iGreen Development and Engineering Group မှ ကြီးမှူးကျင်းပသော La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ အရောင်းပြပွဲ - Property Interview from iMyanmarHouse.com
7930 ကြိမ် ကြည့်ရှု့ ပြီး

iGreen Development and Engineering Group မှ ကြီးမှူးကျင်းပသော La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ အရောင်းပြပွဲ

Posted by နှင်းဒါလီ (iMyanmarHouse.com)

iGreen Development and Engineering Group မှ ကြီးမှူးကျင်းပသော
La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ အရောင်းပြပွဲကို 2017ခုနှစ်၊ မေလ ( ၂၇ ရက်နှင့် ၂၈ ) ရက် နှစ်ရက် တိုင်တိုင် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါသည်။

ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ချက် ကိုတော့ " ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်နေ့က imyanmarhouse .com နဲ့ပူးပေါင်းပြီး ကျင်းပခဲ့တဲ့ Lake View La Villa လုံးချင်း အိမ်ရာအရောင်းပြပွဲမှာ အိမ်ခန်းပေါင်း (၁၂၀)လုံး ရောင်းထွက်သွားခဲ့တဲ့အတွက် မရရှိလိုက်ရသေးတဲ့ ၀ယ်ယူသူတွေ အတွက် ရည်ရွယ်ကျင်းပတာပဲ ဖြစ်ပါတယ်" ဟု iGreen Development and Engineering Group ၏ Director ဦးကျော်ကျော်နိုင် မှ ပြောကြားခဲ့ပါသည်။

La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ ကို ယခင် Phase-1 ရောင်းချခဲ့ရာမှာ အိမ်ခန်းပေါင်း (၄၀) ကျော်ရောင်းထွက်သွားတာ ဖြစ်ပြီး ယခုရောင်းချသွားမှာကတော့ La Villa Sea View Phase-2 ဖြစ်တယ်လို့ သိရသည်။ La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာတွေကို ၀ယ်ယူချင်တဲ့ သူတွေအတွက် Discount အနေနဲ့ အရောင်းပြပွဲကျင်းပရက် (၂) ရက်အတွင်း (15%)ကို လျှော့ပေးသွားမယ်လို့သိရပါသည်။

La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ ရဲ့ တည်နေရာကတော့ (ငွေဆောင်) ချစ်သူများကျွန်းရဲ့ ရှေ့မှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်ထက် ပေ (၇၀ ၊ ၈၀) နီးပါးမြင့်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထား တာဖြစ်တယ်လို့ သိရပါသည်။

La Villa Sea View (Ngwe Sung) လုံးချင်း အိမ်ရာ Phase-2 ကို အတိုးမယူချေးငွေစနစ်ဖြင့် ရောင်းချသွားမှာ ဖြစ်ပြီး ၃နှစ်တာငွေပေးချေ စနစ်ဖြင့် ရောင်းချသွားမယ်လို့ သိရပါသည်။ ၀ယ်ယူသူတွေအနေနဲ့ ပထမတစ်နှစ်မှာ (၅၀%) အကြေ ပေးသွင်းပြီးတာနဲ့ လာမည့် ဧပြီလ (၂၀၁၈) မှာ သော့အပ်သွားမယ်လို့ သိရပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)