မြန်မာနိုင်ငံသည် ၂၀၂၁ နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းမှ လွတ်မြောက်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
1481 Views

မြန်မာနိုင်ငံသည် ၂၀၂၁ နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းမှ လွတ်မြောက်ဖွယ်ရှိ

[Unicode] မြန်မာနိုင်ငံတွင် ၂၀၂၁ နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်း(LDC)များ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ဝန်ကြီးအစည်းအဝေးအရ သိရသည်။

ထိုသို့ လွတ်မြောက်ရေးအတွက် အစီရင်ခံစာတင်သွင်းရန် ဆောင်ရွက်နေ ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ထိုအစီရင်ခံစာကို အစ္စတန်ဘူလ်လုပ်ငန်းစဉ် ဆောင်ရွက်ထားမှု အစီရင်ခံစာဟုခေါ်ဆိုပြီး ယင်းတွင် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများပါဝင်မည်ဟု ဒုဝန်ကြီးကဆိုသည်။

‘‘ယခုနှစ်က အစ္စတန်ဘူလ်လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရမယ့် နောက်ဆုံးနှစ်ဖြစ်ပြီး COVID-19 ကြောင့် LDCs နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ ကျန်းမာရေး၊ လူမှု ရေး၊ စီးပွားရေးကိစ္စရပ်တွေမှာပြင်းထန်စွာ ထိခိုက်မှုတွေရှိခဲ့တယ်။ အစ္စတန်ဘူလ်လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာလည်း နိုင်ငံများအကြား ကွာဟချက်တွေရှိနေသေးတယ်’’ ဟု ဦးဆက်အောင်က ပြောသည်။

အစ္စတန်ဘူလ်လုပ်ငန်းအစီအစဉ်ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs) လွတ်မြောက်ရေး စံသတ်မှတ်ချက်ပြည့်မီ၍ LDCs နိုင်ငံအရေအတွက် ထက်ဝက် လျှော့ချရေး အစီအစဉ်ဖြစ်သည်။

ထိုအစီအစဉ်ကို ၂၀၁၁ မေလတွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအ နည်းဆုံးနိုင်ငံအဖြစ်မှ လွတ် မြောက်ရန် စံသတ်မှတ်ချက်များ ပြည့်မီရေးတို့အတွက် ရင်ဆိုင်နေ ရသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားရန် အဓိကဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့် စံနှုန်းသုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီလာပြီဖြစ် ကြောင်း ကုလသမဂ္ဂ၊ ဖွံ့ဖြိုးတိုး တက်မှုမူဝါဒဆိုင်ရာကော်မတီ (CDP) အစီရင်ခံစာတွင် ၂၀၁၈ မတ်လက ဖော်ပြခဲ့သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်မှ လွတ်မြောက်ရေးစံနှုန်းသုံးခုဖြစ်သော တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) အမေရိကန်ဒေါ်လာ ၁,၂၃၀ ထက် ကျော်လွန်ရန်၊ လူသားအရင်းအနှီး ညွှန်းကိန်း (Human Access Index - HAI) ၆၆ နှင့် အထက်ရှိရန်နှင့် စီးပွား ရေးထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulne-rability Index -EVI) ၃၂ နှင့် အောက်ရှိရန် လိုအပ်သည်။

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ် လေ့လာ သုံးသပ်မှုတွင် မြန်မာနိုင်ငံသည် GNI အမေရိကန် ဒေါ်လာ ၁,၂၅၅၊ HAI ၆၈ ဒသမ ၅ နှင့် EVI ၃၁ ဒသမ ၇ ရရှိခဲ့သည်။

ထို့ကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ် မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်းသုံးခုစလုံး ပထမဆုံးအကြိမ် ပြည့်မီပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းထားမည်ဆိုပါက ၂၀၂၁ နောက် ပိုင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းမှ လွတ်မြောက်မည့်လမ်း စတင်ပွင့်သွားမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာႏိုင္ငံသည္ ၂၀၂၁ ေနာက္ပိုင္းတြင္ ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံ (LDC) စာရင္းမွ လြတ္ေျမာက္ဖြယ္႐ွိ

ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ေနာက္ပိုင္းတြင္ ဖြံ႕ျဖိဳးမႈအနည္းဆုံးႏိုင္ငံစာရင္း(LDC)မ်ား လြတ္ေျမာက္ႏိုင္ဖြယ္႐ွိေၾကာင္း ကုလသမဂၢအေထြေထြညီလာခံ၏ ဖြံ႕ျဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ား ဝန္ႀကီးအစည္းအေဝးအရ သိရသည္။

ထိုသို႔ လြတ္ေျမာက္ေရးအတြက္ အစီရင္ခံစာတင္သြင္းရန္ ေဆာင္႐ြက္ေန ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္က ေျပာၾကားသည္။

