ရန်ကုန်ကအလုပ်သမားရှစ်သိန်းကျော်အတွက် လူမှုဖူလုံကြေးကျပ်ခြောက်သန်းကျော် လျာထား - Property News in Myanmar from iMyanmarHouse.com
775 Views

ရန်ကုန်ကအလုပ်သမားရှစ်သိန်းကျော်အတွက် လူမှုဖူလုံကြေးကျပ်ခြောက်သန်းကျော် လျာထား

[Unicode]

Stay At Home အဖြစ်သတ်မှတ်ခံထားရတဲ့ ရန်ကုန်တိုင်းအတွင်းကကုမ္ပဏီဝန်ထမ်းနဲ့အလုပ်သမားပေါင်းရှစ်သိန်းကျော်လောက်အတွက် လူမှုဖူလုံရေးကြေးအဖြစ်ငွေကျပ်ခြောက်သန်းကျော် လျာထားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ၂၁ ရက်နေ့ကအလုပ်ရှင်၊အလုပ်သမားကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့အလုပ်သမားဝန်ကြီးဌာနတို့တွေ့ဆုံပွဲမှာအခုလိုထုတ်ပြန်ခဲ့တာပါ။

လူမှုဖူလုံရေးကြေးအဖြစ် လုပ်ခလစာရဲ့၄၀ ရာခိုင်နှုန်းအဖြစ်သတ်မှတ်ပေးထားပြီးကုမ္ပဏီတွေ၊စက်ရုံတွေကိုအပတ်စဉ်ခွင့်ပြုထုတ်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ လူမှုဖူလုံရေးကြေးလျှောက်ထားရာမှာမြို့နယ်ရုံးခွဲတွေနဲ့အွန်လိုင်းကတဆင့်လည်းလျှောက်ထားနိုင်အောင်ပြင်ဆင်ထားတာပါ။

အခုအောက်တိုဘာတတိယပတ်အထိ စာရင်းတွေအရလုပ်ငန်းပေါင်း၁၁၀၀ကျော်အလုပ်သမားပေါင်းတစ်သိန်းခွဲကျော်ကိုလူမှုဖူလုံရေးကြေးတွေထုတ်ပေးထားပြီးဖြစ်တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

‘‘ဝန်ကြီးကတော့ပြန်ပြီးတွက်ချက်စဉ်းစားပေးမယ်လို့ပြောပါတယ်။ကျွန်တော်တို့အနေနဲ့က လက်ရှိထောက်ပံ့ငွေ ၄၀ရာခိုင်နှုန်းကအလုပ်သမားတွေအတွက် အဆောင်ခပေးဖို့တောင်မကာမိတဲ့အတွက် ၆၀ရာခိုင်နှုန်းအထိတိုးပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှအထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကပြောသည်။

လူမှုဖူလုံရေးထောက်ပံ့ငွေတိုးမြှင့်ပေးနိုင်ရေးအတွက် အလုပ်ရှင်ကိုယ်စားလှယ်များနှင့်ထပ်မံညှိနှိုင်းပေးမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှအထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးကဆိုသည်။

‘‘အစိုးရကတော့ ၄၀ရာခိုင်နှုန်းကနေတိုးဖို့မရှိဘူး။အလုပ်ရှင်တွေကဘယ်လောက်ထည့်ဝင်နိုင်မလဲဆိုတာပြောဆိုဆွေးနွေးပြီးဆောင်ရွက်ပေးမယ်လို့ဝန်ကြီးကပြောတယ်’’ ဟု၎င်းကပြောသည်။

စက်ရုံများယာယီရပ်နားထားရစဉ်ကာလအတွင်း အလုပ်သမားများအားအဆောင်ပိုင်ရှင်မှနှင်ချမှုများမရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်အဖွဲ့များကညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ယင်းအစည်းအဝေးတွင်ကတိပြုပြောကြားခဲ့ကြောင်း မဖြိုးစန္ဒာစိုးကဆိုသည်။

