Properties Questions and Answers

သစ်တောမှ ချပေးထားသော သစ်မာမြေကွက်များတွင် လူနေအိမ်ဆောက်ခွင့်ရှိပါသလား သိချင်ပါတယ်။

ေမးသူ - Wine

[Unicode] သစ်တောနယ်မြေ (၅)မျိုးရှိရာ - စီးပွားရေးသစ်ထုတ် ကြိုးဝိုင်းတော၊ ဒေသန္တရ ထောက်ပံ့ရေး ကြိုးဝိုင်းတော၊ ရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးဝိုင်းတော၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေး ကြိုးဝိုင်း တော၊ အခြားကြိုးဝိုင်းတော...

3B မြေဆိုတာ ဘာလဲ ဝယ်လို့ရလား ဂရံလျှောက်လို့ရလား အဆောက်အဦးဆောက်လို့ ရပါသလား။

ေမးသူ - Victor Lwin

[Unicode] လယ်ယာမြေ၊ ယာမြေတို့နှင့် ကင်းလွတ်ကြောင်း အထောက်အထား ခိုင်လုံရန်၊ ပိုင်ဆိုင်မှု ခိုင်မာစေရန် ဂရန်ပေးစီမံချက် မရှိသေးသော ကျေးရွာ၊ မြို့နှင့်နီးသော မြေကွက်များအား ယခင်က 3 B Certificate လျှောက်ထားနိုင်ပါသည်။ (၂၀၁၂) လယ်ယာမြေဥပဒေအရ ရန်ကုန်မြို့တော်...

အိမ်ခြံမြေအကျိုဆောင်ကတ်ဘယ်မှ လုပ်ရသလဲ ဘယ်လောက်ကြာလဲ ဘာများလိုအပ်လဲ ငွေဘယ်လောက်ကုန်မလဲ ကျေးဇူးပြု၍ ဖြေပေးပါ။

ေမးသူ - Zu Zu Hlaing

[Unicode] မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) MRESA တွင် အသင်းဝင်ကတ်ပြားလျှောက်ထားပြီး မြို့နယ်အဆင့်မှတ်ပုံတင်အဖွဲ့ထံ အကျိုးဆောင် လိုင်စင်ကို ဆက်လက်လျှောက်ထားမှာဖြစ်ပါတယ်။ ၁။ မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များအသင်း ၂။...

ပါမစ်အကြောင်းသိချင်ပါတယ်ရှင့်၊ အရပ်ကတိစာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသော ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ရင်ဘာတွေလိုအပ်မလဲရှင့်၊ ဘယ်လိုဆောင်ရွက်ရမလဲရှင့်၊ အကယ်၍ မြေငှား စာချုပ် (ဂရန်) လျှောက်လို့ရရှိလာရင် အဆိုပါမြေငှားစာချုပ်(ဂရန်) ပေါ်တွင် ကပ်ရမည့် ကျသင့်တံဆိပ်ခေါင်းခွန် အထူးကပ်၏ နှုန်းထားမှာ ဘယ်လောက်လဲရှင့် ၂% လား၊ ၂+၂= ၄% လား၊ ဒါမှမဟုတ် အငှားစာချုပ်ဖြစ် သည့်အတွက် ငှားရမ်းခနှုန်းအပေါ်မှာပဲ ဆောင်ရမှာလားရှင့် ဖြေပေးစေလိုပါတယ် ဆရာ

ေမးသူ - Daw Zin Hnin Oo

[Unicode] ပါမစ်မြေအား ဂရန်လျှောက်မည်ဆိုပါက - မြေပိုင်ဆိုင်မှုအထောက်အထားစာချုပ်စာတမ်း(သို့) ပါမစ်မူရင်း၊ - အခုနောက်ပိုင်း ပါမစ်မူရင်းမရှိတော့ရင် တရားရုံးအမိန့်ပါ လိုအပ်ပါတယ်။ - မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း နောက်ဆုံးမြေငှားခ ပြေစာ ပေးဆောင်ကြောင်း...

လှည်းကူးဘက်တွင်အစိုးရမှ ဝန်ထမ်းများကိုချပေးထားသော စလစ်မြေကို အရပ်စာချုပ် အ‌ဆင့်ဆင့်ဖြင့် ဝယ်ယူထားခဲ့ပါသည်၊ ၎င်းကို အမည်ပေါက် ဘယ်လိုလုပ်ရမလဲသိချင်ပါတယ် ခင်ဗျာ။

ေမးသူ - U Aung Min

[Unicode] အိုးအိမ်ရုံးမှ ဝန်ထမ်းများအတွက် ထုတ်ပေးထားသော စလစ်မြေဆိုလျှင် ပါမစ်မြေအဖြစ် ပြောင်းလဲလျှောက်ထားလို့ ရပါတယ်။ စလစ်မြေရဲ့ အားသာချက်မှာ အရပ်ကတိစာချုပ်များပြသ၍လဲ ပါမစ်မြေပြေစာ လျှောက်ထားနိုင်ခြင်းပဲ ဖြစ်ပါသည်။ အိုးအိမ်ရုံးတွင်...

