စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2024 12:19 pm တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်၏ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲ ဗြိတိန်သို့ ရောက်ရှိလာရာ ဖျော်ဖြေပွဲကာလအတွင်း တေလာဆွစ်ဖ် တည်းခိုနေထိုင်ခဲ့သည့် စကော့တလန်မှ တစ်ညလျှင် ပေါင် ၁၀၀၀ ပေးရသော ဟိုတယ် အကြောင်း ဗြိတိန်အခြေစိုက် Mirror သတင်းဌာနက ဖော်ပြလာသည်။
အသက် ၃၄ နှစ်အရွယ်ရှိ တေလာဆွစ်ဖ်သည် The Eras Tour ကမ္ဘာလှည့်ဂီတဖျော်ဖြေရေးခရီးစဉ်တွင် ဗြိတိန်သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး စကော့တလန်နိုင်ငံ၏မြို့တော်၊ အီဒင်ဘာ့ဂ်ရှိ ယခင်က Waldorf Astoria ဟု အမည်ပေးခဲ့သော နာမည်ကျော် Caledonian Edinburgh ဟိုတယ်တွင် တည်းခိုခဲ့သည်။
အဆိုပါဟိုတယ်ကြီး တွင် ယခင်ကလည်း နာမည်ကြီးပုဂ္ဂိုလ်တို့ တည်းခိုခဲ့ကြဖူးရာ ချာလီ ချက်ပလင်၊ ဂျာမန် ရုပ်ရှင်မင်းသမီး မာလင်း ဒီထရစ်ရှ်၊ ဂျူဒီ ဂါလန်၊ အမေရိကန် dancer Gene Kelly တို့ အပါအဝင် အကျော်အမော်များစွာ တည်းခိုခဲ့ကြဖူးသည်။
ထိပ်သီးပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် ငွေအနည်းငယ်သာ ပေးရပြီး တည်းခိုခဲ့သော ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး၏ ခမ်းနားလှသော amenities များအကြောင်း Mirror သတင်းဌာနက ဖော်ပြထားသည်။
(ဓာတ်ပုံ-Hilton.com)
The Caledonian ဟိုတယ်သည် အီဒင်ဘာ့ဂ်မြို့တော် ၊ Princes လမ်းတွင် တည်ရှိပြီး အီဒင်ဘာ့ဂ်၏ အထင်ရှားဆုံး အထင်ကရပြယုဂ်များတွင် တစ်ခုအပါအဝင်ဖြစ်ကာ မြို့တော်၏ အခမ်းနားဆုံးရှုမျှော်ခင်း အချို့ကို ပိုင်ဆိုင်ထားသည်။
ဝိတိုရိယခေတ် မီးရထားအဆောက်အအုံကို ပြောင်းလဲထားသော ဟိုတယ်ဖြစ်ပြီး အီဒင်ဘာ့ဂ်ရဲတိုက်မှ အနည်းငယ်သာဝေးကာ Princes Street ပန်းဥယျာဉ်နှင့် လူသူစည်ကားသော ဈေးဆိုင်များရှိရာသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်သည်။
Caledonian ဟိုတယ်တွင် grand piano ကြီးတစ်လုံးတွေ့ရပြီး စိမ်းလန်းသော သစ်ပင်ပန်းမန်များ၊ ခေတ်ဆန် သော ပရိဘောဂများဖြင့် စွဲမက်ဖွယ် မွမ်းမံအလှဆင်ထားသည်။
တေလာဆွစ်ဖ် ဟိုတယ်သို့ ရောက်ရှိချိန်တွင် အရာရာပြီးပြည့်စုံစေရန်အတွက် လတ်ဆတ်သော ပန်းများ ယူဆောင်ပေးခဲ့သည်ဟု ဆိုသည်။
(ဓာတ်ပုံ-Hilton.com)
The Caledonian ဟိုတယ်တွင် အခန်းပေါင်း ၂၃၁ ခန်းအပြင် grand suites များလည်း ပါဝင်ရာ တေလာဆွစ်ဖ်မှာ အဆိုပါ grand suites များတွင် တည်းခိုသည်ဟု ယူဆရသည်။
ထို grand suites များသည် ခမ်းနားလှပသော စကော့ရဲတိုက်ကြီးများ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ သဘာဝအလင်း ကောင်းစွာရရှိသည်။
Grand suites တစ်ခန်းစီတိုင်းတွင် ရှေးရိုးမီးလင်းဖိုတစ်ခု၊ ဧည့်ခန်း၊ မြင့်မားသော မျက်နှာကြက်များ၊ ခန်းစီးလိုက်ကာများနှင့် အရည်အသွေးမြင့် espresso ကော်ဖီဖျော်စက်တို့ ရှိသည်။
(ဓာတ်ပုံ-Hilton.com)
Caledonian ဟိုတယ်တွင် Grazing by Mark Greenaway နှင့် Dean Banks at The Pompadour ဆုရ စားသောက်ဆိုင် ၂ ခုရှိသည်။
အကောင်းဆုံး စကော့ဝီစကီများ အားလုံးရသော The Caley Bar အပြင် The Lounge ဟု အမည်ပေးထား သော မွန်းလွဲချိန် လဘက်ရည်ခန်းတစ်ခုလည်း ပါဝင်သည်။
(ဓာတ်ပုံ-Hilton.com)
လာရောက်တည်းခိုသည့် ဧည့်သည်တော်များအတွက် Caledonian ဟိုတယ်တွင် amenities များစွာရှိရာ indoor ရေကူးကန်ပါသော spa ၊ sauna ၊ ရေနွေးငွေ့ခန်း၊ နောက်ဆုံးပေါ် ပစ္စည်းများထည့်သွင်းထားသော အားကစားလေ့ကျင့်ခန်းမ ၂ ခုနှင့် whirlpool တို့ အပါအဝင် ဖြစ်သည်။
 (ဓာတ်ပုံ-Hilton.com)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside Taylor Swift's £1,000-a-night hotel in Edinburgh with luxurious spa and breathtaking views (mirror)
Photo Credit-Hilton.com
[Zawgyi]
(ဓာတ်ပုံ-Hilton.com)
(ဓာတ်ပုံ-Hilton.com)
(ဓာတ်ပုံ-Hilton.com)
(ဓာတ်ပုံ-Hilton.com)
(ဓာတ်ပုံ-Hilton.com)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service