ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီး - Property News in Myanmar from iMyanmarHouse.com
1404 Views

ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီး

[Unicode]

ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအရ သိရသည်။

ပြည်သူ့အငှားအိမ်ရာ (Public Rental Housing) အခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပြီး မြေပြင်လုပ်ငန်းတိုးတက်မှုများ၊ လုပ်ငန်းအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရန် ယနေ့ညှိနှိုင်းဆွေးနွေးကြခြင်း ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်ရာတွင်လုံလောက်သော မြေနေရာရရှိရေး၊ Infrastructure များပြည့်စုံ စေရေး၊ Engineering ပိုင်းဆိုင်ရာ Technical Issues များကို ဖြေရှင်းပေးနိုင်ရေး စသည်ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက် အခဲများကို ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်း အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။

စီမံကိန်းအတွက် လိုအပ်သောဘဏ္ဍာငွေများအနက် (၂၀၁၉-၂၀၂၀) ပိုလျှံ ရန်ပုံငွေမှ ငွေကျပ် ဘီလီယံ (၁၃၀) ရရှိထားပြီး ကျန်ငွေများကို MCEF ၊ MLCA နှင့် MDA အသင်းတို့က စိုက်ထုတ်၍ အဆောက်အဦများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့်ဝင်ငွေနည်း ပြည်သူများ၏ နေရေး ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့အငှားအိမ်ရာ အခန်း(၁)သောင်း ဆောက်လုပ်မည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အိမ်ရာ အခန်းပေါင်း(၇၀၄)ခန်း၊ အဆောက်အဦ လုံးရေ (၄၄)လုံး၊ ရန်ကုန်မြို့၊ ဒဂုံတောင်မြို့နယ်တွင် အိမ်ရာ အခန်းပေါင်း (၆၂၈၈)ခန်း၊ အဆောက်အဦလုံးရေ (၃၉၃)လုံးနှင့် မန္တလေးမြို့၊ ပုသိမ်ကြီး မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၃၀၀၈)ခန်း၊ အဆောက်အဦ (၁၈၈) လုံးကို ဆောက်လုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်း (MLCA) နှင့် မြန်မာ့ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ လုပ်သား အင်အားပေါင်း (၁၈၀၀၀) ကျော်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆောက်အအုံ နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီးလျက်ရှိကြောင်း MOI မှ သိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေပါင္း (၁) ေသာင္း တည္ေဆာက္ေရးစီမံကိန္း အေျခခံအေဆာက္အအုံလုပ္ငန္းမ်ား၏ (၂၅) ရာခိုင္ႏႈန္းအထိ ၿပီးစီး

ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေပါင္း (၁) ေသာင္း တည္ေဆာက္ေရးစီမံကိန္း အေျခခံအေဆာက္အအုံလုပ္ငန္းမ်ား၏ (၂၅) ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီျဖစ္ေၾကာင္း အဆိုပါ တည္ေဆာက္ေရးစီမံကိန္း ဦးစီးေကာ္မတီ၏ လုပ္ငန္းညႇိႏွိုင္း အစည္းအေဝးအရ သိရသည္။

ျပည္သူ႔အငွားအိမ္ရာ (Public Rental Housing) အခန္းေပါင္း (၁) ေသာင္း တည္ေဆာက္ေရးစီမံကိန္း ဦးစီးေကာ္မတီ၏ လုပ္ငန္းညႇိႏွိုင္း အစည္းအေဝးကို ဇန္နဝါရီ ၂၆ ရက္က ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပခဲ့ၿပီး ေျမျပင္လုပ္ငန္းတိုးတက္မႈမ်ား၊ လုပ္ငန္းအခက္အခဲမ်ားကို ေပါင္းစပ္ညႇိႏွိုင္း ေျဖရွင္းေပးရန္ ယေန႔ညႇိႏွိုင္းေဆြးေႏြးၾကျခင္း ျဖစ္ေၾကာင္းသိရသည္။

စီမံကိန္းကို အခ်ိန္တိုအတြင္း အေကာင္အထည္ေဖာ္ရာတြင္လုံေလာက္ေသာ ေျမေနရာရရွိေရး၊ Infrastructure မ်ားျပည့္စုံ ေစေရး၊ Engineering ပိုင္းဆိုင္ရာ Technical Issues မ်ားကို ေျဖရွင္းေပးနိုင္ေရး စသည္ျဖင့္ လုပ္ငန္းပိုင္းဆိုင္ရာ အခက္ အခဲမ်ားကို ေျဖရွင္းေပးနိုင္ရန္ တိုင္းေဒသႀကီးဝန္ႀကီးမ်ားႏွင့္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားအေနျဖင့္ ႀကိဳးပမ္း အားထုတ္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္းသိရသည္။

စီမံကိန္းအတြက္ လိုအပ္ေသာဘ႑ာေငြမ်ားအနက္ (၂၀၁၉-၂၀၂၀) ပိုလၽွံ ရန္ပုံေငြမွ ေငြက်ပ္ ဘီလီယံ (၁၃၀) ရရွိထားၿပီး က်န္ေငြမ်ားကို MCEF ၊ MLCA ႏွင့္ MDA အသင္းတို႔က စိုက္ထုတ္၍ အေဆာက္အဦမ်ားႏွင့္ အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ေဆာက္ရြက္မည္ျဖစ္ေၾကာင္းသိရသည္။

ကိုဗစ္-၁၉ ကာလ စီးပြားေရးကုစားမႈ အစီအစဥ္အရ ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္း ရရွိေစရန္ႏွင့္ဝင္ေငြနည္း ျပည္သူမ်ား၏ ေနေရး ေျဖရွင္းေပးနိုင္ရန္အတြက္ ျပည္သူ႔အငွားအိမ္ရာ အခန္း(၁)ေသာင္း ေဆာက္လုပ္မည့္ စီမံကိန္းကို ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ တို႔တြင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိရာ ေနျပည္ေတာ္၊ ဒကၡိဏသီရိ ၿမိဳ႕နယ္တြင္ အိမ္ရာ အခန္းေပါင္း(၇၀၄)ခန္း၊ အေဆာက္အဦ လုံးေရ (၄၄)လုံး၊ ရန္ကုန္ၿမိဳ႕၊ ဒဂုံေတာင္ၿမိဳ႕နယ္တြင္ အိမ္ရာ အခန္းေပါင္း (၆၂၈၈)ခန္း၊ အေဆာက္အဦလုံးေရ (၃၉၃)လုံးႏွင့္ မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီး ၿမိဳ႕နယ္တြင္ အိမ္ရာအခန္းေပါင္း (၃၀၀၈)ခန္း၊ အေဆာက္အဦ (၁၈၈) လုံးကို ေဆာက္လုပ္ သြားမည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (MCEF)၊ ျမန္မာနိုင္ငံလိုင္စင္ရ ကန္ထရိုက္တာမ်ား အသင္း (MLCA) ႏွင့္ ျမန္မာ့ ၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံ ဖြံ့ၿဖိဳးေရးလုပ္ငန္းရွင္မ်ားအသင္း (MDA) တို႔မွ လုပ္သား အင္အားေပါင္း (၁၈၀၀၀) ေက်ာ္ျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား တာဝန္ယူေဆာင္ရြက္လ်က္ရွိရာ ယခုအခါ အေဆာက္အအုံ ႏွင့္ အေျခခံအေဆာက္အအုံလုပ္ငန္းမ်ား၏ (၂၅) ရာခိုင္ႏႈန္းအထိ ၿပီးစီးလ်က္ရွိေၾကာင္း MOI မွ သိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service