RH မြေ အကြောင်းလေးရှင်းပြပေးပါ။ RH ကို ရွာမြေလို့ပြောနေကြလို့ပါ။ဟုတ်ပါသလား။ အိမ်ဆောက်ခွင့်ရော ရပါသလား။

ေမးသူ - Nay Zaw

[Unicode] ရွာမြေများကို မြေစာရင်းဌာနမှာ ရွာမြေအဖြစ် ဧကအလိုက် သီးသန့် ဆေးခြယ် ဖော်ပြထားတယ်။ မြေစာရင်းဌာနမှ လယ်မြေအမျိုးအစားကို R မြေအဖြစ်သတ်မှတ်ဖော်ပြတယ်။ RH ဆိုတာ လယ်စောင့်တဲပဲ ဆောက်လုပ်ခွင့်ပြုတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ လယ်ယာမြေများကို...

မိဘ (၂) ပါးမှာ ပေ၂၀ မြေကွက်ရှိတယ်။ မပေါင်းကြတော့ အမေက ၁၀ပေတောင်းလို့ အိမ်တခြမ်းရောင်းပေးလိုက်တယ် ။ကျန်တဲ့ အဖေ ၁၀ပေပိုင်တာကို အဖေသေတော့ အမေကသူပိုင်ပါတယ်ဆိုပြီး နောက် ၁၀ထပ် ယူချင်တယ်။ အဖေနဲ့မပေါင်းတော့ဘဲ အဖေ့ရဲ့၁၀ပေ မြေကွက်ကို အမေကထပ်ပိုင်ဆိုင်ပါသလား။ သားသမီး ၂ယောက် ကျန်တာကော အဖေ ၁၀ပေ ရထိုက်ပါသလား။

ေမးသူ - Daw Mya Mya Nyunt

[Unicode] မိဘနှစ်ပါးမှာ တရားဝင်ကွာရှင်းခြင်းမပြုသော်လည်း လွန်ခဲ့သော(၁၀)နှစ်က သက်သေများဖြင့် မြေကွက် ခွဲခြမ်းယူကြခြင်းဖြစ်ပါသည်။ တရားဝင်ကွာရှင်းမှု အထောက်အထားမရှိသောကြောင့် ယခုကျန် (၁၀)ပေ မြေကွက်မှာ မိခင်နှင့် သက်ဆိုင်တော့ကြောင့် ပြောဆိုရန် ဥပဒေအရ...

မင်္ဂလာပါ။ ဖခင်အမည်ပေါက်သော အိမ်ဂရန်ကို သက်တမ်းတိုးချင်တာပါ။ ဖခင်က ကွယ်လွန်သွားပါပြီ။ မိခင်ဖြစ်သူ သက်ရှိထင်ရှားနေထိုင်ပါသည်။ ဤအခြေအနေတွင် ဂရန်သက်တမ်းတိုးမည်ဆိုပါက မိခင်အမည်နှင့် သက်တမ်းတိုး၍ရနိုင်ပါသလား။ မည်သည့်အရာများလိုအပ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ေမးသူ - Aung Naing

[Unicode] ဂရန်သက်တမ်းမကျော်လွန်ခင် (၃)လအလိုတွင် ဂရန်သက်တမ်းတိုးလျှောက်ထားရပြီး ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။ အမည်ပေါက်မဟုတ်ပါက လွှဲပြောင်းဆက်ခံသူဖြစ်ရန် လိုအပ်ပါသည်။ သေဆုံးသူ၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ သေစာရင်း၊...

မိဘနှစ်ဦး (ကွယ်လွန်) အမည်ပေါက် အိမ်နှင့်ခြံ (ရန်ကုန်တိုင်း) အားရောင်းချရန်အတွက် မြေပုံ မြေရာဇဝင်လျှောက်ထားလိုပါ၍ ကျန်ရစ်ခဲ့သော သားသမီးများမှ လျှောက်ထားလို့ရပါသလားရှင်။

ေမးသူ - Swe Swe Min

[Unicode] ကွယ်လွန်သူ၏ အမည်ပေါက်မြေကွက်အား မြေပုံကူးလိုပါက သာမာန်တွင် ဌာနမှ မြေပုံကူးပိုင်ခွင့်ရှိကြောင်း တရားရုံးအမိန့်ဒီကရီ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပြုလုပ်ထားသော မှတ်ပုံတင်စာချုပ်များတင်ပြနိုင်မှ မြေပုံကူးခွင့်ပြုသည်။...

မြေအကျယ်အဝန်း(၁၀)ပေ အရှည်( ၆၀ )ရှိပါက အဆောက်အဦးဘယ်နှစ်ထပ်ထိ ဆောက်လုပ်လို့ရပါသလဲ။

ေမးသူ - Saw Thaw Thar Tun

[Unicode] အဆောက်အအုံအထပ်အမြင့်သတ်မှတ်ချက်ကို ပေအကျယ်ပေါ်မူတည်၍ သတ်မှတ်သလို အိမ်ရှေ့လမ်းမကြီး အကျယ်နှင့် မြို့နယ်ပေါ်မူတည်၍လဲ သတ်မှတ်ပါတယ်။ မိမိအဆောက်အအုံအသစ် ဆောက်လုပ်လိုပါက စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဌာနမှ ထွက်ရှိထားသော ဥပဒေအား...