ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်

ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် - Property News in Myanmar from iMyanmarHouse.com
17 May 2024 10:47 am တွင် တင်ခဲ့သည်
401 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွန်ခဲ့သော ၃၁ နှစ်က မိုက်ကယ် ဘိုးဒေး (Michael Bodei) ဆောက်လုပ်ရေးလောကအတွင်းသို့ ဝင်ခဲ့ချိန်က ထိုနယ်ပယ်မှာ ရှေ့နေတစ်ဦးဘဝထက် ၎င်းလိုချင်သော ဝင်ငွေ ပိုမိုလျင်မြန်စွာ ရရှိနိုင်ခဲ့သည်။

ရှေ့နေဘဝမှာ မိုက်ကယ် ဖြစ်ချင်ခဲ့သော အခြားအသက်မွေးဝမ်းကျောင်း နယ်ပယ်တစ်ခု ဖြစ်သည်။

မိုက်ကယ် ဘိုးဒေး၏ မိသားစုမှာ ဆောက်လုပ်ရေးလုပ်ငန်းကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။

ချမ်းသာကြွယ်ဝသော ဆင်ခြေဖုံးဒေသများတွင် လုံးချင်းအိမ်များ ဆောက်လုပ်ခြင်း၊ မွမ်းမံခြင်းလုပ်ငန်းမှာ မည်မျှ အကျိုးအမြတ်ရှိသည်ကို မိုက်ကယ်ဘိုးဒေး တွေ့မြင်လာသည်။

မိုက်ကယ်ဘိုးဒေးသည် အသက် ၂၂ နှစ်အရွယ်တွင် နယူးဂျာစီပြည်နယ်၊ Morristown မြို့တွင် ကိုယ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီ Bodei Contracting ကို စတင်တည်ထောင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်သို့ ရောက်ချိန်တွင် ရေကန်စပ် စံအိမ်တစ်လုံး၊ လှေတစ်စင်း၊ Corvette တစ်စင်း၊ မော်တော်ဆိုင်ကယ်တစ်စင်းနှင့် ထရပ်ကား ၂ စင်း ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မိုက်ကယ်က ပြောသည်။

“ဒါက ကျွန်တော်က ထူးချွန်လို့ မဟုတ်ပါဘူး။ လုပ်ငန်းနယ်ပယ်ထဲကို ဝင်ဖို့နဲ့ အောင်မြင်ဖို့ လွယ်ကူခဲ့ တာကြောင့် ဖြစ်ပါတယ်” ဟု မိုက်ကယ်က Business Insider သတင်းဌာနသို့ ပြောသည်။

“အိမ်တွေကလည်း ဈေးသက်သာတယ်။ အရာရာဟာ ပေါများကြွယ်ဝနေတယ်။ စီးပွားရေးလုပ်ဖို့ အခုခေတ်ထက် ပိုပြီး လွယ်ကူခဲ့ပါတယ်”

သူ၏ စီးပွားရေးအောင်မြင်မှုအတွက် အဓိက အချက်တစ်ခုမှာ ကျွမ်းကျင်ပြီး ဈေးသက်သာသော လုပ်သားများ ကြောင့်ဖြစ်ကြောင်း မိုက်ကယ်ဘိုးဒေးက ပြောသည်။

သူ၏ ဝန်ထမ်းအများစုမှာ ကုမ္ပဏီအတွက် ဆယ်စုနှစ်များစွာ လုပ်ကိုင်ပေးခဲ့ကြသည်။

မိုက်ကယ်ဘိုးဒေး၏ အဓိကလုပ်ငန်းမှာ ဒေါ်လာ သိန်းဂဏန်းတန်ကြေးရှိ မီးဖိုဆောင်နှင့် ရေချိုးခန်း ပြုပြင် မွမ်းမံမှုအပြင် ဒေါ်လာ ၂ သန်းမှ ၅ သန်းကြား တန်ကြေးရှိ နေအိမ်များ ဆောက်လုပ်မှုဖြစ်သည်။

တန်ဖိုးကြီး ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သောကြောင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁၀ နှစ် မရှိသူကို ခန့်ထားခြင်းမရှိကြောင်း မိုက်ကယ်ဘိုးဒေးက ပြောသည်။

သို့သော် အမေရိကန်ပြည်ထောင်စုတဝန်း ဆောက်လုပ်ရေးလုပ်သား ရှားပါးလာမှုကြောင့် လူသစ်များ ရနိုင်ရန် ခက်ခဲလာသည်။

