Properties Questions and Answers

အိမ်အသစ်ဆောက်လျင် ...ပတ်လည်မြေပိုကို ဥပဒေအရ မည်မျှချန်ထားပေးရပါသလဲ... ဥပမာ - ဘေးကပ်ရက်အိမ်များ၏ ခြံစည်းရိုးနှင့် ၃ပေ သို့မဟုတ် ၄ပေ ထိုသို့တိုင်းရာတွင် ဘေးအိမ်ခြံစည်းရိုးမှ အိမ်မကြီး(သို့မဟုတ်) ခြံစည်းရိုးမှ တံစက်မိတ် အစရှိသည်ကို သိလိုပါသည်။

ေမးသူ - Ko Naing

[Unicode] အိမ်ဆောက်လျှင် တစ်ဖက်လျှင် ၃ပေချန်ရမည်ဖြစ်ပြီး အထပ်မြင့်အဆောက်အဦးဆောက်လုပ်ပါက တစ်ဖက်လျှင် ၆ပေခန့်ချန်ရပါမည်။မြေတိုင်းတာရာတွင် ဘေးကပ်ရက် ခြံစည်းရိုးမှ အခြားဘေးတစ်ဖက်ခြံ၏ ခြံစည်းရိုးနယ်နမိတ်အထိ...

ကျွန်တော့်အိမ်က (20x60) ဂရန်အမည်ပေါက်အိမ်ပါဆရာ။ ဝယ်တုန်းကကျွန်တော့်အမည်နဲ့ဝယ်ထားတာပါ။လင်မယားလက်ထက်ပွားပါ ဆရာ။မိန်းမကဂရန်ပေါင်လိုက်ပြီးအတိုးပေါ်အတိုးဆင့်နဲ့ဆုံးရှုံးမဲ့အခြေအနေဖြစ်နေပါတယ်ဆရာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလင်မယားစကားများပြီးအရောင်းအဝယ်/စရန်ပေးစာချုပ်အလွတ်တွေမှာလက်မှတ်ထိုးပေးဘူးတယ်ဆရာ။အဲဒီစာချုပ်တွေအသုံးချပြီးရောင်းသွားတယ် ဆရာ။ကျွန်တော့်အနေနဲ့ဥပဒေအရ ဘာဆက်လုပ်ရမလဲအကြံပေးပါ ဆရာ။

ေမးသူ - Ko Kyaw Zin

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူ မှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာ တွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

ကျေးဇူးပြု၍ အကြံပေးပါအုံး ဆရာ။ လင်မယားလက်ထက်ပွားအိမ်ကို မယားကအပေါင်ထား ရောင်းချလို့ရပါသလား၊ ဥပဒေအရဘယ်လုပ်လို့ရမလဲ။

ေမးသူ - Ko Myat Thu

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူမှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာတွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

Home loan လျှောက်ရန်အတွက် အိုးအိမ်မြေ နှင့် စည်ပင်မြေဆိုတာ ဘယ်လိုမြေအမျိုးအစားဆိုတာ သိချင်ပါတယ်ခင်ဗျာ။

ေမးသူ - Nay Thu Aung

[Unicode] အိုးအိမ်မြေ၊ စည်ပင်မြေအမျိုးအစားဟူ၍ သီးသန့်မရှိပါ။Home Loan လျှောက်ရာတွင် တိုက်ခန်းဖြစ်ပါက အိုးအိမ်ဦးစီးမှ စီမံခွင့်ရှိသောမြေနှင့် စည်ပင်သာယာရေးကော်မတီမှ စီမံခွင့်ရှိသောမြေပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခန်းများသာ ဖြစ်ပါသည်။ မြေကွက်ကို Home Loan...

ဘိုးဘွားပိုင်မြေကို အရပ်စာချုပ်ဖြင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဝယ်ရန်သင့်/မသင့် သိလိုပါတယ်။ ဝယ်ခဲ့မယ်ဆိုလျှင် ဘယ်လိုစာရွက်စာတမ်းတွေတောင်းဆိုပြီး စာချုပ်မည်သို့ချုပ်ဆိုရမည်ကို သိလိုပါတယ်ရှင်။

ေမးသူ - Phyu Phyu Htun

[Unicode] အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေတွင်လည်း ဘိုးဘွား ပိုင်မြေနှင့် ပက်သက်၍ ယခင် ဘိုးဘွားမိဘလက်ထက် အဆင့်ဆင့် ဓားမ ဦးချ ပိုင်လာရာမှ အမွေဆက်ခံရရှိသည့် မြေအမျိုးအစား ဖြစ်သည်။ ဘိုးဘွားပိုင်မြေကို ပိုင် ဆိုင်သူသည် ရောင်းချခြင်း၊...

