2579 Views

ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါရှင်။ အိမ်နဲ့ခြံ စဝယ်ယူတုန်းက စရံပေးစာချုပ်မှာ ညီမနာမည်နဲ့ချုပ်ခဲ့ပါတယ်၊ အပြီးဝယ်ယူတဲ့စာချုပ်မှာ ညီမအစ်ကိုအမည်နဲ့ဝယ်ယူလိုက်ပါတယ်။ ညီမအစ်ကိုက ပြည်ပမှာပါ။စာချုပ်စာတမ်းအပြည့်အစုံက ညီမဆီမှာပါ။ ဝယ်ယူသူနေရာမှာ ညီမအမည်ပြန်ပြောင်းလို့ရပါသလား။ပြောင်းရင်ဘာတွေလိုအပ်ပါသလဲ။အိမ်ခြံပိုင်ဆိုင်မှုကိုလည်း ညီမနာမည်နဲ့ဖြစ်အောင်ဘယ်လိုလုပ်သင့်ပါသလဲ။

မေးသူ - Ma Phyo

[Unicode]

အိမ်ခြံမြေအရောင်းအဝယ်ပြုရာတွင် စရံပေးစာချုပ်၌ ဖြည့်သွင်းထားသည့် ဝယ်ယူသူအမည်ထက် အပြီးအပိုင်အရောင်းအဝယ်စာချုပ်တွင် ဖြည့်သွင်းထားသည့်ဝယ်ယူသူအမည်သည် အဓိက ပိုင်ဆိုင်မှုခိုင်မာသည့် အချက်တစ်ချက်ပင်ဖြစ်ပါသည်။ ငွေကြေးစိုက်ထုတ်ဝယ်ယူသူ၏ အမည်အမှန်ကို ဝယ်ယူသူအဖြစ် ဝယ်ယူမှသာ အရောင်းအဝယ်စာချုပ် အထမြောက်ပါသည်။ သို့ဖြစ်ပါ၍ အကို ဖြစ်သူက ပိုင်ဆိုင်သည်ရှိသော် ၎င်း၏အမည်နှင့်ဝယ်ယူပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို ၎င်းလက်ဝယ်သို့ ပေးအပ်ထားရပါမည်။ အကယ်၍ ညီမဖြစ်သူပိုင်ဆိုင်သည်ရှိသော် အကိုဖြစ်သူမှ ညီမဖြစ်သူကို အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ဖြင့် ပြန်လည်ရောင်းချလိုက်သည့်စာချုပ်ချုပ်ဆိုရန် လိုအပ်ကြောင်း အကြံပြုလိုက်ရပါသည်။

 

[Zawgyi]

ေက်းဇူးျပဳ၍ျပန္လည္ေျဖၾကားေပးပါ႐ွင္။ အိမ္နဲ႔ျခံ စဝယ္ယူတုန္းက စရံေပးစာခ်ဳပ္မွာ ညီမနာမည္နဲ႔ခ်ဳပ္ခဲ့ပါတယ္၊ အျပီးဝယ္ယူတဲ့စာခ်ဳပ္မွာ ညီမအစ္ကိုအမည္နဲ႔ဝယ္ယူလိုက္ပါတယ္။ ညီမအစ္ကိုက ျပည္ပမွာပါ။စာခ်ဳပ္စာတမ္းအျပည့္အစုံက ညီမဆီမွာပါ။ ဝယ္ယူသူေနရာမွာ ညီမအမည္ျပန္ေျပာင္းလို႔ရပါသလား။ေျပာင္းရင္ဘာေတြလိုအပ္ပါသလဲ။အိမ္ျခံပိုင္ဆိုင္မႈကိုလည္း ညီမနာမည္နဲ႔ျဖစ္ေအာင္ဘယ္လိုလုပ္သင့္ပါသလဲ။


အိမ္ျခံေျမအေရာင္းအ၀ယ္ျပဳရာတြင္ စရံေပးစာခ်ဳပ္၌ ျဖည့္သြင္းထားသည့္ ၀ယ္ယူသူအမည္ထက္ အၿပီးအပိုင္အေရာင္းအ၀ယ္စာခ်ဳပ္တြင္ ျဖည့္သြင္းထားသည္ ့၀ယ္ယူသူအမည္သည္ အဓိက ပိုင္ဆိုင္မႈခိုင္မာသည့္ အခ်က္တစ္ခ်က္ပင္ျဖစ္ပါသည္။ ေငြေၾကးစိုက္ထုတ္၀ယ္ယူသူ၏ အမည္အမွန္ကို ၀ယ္ယူသူအျဖစ္ ၀ယ္ယူမွသာ အေရာင္းအ၀ယ္စာခ်ဳပ္ အထေျမာက္ပါသည္။ သို႔ျဖစ္ပါ၍ အကို ျဖစ္သူက ပိုင္ဆိုင္သည္ရွိေသာ္ ၎၏အမည္ႏွင့္၀ယ္ယူၿပီး ပိုင္ဆိုင္မႈစာရြက္စာတမ္းမ်ားကို ၎လက္၀ယ္သို႔ ေပးအပ္ထားရပါမည္။ အကယ္၍ ညီမျဖစ္သူပိုင္ဆိုင္သည္ရွိေသာ္ အကိုျဖစ္သူမွ ညီမျဖစ္သူကို အိမ္ျခံေျမအေရာင္းအ၀ယ္စာခ်ဳပ္ျဖင့္ ျပန္လည္ေရာင္းခ်လိုက္သည့္စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ေၾကာင္း အၾကံျပဳလိုက္ရပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App