လျှပ်စစ်မီးသမား၊ ရေပိုက်သမားမှသည် fiberglass နှင့် နံရံကပ်စင်များ ဆောက်လုပ်သူများအထိ ကျွမ်းကျင် လုပ်သားများ ရနိုင်ရန် ခက်ခဲလာကြောင်း မိုက်ကယ်ဘိုးဒေးက ပြောသည်။

ကျွမ်းကျင်လုပ်သားလူငယ်များ မရှိတော့ကြောင်း၊ သက်ကြီးလုပ်သားများ အနားယူပါက ၎င်းတို့၏ ကျွမ်းကျင်မှု များ ပျောက်ဆုံးသွားမည်ကို စိုးရိမ်မိကြောင်းလည်း မိုက်ကယ်က ပြောသည်။

မိမိထံတွင် အလုပ်လုပ်ကြသူများမှာ အသက်ကြီးပိုင်း အများစုဖြစ်ပြီး လက်သမားဆရာများအနက် တစ်ဦးမှာ အသက် ၇၀ ကျော်ပြီဖြစ်ကြောင်းလည်း မိုက်ကယ်ဘိုးဒေးက ပြောသည်။

ဆောက်လုပ်ရေးလုပ်သား နည်းပါးလာမှုကြောင့် လူနေအိမ် ဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးလာစေခဲ့ပြီး အိမ်ဈေးများလည်း မြင့်တက်လာစေခဲ့သည်။

(တက္ကဆပ်ပြည်နယ်၊ Houston မြို့တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ ဆောက်လုပ်ဆဲ စံအိမ်တစ်လုံး၌ အချောသတ်မွမ်းမံမှုများ ပြုလုပ်နေပုံ။ ဓာတ်ပုံ-Mayra Beltran/ Getty Images)

မိုက်ကယ် ဘိုးဒေး၏ ဝန်ထမ်းအများစုမှာ တစ်နှစ်လျှင် လုပ်ခ အနည်းဆုံး ဒေါ်လာ ၁၀၀,၀၀၀ ရရှိကြသည်။

ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကဆောက်လုပ်ရေးလုပ်ငန်း၏ အနာဂတ်ကို မိုက်ကယ်က ရတက်မအေးဖြစ်နေသည်။

သို့သော် ထိုအကြောင်းရပ်မှာ မိုက်ကယ်ကြာရှည်ရင်ဆိုင်ရမည့် အကြောင်းရပ် မဟုတ်တော့။

မိုက်ကယ်က လာမည့်နှစ်တွင် သူ၏ လုပ်ငန်းကို ပိတ်သိမ်းရန် စီစဉ်ထားသည်။

လုပ်ငန်းပိတ်သိမ်းပြီး ဖလော်ရီဒါတောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ထားသည်။

ထိုဒေသတွင်လည်း မိုက်ကယ်က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

“ကျွန်တော် ခဏလောက် အနားယူပါဦးမယ်။ ပြီးရင် နောက်ထပ် ဘာလုပ်ရမလဲဆိုတာ စဉ်းစားရပါဦးမယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A New Jersey homebuilder who pays his workers over $100,000 wants young people to know construction can be a lucrative career that doesn't require college — and businesses are desperate to hire (businessinsider)

Photo Credit- Mayra Beltran/ Getty Images

[Zawgyi]

ေဆာက္လုပ္ေရးလုပ္သား ရွားပါးေနေသာ အေမရိကန္ေဆာက္္လုပ္ေရးေလာကအေၾကာင္း ရင္ဖြင့္လာသည့္ နယူးဂ်ာစီျပည္နယ္မွ ေဆာက္လုပ္ေရးလုပ္ငန္းရွင္

လြန္ခဲ့ေသာ ၃၁ ႏွစ္က မိုက္ကယ္ ဘိုးေဒး (Michael Bodei) ေဆာက္လုပ္ေရးေလာကအတြင္းသို႔ ဝင္ခဲ့ခ်ိန္က ထိုနယ္ပယ္မွာ ေရွ႕ေနတစ္ဦးဘဝထက္ ၎လိုခ်င္ေသာ ဝင္ေငြ ပိုမိုလ်င္ျမန္စြာ ရရွိႏိုင္ခဲ့သည္။

ေရွ႕ေနဘဝမွာ မိုက္ကယ္ ျဖစ္ခ်င္ခဲ့ေသာ အျခားအသက္ေမြးဝမ္းေက်ာင္း နယ္ပယ္တစ္ခု ျဖစ္သည္။