ကျမမှာ နှစ်၉၀ ဂရန် ၎င်းမြေအပေါ် ၆ထပ်တိုက် ဆောက်ထားပါတယ်။၂လွှာခန်းကိုမြေနှင့်အတူပိုင်ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းက ဂရန်သက်တမ်းကုန်ဆုံးသွားပါတယ်။ မူရင်းဂရန်ကကျမဆီမှာယ်။ တိုက်ခန်းမှာနေနေသောအမျိုးများနှင့်ပြဿနာရှိပါသောကြောင့် သက်တမ်းမတိုးဖြစ်ပါ။ စည်ပင်တွင်ဂရန် ရောင်းဝယ်အမည်ပြောင်းအားလုံးကို တားမြစ်ထားပါသည်။ တချို့က၂၀၁၄ မှ ၃နှစ်ကြာပြီးလျှင်နေထိုင်သူ(အမျိုးများ)ကဂရန်ကို သက်တမ်းတိုးသွားခွင့်ရှိသည်ပြောပါတယ်။ ဟုတ်ပါသလားရှင့်။

ေမးသူ - Mar Lar Myint

[Unicode] မေးမြန်းသူဒေါ်မာလာမြင့်၏ ပိုင်ဆိုင်မှုမြေအမည်ပေါက် ဟုတ်မှန်ပါက၎င်း၊ သို့မဟုတ် အမည်ပေါက်ဆီမှ အဆင့်ဆင့်ဝယ်ယူထားပါကလည်းကောင်း၊ လက်ရောက်ရရှိဝယ်ယူပိုင်ဆိုင် ထားသည့်အထောက်အထားဖြစ်သည့် အရောင်းအဝယ်စာချုပ်တွင်ပါရှိသော ဝယ်ယူထားသူ ကသာလျှင်...

တည်ဆောက်ပြီးစီးတာ ၃ နှစ်လောက်ရှိပြီး လူတွေနေထိုင်နေတာ ၂ နှစ်ကျော်လောက်ရှိပေမယ့် လူနေထိုင်ခွင့် BCC မကျသေးတဲ့ တိုက်ခန်းကို ဝယ်ယူသင့်ပါသလား??? ဝယ်ယူခဲ့ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ??? စရန်ချခံနီးမှာ BCC မရှိကြောင်းသိရတဲ့အတွက် ခဏရွှေ့ဆိုင်းထားပါတယ် ရှေ့ဆက်၍ ဝယ်ယူသင့် မသင့်လေး ဖြေကြားပေးပါဦး ခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ေမးသူ - U Thet Htun

[Unicode]ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့်တင်ပြလျှောက်ထားရမည်ဟု...

ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါရှင်။ အိမ်နဲ့ခြံ စဝယ်ယူတုန်းက စရံပေးစာချုပ်မှာ ညီမနာမည်နဲ့ချုပ်ခဲ့ပါတယ်၊ အပြီးဝယ်ယူတဲ့စာချုပ်မှာ ညီမအစ်ကိုအမည်နဲ့ဝယ်ယူလိုက်ပါတယ်။ ညီမအစ်ကိုက ပြည်ပမှာပါ။စာချုပ်စာတမ်းအပြည့်အစုံက ညီမဆီမှာပါ။ ဝယ်ယူသူနေရာမှာ ညီမအမည်ပြန်ပြောင်းလို့ရပါသလား။ပြောင်းရင်ဘာတွေလိုအပ်ပါသလဲ။အိမ်ခြံပိုင်ဆိုင်မှုကိုလည်း ညီမနာမည်နဲ့ဖြစ်အောင်ဘယ်လိုလုပ်သင့်ပါသလဲ။

ေမးသူ - Ma Phyo

[Unicode] အိမ်ခြံမြေအရောင်းအဝယ်ပြုရာတွင် စရံပေးစာချုပ်၌ ဖြည့်သွင်းထားသည့် ဝယ်ယူသူအမည်ထက် အပြီးအပိုင်အရောင်းအဝယ်စာချုပ်တွင် ဖြည့်သွင်းထားသည့်ဝယ်ယူသူအမည်သည် အဓိက ပိုင်ဆိုင်မှုခိုင်မာသည့် အချက်တစ်ချက်ပင်ဖြစ်ပါသည်။ ငွေကြေးစိုက်ထုတ်ဝယ်ယူသူ၏...

ဆရာကျွန်တော့်အမည်ပေါက် ပေ၂၀ x ပေ၆၀ မြေပေါ်တွင်ကန်ထရိုက်တာနှင့်အခန်းပေးအခန်းယူ ၆ထပ်အဆောက်အဦးဆောက်လုပ်ထားပါသည်။ယခုအခါကန်ထရိုက်တာမှရောင်းခဲ့သောမြေညီထပ်အခန်းမှတိုက်ရှေ့မျက်နှာစာသံပန်းတွင်မြန်မာနက် WiFi Power System အများသုံးပုံးကိုအခကြေးတော်မြေရှင်မှသဘောမတူပဲလုပ်ခွင့်ရှိပါသလား၊ သဘောမတူလျှင်မည်သို့ဆောင်ရွက်ရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။လေးစားစွာဖြင့် ....

ေမးသူ - U Zaw Htun

[Unicode] မေးမြန်းသူ၏ အမည်ပေါက်မြေကွက်ပေါ်တွင် တိုက်ဆောက်ပေးသူက ကန်ထရိုက်ဟုဆိုသော်လည်း ကန်ထရိုက်၏သဘောဆန္ဒတစ်ခုနှင့် မြေပိုင်ရှင်၏ခွင့်ပြုချက်မတောင်းခံပဲ ဆောင်ရွက်မရနိုင်ပါ။ မြေပိုင်ရှင်မှ တိုက်ပေါ်ရှိအခန်းများနှင့်ပက်သက်၍ လည်းကောင်း၊...