အလုပ်လက်မဲ့ အထည်ချုပ်လုပ်သားများကို အီးယူက ဒုတိယအကြိမ်ငွေကြေးထပ်မံထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
1239 Views

အလုပ်လက်မဲ့ အထည်ချုပ်လုပ်သားများကို အီးယူက ဒုတိယအကြိမ်ငွေကြေးထပ်မံထောက်ပံ့မည်

အထည်ချုပ်ကဏ္ဍစက်ရုံများက အလုပ်သမားများကို ဒုတိယအ ကြိမ်ထောက်ပံ့ရန် ဥရောပသမဂ္ဂမှ ယူရိုငွေ ငါးသန်းအကူအညီ ထပ်မံရရှိရေး ညှိနှိုင်းနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက ပြောသည်။

COVID-19 ကြောင့် အလုပ်ဆိုင်းငံ့ခံရသည့် မြန်မာအလုပ်သမားများကို ထောက်ပံ့သည့် အရေးပေါ် ငွေသားရန်ပုံငွေကို မေလ ၁ ရက် (အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့) တွင် စတင်လွှဲပြောင်းပေးခဲ့သည်။

အီးယူ၏ မြန်ကူ (Myan Ku) အစီအစဉ်အရ ထောက်ပံ့ ခြင်းဖြစ်သည်။ မြန်ကူသည် အလုပ်ထုတ်ပယ်ခံရသည့် အထည်ချုပ်ဝန်ထမ်းများအတွက် မေ၊ ဇွန်၊ ဇူလိုင် သုံးလစာကို အီးယူကတိုက်ရိုက်ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်သည်။ မြန်ကူက အလုပ်သမား ၉၀,၀၀၀ ခန့်ကို ထောက်ပံ့ရန် ခန့်မှန်းထားသည် ဟုဆိုသည်။

အထည်ချုပ်ကဏ္ဍတွင်နိုင်ငံ တကာဝယ်လက်များ အဝယ်အမှာစာများပယ်ဖျက်ခြင်း၊ကြန့်ကြာခြင်းနှင့် လျော့နည်းခြင်း ကြောင့် အီးယူက ကူညီခြင်းဖြစ်သည်။

မြန်မာအထည်ချုပ်စက်ရုံများ၏ ထုတ်ကုန်များကို ၇၀ ရာခိုင်နှုန်းခန့် ဝယ်ယူနေသော အီးယူနိုင်ငံများသည် လက်ရှိတွင် အပ်ထည်အမှာသစ်များ ထပ်မံချပေးနိုင်ခြင်းမရှိပေ။ထို့ကြောင့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရပါက အလုပ်လက်မဲ့ဖြစ်မည့် အလုပ်သမားများ အတွက် ထပ်မံထောက်ပံ့နိုင်ရန် ကြိုတင်ညှိနှိုင်းနေကြောင်း ၎င်းက ပြောသည်။

‘‘အထောက်အပံ့ရမယ်ဆိုရင် နိုဝင်ဘာနောက်ပိုင်းလောက် မှာဖြစ်နိုင်တယ်။ အသင်းကလည်း အီးယူအဖွဲ့တွေနဲ့ ညှိနှိုင်းနေပါတယ်’’ဟု ဦးအောင်မျိုးဟိန်းက ပြောသည်။

COVID-19 ကပ်ရောဂါ ကြောင့် အဝတ်အထည် အမှာအသစ်များမရသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်ချုပ်လုပ်သားများအတွက် အီးယူက ယူရိုသန်း ၁၀၀ ထောက်ပံ့ကူညီပေးထားသည်။

ဥရောပသမဂ္ဂ (အီးယူ) က အလုပ်လက်မဲ့ ဖြစ်သွားသည့်အထည်ချုပ် လုပ်သားများအတွက် သုံးလစာငွေကြေး ထောက်ပံ့ရန် ယူရိုငွေ ငါးသန်း (ကျပ်ရှစ် ဘီလီယံခန့်) ကို မတည်ခဲ့သည်။

မြန်ကူ (MyanKu) ဟု အမည်ပေးထားသည့် ထိုအစီအစဉ်တွင် အလုပ်သမားများကို တစ်လလျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ အထိ ထောက်ပံ့မည်ဟု အီးယူသံအမတ်ကဆိုခဲ့သည်။ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအတွက် တစ်လ ကျပ် ၇၅,၀၀၀ နှင့် ပုံမှန်မဟုတ်ဘဲ အလုပ်နားခံရသည့် အလုပ်သမားများအတွက် ကျပ် ၁၂၅,၀၀၀ ထောက်ပံ့မည်ဟု ဆိုခဲ့သည်။

မြန်ကူရန်ပုံငွေကို United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှတစ်ဆင့် ရယူခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

