာင့္ မိႈျဖစ္ႏိုင္ေခ်ေလွ်ာ့ခ်ဖို႔ တစ္အိမ္လုံးစာျဖစ္ေစ တစ္ခန္းခ်င္းအလိုက္ျဖစ္ေစ ေရေငြ႕စုပ္စက္ (Dehumidifier) ကို အသုံးျပဳပါ။ အေအးေပးစနစ္ တစ္နည္း အဲကြန္း႐ွိ ေလစစ္ေကာ္ျပားကို တစ္ႏွစ္လွ်င္ အနည္းဆုံးေလးႀကိမ္ လဲလွယ္ေပး/ေဆးေၾကာေပးပါ။ ေကာ္ေဇာေတြကို ဖုန္စုပ္စက္ (Vacuum Cleaner) နဲ႔ ေန႔စဥ္ပုံမွန္ဖုန္စုပ္ပါ။ ဒါ့အျပင္ window fan သို႔မဟုတ္ whole-house fan ႐ွိ အ႐ြက္တံ/ဒလက္ေတြကို မၾကာခဏသန္႔စင္ေပးဖို႔လည္း လိုပါတယ္ေနာ္။ ၎ပန္ကာေတြကိုေတာ့ အသုံးျပဳပါရဲ႕၊ သူ႕အ႐ြက္တံ/ဒလက္ေတြကိုေတာ့ ဖုန္အလိမ္းလိမ္းေပက်ံတဲ့အထိ မသန္႔စင္ျဖစ္ဘူးဆိုရင္ေတာ့ သူ႕မွာကပ္ေနတဲ့ ဖုန္ေတြက အိမ္တြင္းေလထုထဲ ျပန္လည္ဝင္ေရာက္သြားႏိုင္တာကို သတိျပဳၾကဖို႔ သတိေပးတင္ဆက္လိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 3 Home Ventilation Tips for Better Indoor Air (filtrete.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service