သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ

သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ - Property News in Myanmar from iMyanmarHouse.com
12 Jun 2024 11:35 am တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သြစတေးလျနိုင်ငံတွင် အိမ်ခြံမြေအကျပ်အတည်းမှာ ကပ်ဘေးသဖွယ် ဆိုးရွားလာနေမှုကြောင့် သူနာပြုများ အပါအဝင် မရှိမဖြစ် ဝန်ထမ်းများ အခြားသူများအိမ်တွင် လိုက်လံအိပ်စက်ရကာ အိမ်ရာမဲ့ဖြစ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

(မှတ်ချက်။ မရှိမဖြစ်လိုအပ်သော အလုပ်သမားများမှာ ကျန်းမာရေး၊ လူမှုရေး၊ စားသောက်ကုန် ဖြန့်ဖြူးရေးနှင့် မရှိမဖြစ် လိုအပ်သော အများပြည်သူ ဝန်ဆောင်မှုကဏ္ဍများတွင် လုပ်ကိုင်သူများကို ရည်ညွှန်းလေ့ရှိသည်။)

အိမ်ငှားခများ အလွန်အမင်း မြင့်တက်နေမှုကြောင့် အနာဂတ်အတွက် စိုးရိမ်ခြောက်ခြားလာပြီး မိမိတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်ခွာရန် စဉ်းစားလာကြသော သြစတေးလျမှ မရှိမဖြစ် ဝန်ထမ်းများတွင် သူနာပြုများလည်း အပါအဝင် ဖြစ်သည်။

သြစတေးလျတွင် အိမ်ငှားခများ ဈေးနှုန်းအလွန်မြင့်တက်နေသည့် တချိန်တည်းမှာပင် ဈေးတက်လာသော လူနေအိမ်ရာများ နည်းပါးနေသည်။

အမျိုးသားအိမ်ခြံမြေ အကူအညီပေးရေးအဖွဲ့ဖြစ်သော Everybody’s Home မှ ကျင်းပသည့် ကွန်ဖရင့်၏ ပထမနေ့တွင် သူနာပြုတစ်ဦးဖြစ်သူ လူ ဟောက်စ်ဂိုး ( Lou Housego )တက်ရောက် ပြောကြားခဲ့သည်။

သူမက ပြောသည်မှာ အိမ်ငှားရခြင်းမှာ အလွန်အောက်ကျပြီး မျက်နှာငယ်ကြောင်း ၊ နေထိုင်နိုင်မည့် သက်တမ်း အာမခံချက် မရှိသည်မှာ တုန်လှုပ်ဖွယ်ရာဖြစ်ကြောင်း ၁၂ လတာ ငှားရမ်းနိုင်ကြသူများမှာ ကံကောင်းကြောင်း ပြောသည်။

“မရှိမဖြစ် လုပ်သားအဖြစ် သတ်မှတ်ခံရတယ်ဆိုတော့ တန်ဖိုးထားခံကြရတယ်လို့ ယူဆစရာ ရှိတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး”ဟု မစ္စဟောက်စ်ဂိုးက ပြောသည်။

“လူနေမှုစရိတ် ကြီးမြင့်လာပြီး အိမ်ငှားခတွေက မယုံနိုင်အောင် မြင့်တက်လာပေမဲ့ ကျွန်မတို့ရဲ့လစာက ငွေကြေးဖောင်းပွမှုနဲ့အတူ လိုက်လံမြင့်တက်လာတာမရှိပါဘူး။ ဒါကြောင့် တကယ်တော်တဲ့ သူနာပြုတွေဟာ ကျန်းမာရေးလောကကို ကျောခိုင်းလာနေကြပါတယ်။”

အသက် ၆၈ နှစ်အရွယ်ရှိသူ မစ္စဟောက်စ်ဂိုးက ပြောသည်မှာ ပြီးခဲ့သော ၆ လတာအတွင်း ဆစ်ဒနီမြို့တဝန်း အခြားသူများ၏ နေအိမ်များတွင် လိုက်လံအိပ်စက်ခဲ့ရကြောင်း မိမိအနေဖြင့် ဆက်လက်ရပ်တည်နိုင်ဖွယ် ရှိမရှိ မသိသေးကြောင်း ပြောသည်။

“ပြီးခဲ့တဲ့ ၂ ပတ်လောက်ကပဲ ကျွန်မ အိမ်ငှားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်လခက လစာရဲ့ ၆၅ ရာခိုင်နှုန်း နီးပါး ဖြစ်နေတယ်။ ဒါက ရပ်တည်ဖို့ မလွယ်ပါဘူး”ဟု သူမက ပြောသည်။

