ကိုဗစ်-၁၉ ကာလတွင်း နိုင်ငံခြားသား အိမ်ခြံမြေ ငှားရမ်းမှုဈေးကွက် ကျဆင်းဆသော်လည်း ပြည်တွင်းဈေးကွက်ပုံမှန်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
912 Views

ကိုဗစ်-၁၉ ကာလတွင်း နိုင်ငံခြားသား အိမ်ခြံမြေ ငှားရမ်းမှုဈေးကွက် ကျဆင်းဆသော်လည်း ပြည်တွင်းဈေးကွက်ပုံမှန်လည်ပတ်

[Unicode]

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလတွင်း နိုင်ငံခြားသားများအိမ်ခြံမြေ ငှားရမ်းမှုဈေးကွက် ကျ ဆင်းလျက်ရှိသော်လည်းပြည်တွင်း အငှားဈေးကွက်မှာ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

“နိုင်ငံခြားသား ငှားရမ်းမှုကတော့ မလာသလောက်ပဲ။ ဟိုတယ်တွေရော၊ အိမ်တွေရော မလာသလောက်ပဲ။ ဥပမာအားဖြင့် နိုင်ငံခြားဘာသာနဲ့ဆက်စပ်တဲ့ တက္ကသိုလ်တွေ၊ ပြည်တွင်းနဲ့ချိတ်ဆက်တဲ့ တက္ကသိုလ်တွေ၊ နိုင်ငံခြားသား စာသင်တဲ့ ဆရာတွေလည်း လာလို့မရတော့ဘူး။ တချို့နိုင်ငံခြားသားတွေလည်း ပြန် ကြကုန်တယ်။ ပြီးတော့ အထည်ချုပ်လုပ်ငန်းတွေနဲ့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရှိနေတဲ့ ပိုင်ရှင်အဖြစ်နဲ့ ရပ်တည်နေတဲ့ နိုင်ငံခြားသားတွေရော၊ ပညာရှင်အဖြစ်နဲ့ ရပ်တည်တဲ့သူတွေရော ပြန်ကုန်ကြပြီ။ နိုင်ငံခြားသား ငှားရမ်းမှုက မဖြစ်တော့ဘူး” ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင် က ပြောဆိုသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် အဓိကမြို့ကြီးများတွင် နိုင်ငံခြားသားကို အားထားရသည့် အငှား ဈေးကွက်မှာ လက်ရှိတွင်ကျဆင်းနေသော်လည်း ပြည်တွင်းအငှားဈေးကွက်မှာမူ ပုံမှန်အနေအထားဖြသ့်သာ လည်ပတ်နေဆဲဖြစ်ကြောင်းလည်းသိရသည်။

“ခုချိန်မှာ Social Distancing နဲ့ ကိုဗစ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ရောင်းချင်တိုင်း ရောင်းလို့မရဘူး။ လူတွေကလည်း ကျန်းမာရေးကို လိုက်နာတဲ့အနေနဲ့ ခရီးသွားလာမှုကို ကန့်သတ်လိုက်တဲ့အတွက် ရပ်ဝေးက လာဝယ်ဖို့ရာလည်း အဆင်မပြေတော့ဘူး။ Tour လုပ်ငန်းတွေ ဟိုတယ်လုပ်ငန်းတွေကလည်းအဆင်မ ပြေဘူး၊အဲလုပ်ငန်းတွေမှာ အဆင်မပြေတဲ့အတွက် ရောင်းချလို့မရဘူး၊ ကိုဗစ် ကျန်းမာရေးဖြစ်လိုက်တဲ့ အတွက် အရောင်းအဝယ်တွေကလည်း တန့်သလောက် ဖြစ်သွားတယ်” ဟု ၎င်းကထပ်လောင်းပြော ဆို သည်။

နိုင်ငံခြားသား အငှားဈေးကွက်ကျဆင်းမှုမှာ ၂၀၂၀ နှစ်ကုန်ပိုင်းထိ ဆက်လက်ကျဆင်းဖွယ်ရှိနေကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သိရသည်။"""ပြည်တွင်းအငှားဈေးကွက်ကတော့ ပုံမှန်လည်ပတ်နေတာပါပဲ။ဒီ ကိုဗစ်ကြောင့်ဆိုပြီး ကျဆင်းသွားတာမျိုးမရှိဘူး။ဘာကြောင့်လဲဆိုတော့ နေစရာကလိုတာပဲလေ။ရောဂါဖြသ်သည် ဖြစ် စေ မဖြစ်သည်ဖြစ်စေ နေစရာကလိုအပ်နေတာကြောင့် ပုံမှန်အနေအထားအတိုင်းပဲ ဆက်လက်လည်ပတ်နေပါတယ်။"""ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ မသင်းသင်းလှိုင်ကပြောဆိုသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္-၁၉ ကာလတြင္း ႏိုင္ငံျခားသား အိမ္ၿခံေျမ ငွားရမ္းမႈေဈးကြက္ က်ဆင္းဆေသာ္လည္း ျပည္တြင္းေစ်းကြက္ပံုမွန္လည္ပတ္

