အိမ်၊ခြံမြေ၊ကားဝယ်ယူရာတွင် အခွန်မဆောင်ထားသည့် ငွေများအတွက် အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလ အထိ ရွှေ့ဆိုင်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
10598 Views

အိမ်၊ခြံမြေ၊ကားဝယ်ယူရာတွင် အခွန်မဆောင်ထားသည့် ငွေများအတွက် အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလ အထိ ရွှေ့ဆိုင်းခွင့်ပြု

[Unicode]

အိမ်ခြံမြေ၊ကားဝယ်ယူရာတွင် အခွန်မဆောင်ထားသူများအတွက် သက်သာခွင့်ပေးသည့် ဝင်ငွေခွန် ပေးသွင်းခြင်းကို ဒီဇင်ဘာအထိ ရွှေ့ဆိုင်းခွင့်ပြုလိုက်ကြောင်း စီမံကိန်း၊ဘဏ္ဏာရေးနှင့်စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်တွင် ကြေညာသည်။

ယခုဘဏ္ဏာနှစ်ကုန်ဖြစ်သည့် ၂၀၂၀ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ပေးသွင်းခြင်းကို ၂၀၂၀ ဒီဇင်ဘာလအကုန်ထိ ရွှေ့ဆိုင်းပေးခြင်းဖြစ်သည်။

"ကြေညာချက်ထွက်တာ မှန်ပါတယ်။ဒီနေ့ နေ့လည်ပိုင်းမှာပဲ နိုင်ငံပိုင် မီဒီယာက တဆင့်အသိပေးထားပါတယ်"ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က အတည်ပြုသည်။

၂၀၁၉ ပြည်ထောင်စုအခွန်ကောက် ဥပဒေအရ အိမ်ခြံမြေ၊ကားဝယ်ယူရာတွင် ဝင်ငွေခွန်မဆောင်ထားသည့် စည်းကြပ်မှုမှလွတ်ကင်းနေသောငွေများကို ငွေပမာဏအလိုက် အခွန်သက်သာခွင့်ပေးထားခြင်းဖြစ်သည်။

ယခု ကြေညာချက်အရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သက်ညှာ လျှော့ပေါ့ ပေးသော အခွန်နှုန်းထားများကို ၂၀၂၀ စက်တင်ဘာ (၃၀) ရက်အထိသာ ခံစားခွင့်ပြုထားခြင်းကြောင့် ယင်းနေ့မတိုင်မီ လျော့ပေါ့နှုန်းထားများကို ခံစားနိုင်ရန်အတွက် အခွန်ထမ်းသူများသည် စည်းကြပ်တောင်းခံထားသော ငွေသွင်းချလန်ကို ရယူရသည်။

အဆိုပါ ချလန်ကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ ဘဏ်သို့ငွေပေးသွင်းရမည်ဟု ဖော်ပြထားချက်ကြောင့် မြန်မာ့စီးပွားရေးဘဏ်၌ စုပြုံ၍ ငွေပေးသွင်းမှု ဖြစ်ပွားနေသည်ဟု ဆိုသည်။

ယင်းအတွက် ငွေသွင်းချလန် ပေါ်တွင် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပေးသွင်းရမည့် အစား၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်အထိ နောက်ဆုံးထားပေးသွင်းနိုင်ကြောင်း အသိပေးခြင်းဖြစ်သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်က အခွန်အကောက်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်ကို ကျပ်သိန်း တစ်ထောင် အထိ သုံးရာခိုင်နှုန်း၊ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း သုံး ထောင်အထက်မှ ကျပ်သိန်းသုံးသောင်းအထိ ၁၀ ရာခိုင်နှုန်းနှင့်ကျပ်သိန်း သုံးသောင်းအထက် ကို သုံးဆယ်ရာ ခိုင်နှုန်းဖြစ်သည်။

လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၏ အခွန်အကောက်ဥပဒေကြမ်းတွင် သိန်း ၁,၀၀၀ အထိ အခွန် ၆ ရာခိုင်နှုန်း၊ သိန်း ၁,၀၀၁ အထက်မှ သိန်း ၃,၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၁ မှ သိန်း ၃၀,၀၀၀ အထိ အခွန် ၂၀ ရာခိုင်နှုန်း နှင့် ယင်းအထက်တွင် အခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဟု သတ်မှတ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္၊ျခံေျမ၊ကားဝယ္ယူရာတြင္ အခြန္မေဆာင္ထားသည့္ ေငြမ်ားအတြက္ အခြန္ေပးသြင္းျခင္းကို ဒီဇင္ဘာလ အထိ ေ႐ႊ႕ဆိုင္းခြင့္ျပဳ

အိမ္ျခံေျမ၊ကားဝယ္ယူရာတြင္ အခြန္မေဆာင္ထားသူမ်ားအတြက္ သက္သာခြင့္ေပးသည့္ ဝင္ေငြခြန္ ေပးသြင္းျခင္းကို ဒီဇင္ဘာအထိ ေ႐ႊ႕ဆိုင္းခြင့္ျပဳလိုက္ေၾကာင္း စီမံကိန္း၊ဘဏၰာေရးႏွင့္စက္မႈဝန္ႀကီးဌာနက စက္တင္ဘာ ၂၂ ရက္တြင္ ေၾကညာသည္။