“ကျွန်မရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကျွန်မအနေနဲ့ အလုပ်တွေကနေ အနားယူပြီး ရပ်တည်နိုင်မလား။ ကမ္ဘာပေါ်မှာ ကျွန်မ ရှင်သန်ရပ်တည်ဖို့ တတ်နိုင်မယ့် နေရာမျိုးရှိနိုင်ပါ့မလား။ ”

“အနာဂတ်အကြောင်းတွေးမိရင် ကျွန်မ တကယ့်ကို ခြောက်ခြားမိတယ်။ မျှော်လင့်ချက် ကင်းမဲ့နေပါပြီ။”

 

 (သြစတေးလျတွင် အိမ်ငှားရခြင်းမှာ အလွန်မျက်နှာငယ်ပြီး တုန်လှုပ်ဖွယ်ကောင်းကြောင်း သူနာပြုတစ်ဦးက ပြောသည်။)

အိမ်ယာမဲ့များဆိုင်ရာ ကောင်စီ၏ အမှုဆောင်အရာရှိဖြစ်သူ Deborah Di Natale က ပြောသည်မှာ သြစတေးလျတွင် မရှိမဖြစ်လုပ်သားများမှာ အိမ်ရာမဲ့ဘဝကို ယခင်ကထက် ပိုမိုကြုံတွေ့လာကြောင်း၊ နိုင်ငံတဝန်း အိမ်ရာမဲ့များအား ပေးအပ်နေသည့် အကူအညီများ မရကြကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Essential workers facing homelessness amid Australia’s worsening housing crisis | People’s Commission (realestate)

 

 

 

 

[Zawgyi]

ၾသစေတးလ်တြင္ အိမ္ျခံေျမအက်ပ္အတည္း ဆိုးရြားလာမႈေၾကာင့္ သူနာျပဳမ်ားအပါအဝင္ မရွိမျဖစ္ လုပ္သားမ်ား အိမ္ရာမဲ့ျဖစ္ေတာ့မည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရ

 

ၾသစေတးလ်ႏိုင္ငံတြင္ အိမ္ျခံေျမအက်ပ္အတည္းမွာ ကပ္ေဘးသဖြယ္ ဆိုးရြားလာေနမႈေၾကာင့္ သူနာျပဳမ်ား အပါအဝင္ မရွိမျဖစ္ ဝန္ထမ္းမ်ား အျခားသူမ်ားအိမ္တြင္ လိုက္လံအိပ္စက္ရကာ အိမ္ရာမဲ့ျဖစ္ေတာ့မည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္။

(မွတ္ခ်က္။ မရွိမျဖစ္လုိအပ္ေသာ အလုပ္သမားမ်ားမွာ က်န္းမာေရး၊ လူမႈေရး၊ စားေသာက္ကုန္ ျဖန္႔ျဖဴးေရးႏွင့္ မရွိမျဖစ္ လိုအပ္ေသာ အမ်ားျပည္သူ ဝန္ေဆာင္မႈက႑မ်ားတြင္ လုပ္ကိုင္သူမ်ားကို ရည္ညႊန္းေလ့ရွိသည္။)

အိမ္ငွားခမ်ား အလြန္အမင္း ျမင့္တက္ေနမႈေၾကာင့္ အနာဂတ္အတြက္ စိုးရိမ္ေျခာက္ျခားလာျပီး မိမိတုိ႔၏ အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို စြန္႔ခြာရန္ စဥ္းစားလာၾကေသာ ၾသစေတးလ်မွ မရွိမျဖစ္ ဝန္ထမ္းမ်ားတြင္ သူနာျပဳမ်ားလည္း အပါအဝင္ ျဖစ္သည္။

ၾသစေတးလ်တြင္ အိမ္ငွားခမ်ား ေစ်းႏႈန္းအလြန္ျမင့္တက္ေနသည့္ တခ်ိန္တည္းမွာပင္ ေစ်းတက္လာေသာ လူေနအိမ္ရာမ်ား နည္းပါးေနသည္။

အမ်ဳိးသားအိမ္ျခံေျမ အကူအညီေပးေရးအဖြဲ႔ျဖစ္ေသာ Everybody’s Home မွ က်င္းပသည့္ ကြန္ဖရင့္၏ ပထမေန႔တြင္ သူနာျပဳတစ္ဦးျဖစ္သူ လူ ေဟာက္စ္ဂိုး ( Lou Housego )တက္ေရာက္ ေျပာၾကားခဲ့သည္။

