Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2024 10:25 am တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Ford ကုမ္ပဏီသည် ရုံးခန်းနေရာသစ်အတွက် ယခုရက်သတ္တပတ်အတွင်း ငွေအလုံးအရင်းသုံးစွဲမှု ပြုလုပ်လာသည်။ 
ဒက်ထရွိုက်မြို့မှ ကာလကြာရှည်စွန့်ပစ်ထားသော Michigan Central Station ဘူတာ အဆောက်အအုံမှာ Ford ၏ ရုံးအဖြစ် ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်သည်။
Ford မှာ ယခုကဲ့သို့ ရုံးခန်းနေရာကြီးတစ်ခု ထပ်မံဖွင့်လှစ်နိုင်ခြင်းအပေါ် များစွာဂုဏ်ယူနေသည်။
Ford ကုမ္ပဏီကို ၁၉၀၃ ခုနှစ်တွင် ဟင်နရီဖို့ဒ်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၂၀ နီးပါးအကြာ ယနေ့အခါတွင် ကားလောက ဝရုန်းသုန်းကားအခြေအနေများဖြစ်နေသော်လည်း Ford မှာ ယနေ့တိုင် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။
ဒက်ထရွိုက်ရှိ စွန့်ပစ်ခံအဆောက်အအုံကြီးဖြစ်သော Michigan Central Station ကို ရုံးအဆောက်အအုံသစ် အဖြစ် ပြောင်းလဲခဲ့သည်။
စွန့်ပစ်ထားသော ၁၈ ထပ်အဆောက်အအုံကြီးနှင့် ကပ်လျက်အဆောက်အအုံ ဝန်းများကို   Ford  က ကန်ဒေါ်လာ သန်း ၉၅၀ အကုန်အကျခံ ဝယ်ယူပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝန်ထမ်းပေါင်း ၂၅၀၀ ရုံးတက်နိုင်မည့် ရုံးသစ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရသည်ကို Ford ၏ ဥက္ကဌဖြစ်သူ ဘီလ်ဖို့ဒ်က ရှင်းပြလာသည်။
“  Michigan Central ဟာ ကျွန်တော်တို့အားလုံးအတွက် လေးနက်တဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒီအဆောက်အအုံ ကြီးဟာ ကျွန်တော်တို့မြို့ရဲ့ သမိုင်းကြောင်းကို ပြောပြနေပါတယ်။ ဒက်ထရွိုက်ကို ပထမဆုံး ခြေချတဲ့သူတွေဟာ ဒီနေရာကိုလာပြီး အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေ လာပြီး ရှာဖွေကြတယ်။ ဒီဘူတာကနေ နောက်ဆုံးရထားပြေးဆွဲခဲ့ပြီး ရပ်ဆိုင်းသွားတဲ့နောက် မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးသွားခဲ့ကြတယ်။ ”
“  ဒီနေရာဟာ မျှော်လင့်ချက်တွေကို ပြန်လည်ယူဆောင်ပေးမယ့်နေရာအဖြစ် ပြန်ပြီးပုံဖော်ဖို့ အချိန်ကျပြီလို့ ၂၀၁၈ ခုနှစ်ထဲမှာ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ၆  နှစ်တာ ကာလအတွင်း Ford ကုမ္ပဏီ၊ ဒီဇိုင်းအဖွဲ့ တွေ၊ အသိုက်အဝန်းခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်ပညာရှင် ၃၀၀၀ ကျော်ဟာ ဒီအဆောက်အအုံကြီး ပြန်လည် အသက်ဝင်လာစေဖို့ ဝိုင်းဝန်းကြိုးစားခဲ့ကြပါတယ်  ”
ဘီလ်ဖို့ဒ်သည် eBay ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့စဉ်ကာလများနှင့် သူ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Fontinalis တို့အတွက် ဆီလီကွန်တောင်ကြားသို့ သွားခဲ့သော ကာလများအပြီး နှစ်ပေါင်းများစွာအကြာတွင် ပျက်စီးယိုယွင်းနေသော ယခုအဆောက်အအုံကြီးကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
သမားရိုးကျ ကားလုပ်ငန်းနယ်ပယ်အနေဖြင့် ထုတ်လုပ်မှုနှင့် အရည်အချင်းရှိသူများ ရရှိရေးနယ်ပယ် ၂ ခုလုံး တွင် နည်းပညာကုမ္ပဏီသစ်များနှင့် ယှဉ်ပြိုင်ရန် လိုအပ်နေကြောင်း ဘီလ်ဖို့ဒ်က နှစ်ပေါင်းများစွာ ထောက်ပြခဲ့သူ ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why Ford Spent $950 Million On A New Building For About 2,500 Employees (theautopian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service