ငွေကြေးအခက်ကြုံတွေ့နေရသည့် အလုပ်သမားများအားအစိုးရကချေးငွေထုတ်ပေးနိုင်ရေးတင်ပြချက်နှင့်ပတ်သက်၍ မူနိုင်ငံတော်အဆင့်ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည့်အတွက်ကြောင့်ဟုဆိုကာဦးသိန်းဆွေက ယင်းအစည်းအဝေးတွင်ယတိပြတ်ရှင်းလင်းဖြေကြားသွားခဲ့ခြင်းမရှိဟု ကိုသက်နှင်းအောင်ကပြောသည်။

ဆက်လက်၍ လူမှုဖူလုံရေးစနစ်နှင့်အကျုံးမဝင်သည့်အလုပ်သမားများအားအောက်တိုဘာအတွင်းတစ်ဦးလျှင် ကျပ်သုံးသောင်းစီထောက်ပံ့မည်ဆိုသည့်သတင်းကိုလည်း ယင်းအစည်းအဝေးမှအတည်ပြုကြားသိခဲ့ရကြောင်း အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူများကဆိုသည်။

အဆိုပါ ထောက်ပံ့ငွေအားလုပ်ငန်းကဏ္ဍများတွင်လုပ်ကိုင်နေကြသည့်အလုပ်သမားများအပြင် ဆိုင်ကယ်ကယ်ရီဆွဲသူများကဲ့သို့တစ်ဦးချင်းကျပန်းလုပ်သားများလည်းအကျုံးဝင်ခံစားခွင့်ရှိမည်ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်ကယင်းအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရန္ကုန္ကအလုပ္သမား႐ွစ္သိန္းေက်ာ္အတြက္ လူမႈဖူလုံေၾကးက်ပ္ေျခာက္သန္းေက်ာ္ လ်ာထား

Stay At Home အျဖစ္သတ္မွတ္ခံထားရတဲ့ ရန္ကုန္တိုင္းအတြင္းကကုမၸဏီဝန္ထမ္းနဲ႔အလုပ္သမားေပါင္း႐ွစ္သိန္းေက်ာ္ေလာက္အတြက္ လူမႈဖူလုံေရးေၾကးအျဖစ္ေငြက်ပ္ေျခာက္သန္းေက်ာ္ လ်ာထားတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ၂၁ ရက္ေန႔ကအလုပ္႐ွင္၊အလုပ္သမားကိုယ္စားျပဳအဖြဲ႕အစည္းေတြနဲ႔အလုပ္သမားဝန္ႀကီးဌာနတို႔ေတြ႕ဆုံပြဲမွာအခုလိုထုတ္ျပန္ခဲ့တာပါ။

လူမႈဖူလုံေရးေၾကးအျဖစ္ လုပ္ခလစာရဲ႕၄၀ ရာခိုင္ႏႈန္းအျဖစ္သတ္မွတ္ေပးထားၿပီးကုမၸဏီေတြ၊စက္႐ုံေတြကိုအပတ္စဥ္ခြင့္ျပဳထုတ္ေပးလွ်က္႐ွိတယ္လို႔ သိရပါတယ္။ လူမႈဖူလုံေရးေၾကးေလွ်ာက္ထားရာမွာၿမိဳ႕နယ္႐ုံးခြဲေတြနဲ႔အြန္လိုင္းကတဆင့္လည္းေလွ်ာက္ထားႏိုင္ေအာင္ျပင္ဆင္ထားတာပါ။

အခုေအာက္တိုဘာတတိယပတ္အထိ စာရင္းေတြအရလုပ္ငန္းေပါင္း၁၁၀၀ေက်ာ္အလုပ္သမားေပါင္းတစ္သိန္းခြဲေက်ာ္ကိုလူမႈဖူလုံေရးေၾကးေတြထုတ္ေပးထားၿပီးျဖစ္တယ္လို႔ အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးနဲ႔ျပည္သူ႕အင္အားဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

‘‘ဝန္ႀကီးကေတာ့ျပန္ၿပီးတြက္ခ်က္စဥ္းစားေပးမယ္လို႔ေျပာပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔က လက္႐ွိေထာက္ပံ့ေငြ ၄၀ရာခိုင္ႏႈန္းကအလုပ္သမားေတြအတြက္ အေဆာင္ခေပးဖို႔ေတာင္မကာမိတဲ့အတြက္ ၆၀ရာခိုင္ႏႈန္းအထိတိုးေပးဖို႔ေတာင္းဆိုခဲ့တာျဖစ္ပါတယ္’’ဟု ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (MICS-TUsF) မွအေထြေထြအတြင္းေရးမႉးခ်ဳပ္ ကိုသက္ႏွင္းေအာင္ကေျပာသည္။