မိုက္ကယ္ ဘိုးေဒး၏ မိသားစုမွာ ေဆာက္လုပ္ေရးလုပ္ငန္းကို မ်ဳိးရိုးစဥ္ဆက္ လုပ္ကိုင္ခဲ့ၾကသူမ်ား ျဖစ္သည္။

ခ်မ္းသာၾကြယ္ဝေသာ ဆင္ေျခဖံုးေဒသမ်ားတြင္ လံုးခ်င္းအိမ္မ်ား ေဆာက္လုပ္ျခင္း၊ မြမ္းမံျခင္းလုပ္ငန္းမွာ မည္မွ် အက်ဳိးအျမတ္ရွိသည္ကို မိုက္ကယ္ဘိုးေဒး ေတြ႔ျမင္လာသည္။

မိုက္ကယ္ဘိုးေဒးသည္ အသက္ ၂၂ ႏွစ္အရြယ္တြင္ နယူးဂ်ာစီျပည္နယ္၊ Morristown ျမိဳ႕တြင္ ကိုယ္ပိုင္ ေဆာက္လုပ္ေရးကုမၸဏီ Bodei Contracting ကို စတင္တည္ေထာင္ခဲ့သည္။

အသက္ ၂၅ ႏွစ္အရြယ္သို႔ ေရာက္ခ်ိန္တြင္ ေရကန္စပ္ စံအိမ္တစ္လံုး၊ ေလွတစ္စင္း၊ Corvette တစ္စင္း၊ ေမာ္ေတာ္ဆိုင္ကယ္တစ္စင္းႏွင့္ ထရပ္ကား ၂ စင္း ဝယ္ယူႏိုင္ခဲ့ျပီျဖစ္ေၾကာင္း မိုက္ကယ္က ေျပာသည္။

“ဒါက ကၽြန္ေတာ္က ထူးခၽြန္လို႔ မဟုတ္ပါဘူး။ လုပ္ငန္းနယ္ပယ္ထဲကို ဝင္ဖုိ႔နဲ႔ ေအာင္ျမင္ဖုိ႔ လြယ္ကူခဲ့ တာေၾကာင့္ ျဖစ္ပါတယ္” ဟု မိုက္ကယ္က Business Insider သတင္းဌာနသို႔ ေျပာသည္။

“အိမ္ေတြကလည္း ေစ်းသက္သာတယ္။ အရာရာဟာ ေပါမ်ားၾကြယ္ဝေနတယ္။ စီးပြားေရးလုပ္ဖုိ႔ အခုေခတ္ထက္ ပိုျပီး လြယ္ကူခဲ့ပါတယ္”

သူ၏ စီးပြားေရးေအာင္ျမင္မႈအတြက္ အဓိက အခ်က္တစ္ခုမွာ ကၽြမ္းက်င္ျပီး ေစ်းသက္သာေသာ လုပ္သားမ်ား ေၾကာင့္ျဖစ္ေၾကာင္း မိုက္ကယ္ဘိုးေဒးက ေျပာသည္။

သူ၏ ဝန္ထမ္းအမ်ားစုမွာ ကုမၸဏီအတြက္ ဆယ္စုႏွစ္မ်ားစြာ လုပ္ကိုင္ေပးခဲ့ၾကသည္။

မိုက္ကယ္ဘိုးေဒး၏ အဓိကလုပ္ငန္းမွာ ေဒၚလာ သိန္းဂဏန္းတန္ေၾကးရွိ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္း ျပဳျပင္ မြမ္းမံမႈအျပင္ ေဒၚလာ ၂ သန္းမွ ၅ သန္းၾကား တန္ေၾကးရွိ ေနအိမ္မ်ား ေဆာက္လုပ္မႈျဖစ္သည္။

တန္ဖိုးၾကီး ေဆာက္လုပ္ေရးလုပ္ငန္းျဖစ္ေသာေၾကာင့္ လုပ္ငန္းအေတြ႔အၾကံဳ အနည္းဆံုး ၁၀ ႏွစ္ မရွိသူကို ခန္႔ထားျခင္းမရွိေၾကာင္း မိုက္ကယ္ဘိုးေဒးက ေျပာသည္။

သို႔ေသာ္ အေမရိကန္ျပည္ေထာင္စုတဝန္း ေဆာက္လုပ္ေရးလုပ္သား ရွားပါးလာမႈေၾကာင့္ လူသစ္မ်ား ရႏိုင္ရန္ ခက္ခဲလာသည္။

