ခါတော်မှီ အိမ်ခြံမြေဈေးကွက် ရှိနေဆဲလို့ဆို - Property News in Myanmar from iMyanmarHouse.com
1134 Views

ခါတော်မှီ အိမ်ခြံမြေဈေးကွက် ရှိနေဆဲလို့ဆို

[Unicode]

မြန်မာ့အိမ်၊မြေဈေးကွက်၏သဘောတရားများအရ စီမံကိန်းများအပေါ်မူတည်ပြီး ခါတော်မီဈေးကွက်မျိုးကအလုပ်ဖြစ်နေသေးကြောင်း သတင်းရရှိသည်။

‘‘ငါးပွက်ရာငါးစာချလုပ်တာမျိုးက အိမ်ခြံမြေဈေးကွက်မှာရှိတယ်။ပုံမှန်အရောင်းအဝယ်ပုံစံမျိုးမဟုတ်ဘူး’’ဟု မဏ္ဏိုင်အိမ်ခြံမြေကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာဦးသန်းဦးကပြောသည်။

" လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ဒလတံတားစီမံကိန်းအပေါ်အခြေခံပြီးဒလမြို့နယ်မှ သိန်း ၁၀၀ မှ ၂၀၀ အကြားလယ်ကွက်များဝယ်ယူရင်းနှီးသူများရှိနေသည် " ဟု iMyanmarHouse.com ရဲ့မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူကပြောသည်။

ထို့အပြင်ပုံမှန်ဈေးကွက်ကျပ် သိန်း ၅၀၀ မှ သိန်း ၃,၀၀၀ အကြားအိမ်မြေအရောင်းအဝယ်လည်းရှိနေသည်ဟု အကျိုးဆောင်အချို့ကဆိုသည်။ဝယ်ယူသူများကအမှန်တကယ်နေထိုင်သူများအပြင်ငွေကြေးပိုလျှံနေသဖြင့်ဝယ်ယူသူအချို့ကလည်းရှိနေသည်ဟု ၎င်းတို့ကပြောသည်။

ထို့အတူမန္တလေးတွင်လည်း ကျပ်သိန်း၃၀၀၊ ၄၀၀တန်အိမ်ခြံမြေအချို့အရောင်းအဝယ်ဖြစ်ကြောင်းဦးနေလင်းအောင်ကဆိုသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အထိမြို့ပြနေထိုင်သူလူဦးရေက ၁၅သန်းခန့်ရှိနေသည်။ပုံမှန်အခြေအနေတွင်လာမည့် ၂၀၅၀ပြည့်နှစ်တွင်လူဦးရေ ၃၂ သန်းအထိတိုးလာမည်ဟုကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။အလုပ်အကိုင်အခွင့်အလမ်းကြောင့်ကျေးလက်မှပြောင်းရွှေ့လာသူများကြောင့်လူနေထူထပ်မှုတိုးတက်လာမည်ဟု ဆိုထားသည်။

လက်ရှိတွင် စီးပွားရေးမြို့တော်ရန်ကုန်တွင်အလုပ်အကိုင်အခွင့်အလမ်းကြောင့်ဒေသအစုံမှပြောင်းရွှေ့အခြေချသူများသဖြင့်တိုးတက်ခဲ့သောအိမ်ငှားဈေးကွက်လည်း COVID-19 ကပ်ရောဂါကြောင့်ပုံစံပြောင်းလဲလာသည်။

အိမ်ငှားလိုသူနည်းသဖြင့်ငှားရမ်းခဈေးနှုန်းများကိုပင်ပိုင်ရှင်များကလျှော့ချပေးလာသည်ဟု အကျိုးဆောင်အချို့ကပြောသည်။

ရန်ကုန်မြို့တွင်းမြေညီထပ်တိုက်ခန်းများကို ယခင်ကျပ်သိန်း ၂၀ မှ ကျပ် ၁၅သိန်းသို့လျှော့ချပေးလာခြင်းဖြစ်သည်။

ထို့အပြင် သာမန်လူနေတိုက်ခန်းများကိုလည်းအနည်းဆုံး ၁၅ရာခိုင်နှုန်းခန့်ဈေးလျှော့ချလာသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်နှင့်ပုဂ္ဂလိကတည်ဆောက်ရေးကဏ္ဍကို အပြောင်းအလဲဖြစ်စေရန်ကွန်ဒိုဥပဒေကိုအသက်ဝင်အောင်လုပ်ဆောင်ပြီးနိုင်ငံခြားသားများကိုရောင်းချခွင့်ပြုပေးခြင်း၊ APARTMENT LAW ကိုအမြန်ဆုံးပြဋ္ဌာန်းပေးရေးအပြင်အခွန်သက်သာခွင့်ပြုပေးရေးကိုအိမ်ခြံမြေလောကသာများနှင့်ဆောက်လုပ်ရေးအသိုင်းအဝိုင်းကတောင်းဆိုနေတာလည်းဖြစ်ပါတယ်။

ထို့အတူအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်များပြန်လည်သွက်လက်လာစေရန်အတွက်လက်ရှိခွင့်ပြုပြဋ္ဌာန်းထားသောအခွန်သက်သာခွင့်ကို COVID ကြောင့် အရောင်းအဝယ်မပြုလုပ်နိုင်သောကာလတစ်ခုအတွက်အချိန်အစားထိုးပေးရန်လိုလားသည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့ကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]



















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service