သူမက ေျပာသည္မွာ အိမ္ငွားရျခင္းမွာ အလြန္ေအာက္က်ျပီး မ်က္ႏွာငယ္ေၾကာင္း ၊ ေနထိုင္ႏိုင္မည့္ သက္တမ္း အာမခံခ်က္ မရွိသည္မွာ တုန္လႈပ္ဖြယ္ရာျဖစ္ေၾကာင္း ၁၂ လတာ ငွားရမ္းႏိုင္ၾကသူမ်ားမွာ ကံေကာင္းေၾကာင္း ေျပာသည္။

“မရွိမျဖစ္ လုပ္သားအျဖစ္ သတ္မွတ္ခံရတယ္ဆိုေတာ့ တန္ဖိုးထားခံၾကရတယ္လို႔ ယူဆစရာ ရွိတယ္။ ဒါေပမဲ့ မဟုတ္ပါဘူး”ဟု မစၥေဟာက္စ္ဂိုးက ေျပာသည္။

“လူေနမႈစရိတ္ ၾကီးျမင့္လာျပီး အိမ္ငွားခေတြက မယံုႏိုင္ေအာင္ ျမင့္တက္လာေပမဲ့ ကၽြန္မတုိ႔ရဲ႕လစာက ေငြေၾကးေဖာင္းပြမႈနဲ႔အတူ လုိက္လံျမင့္တက္လာတာမရွိပါဘူး။ ဒါေၾကာင့္ တကယ္ေတာ္တဲ့ သူနာျပဳေတြဟာ က်န္းမာေရးေလာကကို ေက်ာခိုင္းလာေနၾကပါတယ္။”

အသက္ ၆၈ ႏွစ္အရြယ္ရွိသူ မစၥေဟာက္စ္ဂိုးက ေျပာသည္မွာ ျပီးခဲ့ေသာ ၆ လတာအတြင္း ဆစ္ဒနီျမဳိ႕တဝန္း အျခားသူမ်ား၏ ေနအိမ္မ်ားတြင္ လုိက္လံအိပ္စက္ခဲ့ရေၾကာင္း မိမိအေနျဖင့္ ဆက္လက္ရပ္တည္ႏိုင္ဖြယ္ ရွိမရွိ မသိေသးေၾကာင္း ေျပာသည္။

“ျပီးခဲ့တဲ့ ၂ ပတ္ေလာက္ကပဲ ကၽြန္မ အိမ္ငွားခဲ့ပါတယ္။ ဒါေပမဲ့ အိမ္လခက လစာရဲ႕ ၆၅ ရာခိုင္ႏႈန္း နီးပါး ျဖစ္ေနတယ္။ ဒါက ရပ္တည္ဖို႔ မလြယ္ပါဘူး”ဟု သူမက ေျပာသည္။

“ကၽြန္မရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ ကၽြန္မအေနနဲ႔ အလုပ္ေတြကေန အနားယူျပီး ရပ္တည္ႏိုင္မလား။ ကမၻာေပၚမွာ ကၽြန္မ ရွင္သန္ရပ္တည္ဖို႔ တတ္ႏိုင္မယ့္ ေနရာမ်ိဳးရွိႏိုင္ပါ့မလား။ ”

“အနာဂတ္အေၾကာင္းေတြးမိရင္ ကၽြန္မ တကယ့္ကို ေျခာက္ျခားမိတယ္။ ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနပါျပီ။”

 

(ၾသစေတးလ်တြင္ အိမ္ငွားရျခင္းမွာ အလြန္မ်က္ႏွာငယ္ျပီး တုန္လႈပ္ဖြယ္ေကာင္းေၾကာင္း သူနာျပဳတစ္ဦးက ေျပာသည္။)

အိမ္ယာမဲ့မ်ားဆုိင္ရာ ေကာင္စီ၏ အမႈေဆာင္အရာရွိျဖစ္သူ Deborah Di Natale က ေျပာသည္မွာ ၾသစေတးလ်တြင္ မရွိမျဖစ္လုပ္သားမ်ားမွာ အိမ္ရာမဲ့ဘဝကို ယခင္ကထက္ ပိုမုိၾကံဳေတြ႔လာေၾကာင္း၊ ႏိုင္ငံတဝန္း အိမ္ရာမဲ့မ်ားအား ေပးအပ္ေနသည့္ အကူအညီမ်ား မရၾကေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Essential workers facing homelessness amid Australia’s worsening housing crisis | People’s Commission (realestate)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service