လူမႈဖူလုံေရးေထာက္ပံ့ေငြတိုးျမႇင့္ေပးႏိုင္ေရးအတြက္ အလုပ္႐ွင္ကိုယ္စားလွယ္မ်ားႏွင့္ထပ္မံညႇိႏိႈင္းေပးမည္ဟု ျပည္ေထာင္စုဝန္ႀကီးကေျပာေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM)မွအေထြေထြအတြင္းေရးမႉး မၿဖိဳးစႏၵာစိုးကဆိုသည္။

‘‘အစိုးရကေတာ့ ၄၀ရာခိုင္ႏႈန္းကေနတိုးဖို႔မ႐ွိဘူး။အလုပ္႐ွင္ေတြကဘယ္ေလာက္ထည့္ဝင္ႏိုင္မလဲဆိုတာေျပာဆိုေဆြးေႏြးၿပီးေဆာင္႐ြက္ေပးမယ္လို႔ဝန္ႀကီးကေျပာတယ္’’ ဟု၎ကေျပာသည္။

စက္႐ုံမ်ားယာယီရပ္နားထားရစဥ္ကာလအတြင္း အလုပ္သမားမ်ားအားအေဆာင္ပိုင္႐ွင္မွႏွင္ခ်မႈမ်ားမ႐ွိေစေရးအတြက္ သက္ဆိုင္ရာၿမိဳ႕နယ္အာဏာပိုင္အဖြဲ႕မ်ားကညႇိႏိႈင္းေျဖ႐ွင္းေဆာင္႐ြက္ေပးမည္ဟု ရန္ကုန္တိုင္းေဒသႀကီးလူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးေဒၚမိုးမိုးစုၾကည္က ယင္းအစည္းအေဝးတြင္ကတိျပဳေျပာၾကားခဲ့ေၾကာင္း မၿဖိဳးစႏၵာစိုးကဆိုသည္။

ေငြေၾကးအခက္ၾကဳံေတြ႕ေနရသည့္ အလုပ္သမားမ်ားအားအစိုးရကေခ်းေငြထုတ္ေပးႏိုင္ေရးတင္ျပခ်က္ႏွင့္ပတ္သက္၍ မူႏိုင္ငံေတာ္အဆင့္ေဆြးေႏြးဆုံးျဖတ္ရမည့္ကိစၥျဖစ္သည့္အတြက္ေၾကာင့္ဟုဆိုကာဦးသိန္းေဆြက ယင္းအစည္းအေဝးတြင္ယတိျပတ္႐ွင္းလင္းေျဖၾကားသြားခဲ့ျခင္းမ႐ွိဟု ကိုသက္ႏွင္းေအာင္ကေျပာသည္။

ဆက္လက္၍ လူမႈဖူလုံေရးစနစ္ႏွင့္အက်ံဳးမဝင္သည့္အလုပ္သမားမ်ားအားေအာက္တိုဘာအတြင္းတစ္ဦးလွ်င္ က်ပ္သုံးေသာင္းစီေထာက္ပံ့မည္ဆိုသည့္သတင္းကိုလည္း ယင္းအစည္းအေဝးမွအတည္ျပဳၾကားသိခဲ့ရေၾကာင္း အလုပ္သမားအဖြဲ႕ခ်ဳပ္တာဝန္႐ွိသူမ်ားကဆိုသည္။

အဆိုပါ ေထာက္ပံ့ေငြအားလုပ္ငန္းက႑မ်ားတြင္လုပ္ကိုင္ေနၾကသည့္အလုပ္သမားမ်ားအျပင္ ဆိုင္ကယ္ကယ္ရီဆြဲသူမ်ားကဲ့သို႔တစ္ဦးခ်င္းက်ပန္းလုပ္သားမ်ားလည္းအက်ံဳးဝင္ခံစားခြင့္႐ွိမည္ဟု ဝန္ႀကီးေဒၚမိုးမိုးစုၾကည္ကယင္းအစည္းအေဝးတြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service