ထိုအစီရင္ခံစာကို အစၥတန္ဘူလ္လုပ္ငန္းစဥ္ ေဆာင္႐ြက္ထားမႈ အစီရင္ခံစာဟုေခၚဆိုၿပီး ယင္းတြင္ ျမန္မာႏိုင္ငံ၏ လက္႐ွိ ျဖစ္ေပၚတိုးတက္မႈမ်ားပါဝင္မည္ဟု ဒုဝန္ႀကီးကဆိုသည္။

‘‘ယခုႏွစ္က အစၥတန္ဘူလ္လုပ္ငန္းစဥ္ကို အေကာင္အထည္ ေဖာ္ရမယ့္ ေနာက္ဆုံးႏွစ္ျဖစ္ၿပီး COVID-19 ေၾကာင့္ LDCs ႏိုင္ငံေတြအပါအဝင္ ကမ႓ာ့ႏိုင္ငံအမ်ားစုမွာ က်န္းမာေရး၊ လူမႈ ေရး၊ စီးပြားေရးကိစၥရပ္ေတြမွာျပင္းထန္စြာ ထိခိုက္မႈေတြ႐ွိခဲ့တယ္။ အစၥတန္ဘူလ္လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္ရာမွာလည္း ႏိုင္ငံမ်ားအၾကား ကြာဟခ်က္ေတြ႐ွိေနေသးတယ္’’ ဟု ဦးဆက္ေအာင္က ေျပာသည္။

အစၥတန္ဘူလ္လုပ္ငန္းအစီအစဥ္ဆိုသည္မွာ ၂၀၂၀ ျပည့္ႏွစ္တြင္ ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ား(LDCs) လြတ္ေျမာက္ေရး စံသတ္မွတ္ခ်က္ျပည့္မီ၍ LDCs ႏိုင္ငံအေရအတြက္ ထက္ဝက္ ေလွ်ာ့ခ်ေရး အစီအစဥ္ျဖစ္သည္။

ထိုအစီအစဥ္ကို ၂၀၁၁ ေမလတြင္ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕တြင္ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ဆင္းရဲမႈေလွ်ာ့ခ်ေရးႏွင့္ ဖြံ႕ၿဖိဳးမႈအ နည္းဆုံးႏိုင္ငံအျဖစ္မွ လြတ္ ေျမာက္ရန္ စံသတ္မွတ္ခ်က္မ်ား ျပည့္မီေရးတို႔အတြက္ ရင္ဆိုင္ေန ရသည့္ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ ေက်ာ္လႊားရန္ အဓိကျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ဖြံ႕ၿဖိဳးမႈ အနည္းဆုံး ႏိုင္ငံမ်ားအဆင့္မွ လြတ္ေျမာက္ရန္ သတ္မွတ္ထားသည့္ စံႏႈန္းသုံးခုစလုံးႏွင့္ ပထမဆုံးအႀကိမ္ ျပည့္မီလာၿပီျဖစ္ ေၾကာင္း ကုလသမဂၢ၊ ဖြံ႕ၿဖိဳးတိုး တက္မႈမူဝါဒဆိုင္ရာေကာ္မတီ (CDP) အစီရင္ခံစာတြင္ ၂၀၁၈ မတ္လက ေဖာ္ျပခဲ့သည္။

ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ား အဆင့္မွ လြတ္ေျမာက္ေရးစံႏႈန္းသုံးခုျဖစ္ေသာ တစ္ဦးခ်င္းဝင္ေငြ (Gross National Income - GNI) အေမရိကန္ေဒၚလာ ၁,၂၃၀ ထက္ ေက်ာ္လြန္ရန္၊ လူသားအရင္းအႏွီး ၫႊန္းကိန္း (Human Access Index - HAI) ၆၆ ႏွင့္ အထက္႐ွိရန္ႏွင့္ စီးပြား ေရးထိခိုက္နစ္နာလြယ္မႈဆိုင္ရာ ၫႊန္းကိန္း (Economic Vulne-rability Index -EVI) ၃၂ ႏွင့္ ေအာက္႐ွိရန္ လိုအပ္သည္။

၂၀၁၈ ခုႏွစ္အတြက္ ျပဳလုပ္ခဲ့သည့္ သုံးႏွစ္တစ္ႀကိမ္ ေလ့လာ သုံးသပ္မႈတြင္ ျမန္မာႏိုင္ငံသည္ GNI အေမရိကန္ ေဒၚလာ ၁,၂၅၅၊ HAI ၆၈ ဒသမ ၅ ႏွင့္ EVI ၃၁ ဒသမ ၇ ရ႐ွိခဲ့သည္။

ထို႔ေၾကာင့္ ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ားအဆင့္မွ လြတ္ ေျမာက္ေရးဆိုင္ရာ သတ္မွတ္စံႏႈန္းသုံးခုစလုံး ပထမဆုံးအႀကိမ္ ျပည့္မီၿပီျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ တိုးတက္မႈအ႐ွိန္ကို ဆက္လက္ထိန္းထားမည္ဆိုပါက ၂၀၂၁ ေနာက္ ပိုင္း ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံမ်ား စာရင္းမွ လြတ္ေျမာက္မည့္လမ္း စတင္ပြင့္သြားမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service