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနစဥ္ ကာလတြင္း ႏိုင္ငံျခားသားမ်ားအိမ္ၿခံေျမ ငွားရမ္းမႈေဈးကြက္ က် ဆင္းလ်က္ရွိေသာ္လည္းျပည္တြင္း အငွားေစ်းကြက္မွာ ပံုမွန္လည္ပတ္ေနဆဲျဖစ္ေၾကာင္း အိမ္ၿခံေျမ အက်ဳိးေဆာင္မ်ားထံမွ သိရသည္။

“ႏိုင္ငံျခားသား ငွားရမ္းမႈကေတာ့ မလာသေလာက္ပဲ။ ဟိုတယ္ေတြေရာ၊ အိမ္ေတြေရာ မလာသေလာက္ပဲ။ ဥပမာအားျဖင့္ ႏိုင္ငံျခားဘာသာနဲ႔ဆက္စပ္တဲ့ တကၠသိုလ္ေတြ၊ ျပည္တြင္းနဲ႔ခ်ိတ္ဆက္တဲ့ တကၠသိုလ္ေတြ၊ နိုင္ငံျခားသား စာသင္တဲ့ ဆရာေတြလည္း လာလို႔မရေတာ့ဘူး။ တခ်ဳိ႕ႏိုင္ငံျခားသားေတြလည္း ျပန္ ၾကကုန္တယ္။ ၿပီးေတာ့ အထည္ခ်ဳပ္လုပ္ငန္းေတြနဲ႔ က်န္တဲ့ စီးပြားေရးလုပ္ငန္းေတြမွာ ရွိေနတဲ့ ပိုင္ရွင္အျဖစ္နဲ႔ ရပ္တည္ေနတဲ့ ႏိုင္ငံျခားသားေတြေရာ၊ ပညာရွင္အျဖစ္နဲ႔ ရပ္တည္တဲ့သူေတြေရာ ျပန္ကုန္ၾကၿပီ။ နိုင္ငံျခားသား ငွားရမ္းမႈက မျဖစ္ေတာ့ဘူး” ဟု ျမန္မာနိုင္ငံအိမ္ၿခံေျမလုပ္ငန္းဖြံ႔ၿဖိဳးတိုးတက္ေရးအသင္း ဥကၠဌ ဦးတင္ေမာင္ က ေျပာဆိုသည္။

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ စသည့္ အဓိကၿမိဳ႕ႀကီးမ်ားတြင္ နိုင္ငံျခားသားကို အားထားရသည့္ အငွား ေဈးကြက္မွာ လက္ရွိတြင္က်ဆင္းေနေသာ္လည္း ျပည္တြင္းအငွားေစ်းကြက္မွာမူ ပံုမွန္အေနအထားျဖသ့္သာ လည္ပတ္ေနဆဲျဖစ္ေၾကာင္းလည္းသိရသည္။

“ခုခ်ိန္မွာ Social Distancing နဲ႔ ကိုဗစ္ရဲ႕ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေရာင္းခ်င္တိုင္း ေရာင္းလို႔မရဘူး။ လူေတြကလည္း က်န္းမာေရးကို လိုက္နာတဲ့အေနနဲ႔ ခရီးသြားလာမႈကို ကန႔္သတ္လိုက္တဲ့အတြက္ ရပ္ေဝးက လာဝယ္ဖို႔ရာလည္း အဆင္မေျပေတာ့ဘူး။ Tour လုပ္ငန္းေတြ ဟိုတယ္လုပ္ငန္းေတြကလည္းအဆင္မ ေျပဘူး၊အဲလုပ္ငန္းေတြမွာ အဆင္မေျပတဲ့အတြက္ ေရာင္းခ်လို႔မရဘူး၊ ကိုဗစ္ က်န္းမာေရးျဖစ္လိုက္တဲ့ အတြက္ အေရာင္းအဝယ္ေတြကလည္း တန႔္သေလာက္ ျဖစ္သြားတယ္” ဟု ၎ကထပ္ေလာင္းေျပာ ဆို သည္။

နိုင္ငံျခားသား အငွားေဈးကြက္က်ဆင္းမႈမွာ ၂၀၂၀ ႏွစ္ကုန္ပိုင္းထိ ဆက္လက္က်ဆင္းဖြယ္ရွိေနေၾကာင္း အိမ္ၿခံေျမအသိုင္းအဝိုင္းမွ သိရသည္။"""ျပည္တြင္းအငွားေစ်းကြက္ကေတာ့ ပံုမွန္လည္ပတ္ေနတာပါပဲ။ဒီ ကိုဗစ္ေၾကာင့္ဆိုၿပီး က်ဆင္းသြားတာမ်ိဳးမရွိဘူး။ဘာေၾကာင့္လဲဆိုေတာ့ ေနစရာကလိုတာပဲေလ။ေရာဂါျဖသ္သည္ ျဖစ္ ေစ မျဖစ္သည္ျဖစ္ေစ ေနစရာကလိုအပ္ေနတာေၾကာင့္ ပံုမွန္အေနအထားအတိုင္းပဲ ဆက္လက္လည္ပတ္ေနပါတယ္။"""ဟု အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းတစ္ခုမွ မသင္းသင္းလိႈင္ကေျပာဆိုသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service