149 Views

မိဘများသေဆုံးပြီးနောက် အမွေဆိုင်အိမ်ကို ညီတူညီမျှခွဲဝေရန် တရားရုံးမှဆုံးဖြတ်ပြီးရောင်းချရန်အမိန့် ကျပြီးဖြစ်ပါသည်။လေလံကြမ်းခင်းစျေးဖြင့် ဝယ်ယူသူမရှိပါ။ယခုအခါ ငလျင်ဖြင့် အိမ်မှာပျက်စီးသွားသောကြောင့် စျေးနှုန်းလျော့ချင်သည်ကို ကျန် ၅ယောက်က သဘောတူပြီး တစ်ယောက်ကသဘောမတူပါအမြန် အပြီးပြတ်လိုပါသောကြောင့် မည်သို့ဆောင်ရွက်ရမည်ကိုသိလိုပါသည်။ လက်ရှိတွင် သဘောမတူသော တစ်ယောက်က ထိုအိမ်မှာနေနေပါသည်။ ကျေးဇူးပြုပြီးဖြေကြားပေးပါစေလိုပါသည်ရှင့်။

မေးသူ - shwe zin oo

အမွေမှု နှစ်မျိုးနှစ်စားရှိပြီး ကျန်ရှိသူမိဘ နောက်အိမ်ထောင်ပြုသည့်အခါ ရရန်ရှိသော အမွေဝေစုကို စွဲဆိုသောအမှု၊ အမွေဆိုင်အချင်းချင်း ပူးတွဲအမွေဆိုင်တစ်ဦးအပေါ် စွဲဆိုသော အမွေမှုဟူ၍ ဖြစ်ပါသည်။ ယခုအမှုမှာ အမွေဆိုင်အချင်းချင်းစွဲဆိုသော အမှုဖြစ်ပြီး အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ-၂၁၄ အရ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထား၍ တရားစွဲဆိုထားသော အမှုဖြစ်ပါက မည်သို့ အမွေဆိုင်ပစ္စည်းအား ရောင်းချရန် တရားရုံးအမိန့်အား ကြည့်ရှုရမည်ဖြစ်ပါသည်။

တရားရုံး အမိန့်အတိုင်း လွှဲပြောင်းရောင်းချရန် ဆောင်ရွက်ခြင်းမပြုနိုင်ပါက ဒီဂရီအတိုင်းဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။ တရားရုံးသည် တရားမကျင့်ထုံးပုဒ်မ -၅၁/၅၂ အရ ဒီကရီကို အတည်ပြုပိုင်ခွင့်ရှိပါသည်။ဘီလစ်မှ အမွေပုံပစ္စည်းအား စီမံခန့်ခွဲ ဆောင်ရွက်စေသည်များလဲရှိပါသည်။ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၅၂အမှုတွင် ပစ္စည်းကို အုပ်ထိန်းစီမံခန့်ခွဲပေးစေလိုမှုအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

အမွေရှင်သေဆုံးပြီးနောက် အမွေပုံပစ္စည်း ရွှေ့ပြောင်းနိုင်သောပစ္စည်းကို တရားစွဲဆိုလျှင် (၆) နှစ်ဖြစ်ပြီးမရွှေ့မပြောင်းနိုင်သောပစ္စည်းအား တရားစွဲဆိုလျှင်ဆန့်ကျင်လက်ရှိထားပြီး (၁၂) နှစ် အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

အမွေပုံပစ္စည်းအား အမွေဆိုင်တစ်ဦးဦးမှ လက်ရှိထားခြင်းသည် အမွေဆိုင်အားလုံးအတွက် လက်ရှိထားခြင်းဖြစ်သည်ဟု ယူဆနိုင်သည်ကို (မမြကြင်နှင့် မအေးတင်(၁၉၆၃၊မတစ၊စာ-၉၈၃) အမှု) ဖော်ပြထားကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App