ယခုဘဏၰာႏွစ္ကုန္ျဖစ္သည့္ ၂၀၂၀ စက္တင္ဘာ ၃၀ ရက္အထိ သတ္မွတ္ထားသည့္ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြခြန္ေပးသြင္းျခင္းကို ၂၀၂၀ ဒီဇင္ဘာလအကုန္ထိ ေ႐ႊ႕ဆိုင္းေပးျခင္းျဖစ္သည္။

"ေၾကညာခ်က္ထြက္တာ မွန္ပါတယ္။ဒီေန႔ ေန႔လည္ပိုင္းမွာပဲ ႏိုင္ငံပိုင္ မီဒီယာက တဆင့္အသိေပးထားပါတယ္"ဟု ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးဝင္းထိုက္က အတည္ျပဳသည္။

၂၀၁၉ ျပည္ေထာင္စုအခြန္ေကာက္ ဥပေဒအရ အိမ္ျခံေျမ၊ကားဝယ္ယူရာတြင္ ဝင္ေငြခြန္မေဆာင္ထားသည့္ စည္းၾကပ္မႈမွလြတ္ကင္းေနေသာေငြမ်ားကို ေငြပမာဏအလိုက္ အခြန္သက္သာခြင့္ေပးထားျခင္းျဖစ္သည္။

ယခု ေၾကညာခ်က္အရ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒအရ သက္ညႇာ ေလွ်ာ့ေပါ့ ေပးေသာ အခြန္ႏႈန္းထားမ်ားကို ၂၀၂၀ စက္တင္ဘာ (၃၀) ရက္အထိသာ ခံစားခြင့္ျပဳထားျခင္းေၾကာင့္ ယင္းေန႔မတိုင္မီ ေလ်ာ့ေပါ့ႏႈန္းထားမ်ားကို ခံစားႏိုင္ရန္အတြက္ အခြန္ထမ္းသူမ်ားသည္ စည္းၾကပ္ေတာင္းခံထားေသာ ေငြသြင္းခ်လန္ကို ရယူရသည္။

အဆိုပါ ခ်လန္ကို စက္တင္ဘာ ၃၀ ရက္ ေနာက္ဆုံးထား၍ ဘဏ္သို႔ေငြေပးသြင္းရမည္ဟု ေဖာ္ျပထားခ်က္ေၾကာင့္ ျမန္မာ့စီးပြားေရးဘဏ္၌ စုျပဳံ၍ ေငြေပးသြင္းမႈ ျဖစ္ပြားေနသည္ဟု ဆိုသည္။

ယင္းအတြက္ ေငြသြင္းခ်လန္ ေပၚတြင္ စက္တင္ဘာ ၃၀ ရက္ ေနာက္ဆုံးထားေပးသြင္းရမည့္ အစား၂၀၂၀ ဒီဇင္ဘာ ၃၀ ရက္အထိ ေနာက္ဆုံးထားေပးသြင္းႏိုင္ေၾကာင္း အသိေပးျခင္းျဖစ္သည္။

၂၀၁၉-၂၀ ဘ႑ာႏွစ္က အခြန္အေကာက္ဥပေဒအရ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာဝင္ေငြခြန္ကို က်ပ္သိန္း တစ္ေထာင္ အထိ သုံးရာခိုင္ႏႈန္း၊က်ပ္သိန္း တစ္ေထာင္အထက္မွ က်ပ္သိန္း သုံးေထာင္အထိ ငါးရာခိုင္ႏႈန္း၊ က်ပ္သိန္း သုံး ေထာင္အထက္မွ က်ပ္သိန္းသုံးေသာင္းအထိ ၁၀ ရာခိုင္ႏႈန္းႏွင့္က်ပ္သိန္း သုံးေသာင္းအထက္ ကို သုံးဆယ္ရာ ခိုင္ႏႈန္းျဖစ္သည္။

လာမည့္ ၂၀၂၀-၂၁ ဘ႑ာႏွစ္၏ အခြန္အေကာက္ဥပေဒၾကမ္းတြင္ သိန္း ၁,၀၀၀ အထိ အခြန္ ၆ ရာခိုင္ႏႈန္း၊ သိန္း ၁,၀၀၁ အထက္မွ သိန္း ၃,၀၀၀ အထိ အခြန္ ၁၀ ရာခိုင္ႏႈန္း၊ သိန္း ၃,၀၀၁ မွ သိန္း ၃၀,၀၀၀ အထိ အခြန္ ၂၀ ရာခိုင္ႏႈန္း ႏွင့္ ယင္းအထက္တြင္ အခြန္ ၃၀ ရာခိုင္ႏႈန္းေကာက္ခံမည္ဟု သတ္မွတ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service