ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
14 Jun 2024 11:25 am တွင် တင်ခဲ့သည်
533 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ကြယ်ပွင့် ဂျွန်နီဒက်ပ်သည် အမေရိကန်နိုင်ငံသား အများစု မရှောင်လွှဲနိုင်ကြသော အကျဉ်းအကြပ် တစ်ခုမှ ရုန်းထွက်နိုင်ခဲ့သည်။
ဂျွန်နီဒက်ပ်သည် ဒစ္စနေ ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်သော Pirates of the Caribbean ဇာတ်လမ်းတွဲများတွင် ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ထင်ရှားသူ ဖြစ်သည်။
ဂျွန်နီဒက်ပ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ အနောက်ဟောလိဝုဒ်မှ စံအိမ် ၂ လုံး သိမ်းယူခံရမည့် အရေးမှ ကယ်တင်နိုင်ရန်အတွက် ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၁၀ သန်း ချေးငွေ ထုတ်ယူခဲ့သည်။
အမေရိကန်ပြည်သူအများစုမှာမူ အကျပ်ဆိုက်ပါက အခက်အခဲမှ ရုန်းထွက်ရန် ငွေကြေးအင်အား မရှိကြချေ။
ချေးငွေဖြင့် ဝယ်ယူကာ အရစ်ကျပေးသွင်းနေသော နေအိမ်များအတွက် ငွေမပေးသွင်းနိုင်တော့သောကြောင့် သိမ်းယူခံရမည့် အရေးနှင့် ရင်ဆိုင်ရပါက စွန့်လွှတ်လိုက်ကြရသည်သာ ဖြစ်သည်။
ထိုသို့သော သိမ်းယူမှုမျိုးကို zombie foreclosure ဟု ခေါ်လေ့ရှိကြသည်။
အိမ်ခြံမြေ အချက်အလက်များ ထုတ်ပြန်ပေးသော ATTOM ၏ ၂၀၂၄ ခုနှစ် ဒုတိယ ၃ လပတ် ‘လူမနေသော အိမ်ခြံမြေများနှင့် Zombie foreclosure အစီရင်ခံစာ’ အရ အမေရိကန်ပြည်ထောင်စုတွင် လူမနေသော အိမ်ပေါင်း ၁ ဒသမ ၃ သန်းခန့်ရှိသည်ဟု ဆိုသည်။
ထိုပမာဏမှာ ပထမ ၃ လပတ်နှင့် ထပ်တူနီးပါးဖြစ်သည်။
သို့သော် အိမ်ပိုင်ရှင်တို့က စွန့်ပစ်ခဲ့သော Zombie foreclosure အိမ်များ၊ အရစ်ကျငွေ မပေးသွင်းပါက ပိတ်သိမ်းခံရမည်ဟု သတိပေးခံရသော preforeclosure အိမ်များ ပမာဏမှာ လွန်ခဲ့သောတစ်နှစ်ခန့်က ၂၀ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၆ ဒသမ ၉၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
အမေရိကန်တွင် နေအိမ် ၁၄၇၂၄ လုံးလျှင် တစ်လုံးမှာ Zombie property ဖြစ်သည်။
ထိုပမာဏမှာ ပြီးခဲ့သော ၃ လပတ်ကအောက် ကျဆင်းသွားခြင်း ဖြစ်သည်။
ပြီးခဲ့သော ၃ လပတ်က နေအိမ် ၁၃၉၀၅ လျှင် တစ်လုံးမှာ Zombie property ဖြစ်သည်။
ပြီးခဲ့သောနှစ်ကမူ နေအိမ် ၁၁၅၇၇ လုံးလျှင် တစ်လုံးမှာ Zombie Property ဖြစ်ခဲ့ရာ ပြီးခဲ့သော နှစ်က ထက်လည်း ကျဆင်းလာသည်။
“နေအိမ်သိမ်းယူခံရမှုတွေ များလာပြီး zombie property တွေ များလာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပေမယ့် တကယ်ဖြစ်မလာခဲ့ပါဘူး။ လက်တွေ့မှာ ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာပါတယ်။” ဟု ATTOM ၏ အမှုဆောင် အရာရှိချုပ် Rob Barber က ပြောသည်။
“တကယ်တမ်းမှာ ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာပါတယ်။ နိုင်ငံတဝန်းမှာ သိမ်းယူခံရပြီး စွန့်ပစ်ထားတဲ့ အိမ်တွေ တွေ့နိုင်ဖို့ ခက်သထက် ခက်လာပါတယ်”
အိမ်ခြံမြေဈေးနှုန်းများ ၁၂ နှစ်တာ မြင့်တက်နေမှုကြောင့် zombie property အရေအတွက်မှာ ကျဆင်းသွား ခဲ့သည်။
၂၀၂၄ ခုနှစ်ဆန်းပိုင်းတွင် အမေရိကန်ပြည်တဝန်း၌ အလယ်လတ်တန်းအိမ်ဈေးမှာ ၄ ရာခိုင်နှုန်း ဈေးကျခဲ့ပြီး ဒေါ်လာ ၃၃၀၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လွန်ခဲ့သော တစ်နှစ်ကထက် ၃ ရာခိုင်နှုန်း မြင့်မားသော ဈေးနှုန်း ဖြစ်နေဆဲပင်။
နေအိမ်ဈေးနှုန်းများမှာ လွန်ခဲ့သော ၁၂ နှစ်ကထက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ၂ ဆကျော် ဈေးတက်ခဲ့သည်။
ထိုကဲ့သို့ အိမ်ဈေးများတက်ကာ အမြတ်ရလာမှုကြောင့် အိမ်ပိုင်ရှင်တို့၏ ဓနပိုင်ဆိုင်မှုမှာ သမိုင်းဝင် အခြေအနေ အထိ မြင့်တက်ခဲ့သည်။
(ဆက်စပ်သတင်း)
Johnny Depp ၏ သန်း ၄၀ တန် စံအိမ် (သို့မဟုတ်) ဇနီးဖြစ်သူ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည့်နေရာ
https://www.imyanmarhouse.com/news/read/1013309
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Johnny Depp Escapes Hollywood Horror: $10 Million Lifeline Saves Homes As Millions Face Zombie Foreclosure Fate (finance)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service