လွ်ပ္စစ္မီးသမား၊ ေရပိုက္သမားမွသည္ fiberglass ႏွင့္ နံရံကပ္စင္မ်ား ေဆာက္လုပ္သူမ်ားအထိ ကၽြမ္းက်င္ လုပ္သားမ်ား ရႏိုင္ရန္ ခက္ခဲလာေၾကာင္း မိုက္ကယ္ဘိုးေဒးက ေျပာသည္။

ကၽြမ္းက်င္လုပ္သားလူငယ္မ်ား မရွိေတာ့ေၾကာင္း၊ သက္ၾကီးလုပ္သားမ်ား အနားယူပါက ၎တို႔၏ ကၽြမ္းက်င္မႈ မ်ား ေပ်ာက္ဆံုးသြားမည္ကို စိုးရိမ္မိေၾကာင္းလည္း မိုက္ကယ္က ေျပာသည္။

မိမိထံတြင္ အလုပ္လုပ္ၾကသူမ်ားမွာ အသက္ၾကီးပိုင္း အမ်ားစုျဖစ္ျပီး လက္သမားဆရာမ်ားအနက္ တစ္ဦးမွာ အသက္ ၇၀ ေက်ာ္ျပီျဖစ္ေၾကာင္းလည္း မိုက္ကယ္ဘိုးေဒးက ေျပာသည္။

ေဆာက္လုပ္ေရးလုပ္သား နည္းပါးလာမႈေၾကာင့္ လူေနအိမ္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေႏွးေကြးလာေစခဲ့ျပီး အိမ္ေစ်းမ်ားလည္း ျမင့္တက္လာေစခဲ့သည္။

(တကၠဆပ္ျပည္နယ္၊ Houston ျမိဳ႕တြင္ ၂၀၁၄ ခုႏွစ္၊ ဇြန္လ ၂၅ ရက္က ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကးရွိ ေဆာက္လုပ္ဆဲ စံအိမ္တစ္လံုး၌ အေခ်ာသတ္မြမ္းမံမႈမ်ား ျပဳလုပ္ေနပံု။ ဓာတ္ပံု-Mayra Beltran/ Getty Images)

မိုက္ကယ္ ဘိုးေဒး၏ ဝန္ထမ္းအမ်ားစုမွာ တစ္ႏွစ္လွ်င္ လုပ္ခ အနည္းဆံုး ေဒၚလာ ၁၀၀,၀၀၀ ရရွိၾကသည္။

ေဆာက္လုပ္ေရးလုပ္သား ရွားပါးေနေသာ အေမရိကေဆာက္လုပ္ေရးလုပ္ငန္း၏ အနာဂတ္ကို မိုက္ကယ္က ရတက္မေအးျဖစ္ေနသည္။

သို႔ေသာ္ ထိုအေၾကာင္းရပ္မွာ မိုက္ကယ္ၾကာရွည္ရင္ဆိုင္ရမည့္ အေၾကာင္းရပ္ မဟုတ္ေတာ့။

မိုက္ကယ္က လာမည့္ႏွစ္တြင္ သူ၏ လုပ္ငန္းကို ပိတ္သိမ္းရန္ စီစဥ္ထားသည္။

လုပ္ငန္းပိတ္သိမ္းျပီး ဖေလာ္ရီဒါေတာင္ပိုင္းသို႔ ေျပာင္းေရႊ႕ေနထုိင္ရန္ စီစဥ္ထားသည္။

ထိုေဒသတြင္လည္း မိုက္္ကယ္က အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

“ကၽြန္ေတာ္ ခဏေလာက္ အနားယူပါဦးမယ္။ ျပီးရင္ ေနာက္ထပ္ ဘာလုပ္ရမလဲဆိုတာ စဥ္းစားရပါဦးမယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A New Jersey homebuilder who pays his workers over $100,000 wants young people to know construction can be a lucrative career that doesn't require college — and businesses are desperate to hire (businessinsider)

Photo Credit- Mayra Beltran/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
တိုင်းမ်မဂ္ဂဇင်း၊ ဝေါစထရိဂျာနယ် အစရှိသော ကမ္ဘာကျော် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူ အသက် ၉၃ နှစ်အရွယ် ရူးပတ်မားဒေါ့က ပဉ္စမမြောက် အိမ်ထောင်အဖြစ် အသက် ၆၇ နှစ်အရွယ် ဇီဝဗေဒပညာရှင် အမျိုးသမီးနှင့် လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့သော ဒေါ်လာ သန်း ၁၅၀ တန် စံအိ...

သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
shwe-wutthmone
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service