[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ၊ သြဂုတ်လ ( ၂၈ ၊ ၂၉ ၊ ၃၀ ) သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့များတွင် မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ City Loft အဆင့်မြင့်တိုက်ခန်းများ အရောင်းပြပွဲကို MOHS ၏ ညွှန်ကြားချက်များနှင့် အညီ အဆိုပါ စီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်တံတားအဆင်း Star City အိမ်ရာဝန်းအတွင်းရှိ Sales Gallery တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအရောင်းပြပွဲ (၃) ရက်အတွင်းတွင် ဝယ်ယူသူများအတွက် Furniture နှင့် Home Appliance လက်ဆောင်များ ၊ ခံစားခွင့်များစွာ ရရှိသည့် Owner Card များ အပြင် အထူးငွေချေစနစ်များ ၊ နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
City Loft အိမ်ရာစီမံကိန်းကို နာမည်ကြီးအိမ်ရာများဖြစ်သည့် FMI City အိမ်ရာ ၊ Pun Hlaing အိမ်ရာတို့ကို တည်ဆောက်ထားသည့် Yoma Land မှ ကမ္ဘာ့အဆင့်မီတည်ဆောက်လျှက်ရှိသည်။ အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း (၁၃၅၁) ခန်း ပါဝင်သည်ဖြစ်ကြောင်း သိရသည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာ အခန်းအကျယ်အဝန်း 312 Sqft မှ 958 Sqft အထိ ရွေးချယ်နိုင်မည်။
အိမ်ရာဝန်းအတွင်းတွင် ဂေါက်ကွင်း ၊ ရေကူးကန်များ ၊ ကလေးကစားကွင်းများ ၊ အားကစားခန်းမ ၊ ပန်းခြံများ ပါဝင်သည့်အပြင် နေထိုင်သူများ သာယာအဆင်ပြေစေရန်အတွက် ပန်းလှိုင်ဆေးခန်း၊ သွားဘက်ဆိုင်ရာဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ပါရှိသည်။
“ ယခုတပတ် ကျင်းပပြုလုပ်နေတဲ့ အရောင်းပွဲကတော့ သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းမှာ တည်ရှိတဲ့ City Loft အိမ်ရာအရောင်းပြပွဲပါ။ ယုံကြည်စိတ်ချရတဲ့ Developer မှ ဖော်ဆောင်နေပြီး နောင်တွင် ဈေးတက်လာမည့် အလားလာကောင်းတဲ့ စီမံကိန်း တစ်ခုဖြစ်ပါတယ်။ မိမိတနိုင်တပိုင် ဝင်ငွေဖြင့်ဝယ်ယူနိုင်အောင် အထူးငွေပေးချေမှုအစီအစဉ်ဖြင့် ရောင်းချပေးနေတာမို့ အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့ iMyanmarHouse.com ကိုဆက်သွယ်လိုက်ပါ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သန်လျင်တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်း တည်ရှိသည့် City Loft အဆင့်မြင့်တိုက်ခန်းများ အရောင်းပြပွဲ
iMyanmarHouse.com