အလုပ္လက္မဲ့ အထည္ခ်ဳပ္လုပ္သားမ်ားကို အီးယူက ဒုတိယအႀကိမ္ေငြေၾကးထပ္မံေထာက္ပံ့မည္

အထည္ခ်ဳပ္က႑စက္႐ုံမ်ားက အလုပ္သမားမ်ားကို ဒုတိယအ ႀကိမ္ေထာက္ပံ့ရန္ ဥေရာပသမဂၢမွ ယူ႐ိုေငြ ငါးသန္းအကူအညီ ထပ္မံရ႐ွိေရး ညႇိႏိႈင္းေနေၾကာင္း ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္း႐ွင္မ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္မ်ိဳးဟိန္းက ေျပာသည္။

COVID-19 ေၾကာင့္ အလုပ္ဆိုင္းငံ့ခံရသည့္ ျမန္မာအလုပ္သမားမ်ားကို ေထာက္ပံ့သည့္ အေရးေပၚ ေငြသားရန္ပုံေငြကို ေမလ ၁ ရက္ (အျပည္ျပည္ ဆိုင္ရာ အလုပ္သမားေန႔) တြင္ စတင္လႊဲေျပာင္းေပးခဲ့သည္။

အီးယူ၏ ျမန္ကူ (Myan Ku) အစီအစဥ္အရ ေထာက္ပံ့ ျခင္းျဖစ္သည္။ ျမန္ကူသည္ အလုပ္ထုတ္ပယ္ခံရသည့္ အထည္ခ်ဳပ္ဝန္ထမ္းမ်ားအတြက္ ေမ၊ ဇြန္၊ ဇူလိုင္ သုံးလစာကို အီးယူကတိုက္႐ိုက္ေထာက္ပံ့ေပးမည့္ အစီအစဥ္ျဖစ္သည္။ ျမန္ကူက အလုပ္သမား ၉၀,၀၀၀ ခန္႔ကို ေထာက္ပံ့ရန္ ခန္႔မွန္းထားသည္ ဟုဆိုသည္။

အထည္ခ်ဳပ္က႑တြင္ႏိုင္ငံ တကာဝယ္လက္မ်ား အဝယ္အမွာစာမ်ားပယ္ဖ်က္ျခင္း၊ၾကန္႔ၾကာျခင္းႏွင့္ ေလ်ာ့နည္းျခင္း ေၾကာင့္ အီးယူက ကူညီျခင္းျဖစ္သည္။

ျမန္မာအထည္ခ်ဳပ္စက္႐ုံမ်ား၏ ထုတ္ကုန္မ်ားကို ၇၀ ရာခိုင္ႏႈန္းခန္႔ ဝယ္ယူေနေသာ အီးယူႏိုင္ငံမ်ားသည္ လက္႐ွိတြင္ အပ္ထည္အမွာသစ္မ်ား ထပ္မံခ်ေပးႏိုင္ျခင္းမ႐ွိေပ။ထို႔ေၾကာင့္ အထည္ခ်ဳပ္စက္႐ုံမ်ား ပိတ္သိမ္းရပါက အလုပ္လက္မဲ့ျဖစ္မည့္ အလုပ္သမားမ်ား အတြက္ ထပ္မံေထာက္ပံ့ႏိုင္ရန္ ႀကိဳတင္ညႇိႏိႈင္းေနေၾကာင္း ၎က ေျပာသည္။

‘‘အေထာက္အပံ့ရမယ္ဆိုရင္ ႏိုဝင္ဘာေနာက္ပိုင္းေလာက္ မွာျဖစ္ႏိုင္တယ္။ အသင္းကလည္း အီးယူအဖြဲ႕ေတြနဲ႔ ညႇိႏိႈင္းေနပါတယ္’’ဟု ဦးေအာင္မ်ိဳးဟိန္းက ေျပာသည္။

COVID-19 ကပ္ေရာဂါ ေၾကာင့္ အဝတ္အထည္ အမွာအသစ္မ်ားမရသျဖင့္ အလုပ္လက္မဲ့ျဖစ္သြားေသာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ အထည္ခ်ဳပ္လုပ္သားမ်ားအတြက္ အီးယူက ယူ႐ိုသန္း ၁၀၀ ေထာက္ပံ့ကူညီေပးထားသည္။

ဥေရာပသမဂၢ (အီးယူ) က အလုပ္လက္မဲ့ ျဖစ္သြားသည့္အထည္ခ်ဳပ္ လုပ္သားမ်ားအတြက္ သုံးလစာေငြေၾကး ေထာက္ပံ့ရန္ ယူ႐ိုေငြ ငါးသန္း (က်ပ္႐ွစ္ ဘီလီယံခန္႔) ကို မတည္ခဲ့သည္။

ျမန္ကူ (MyanKu) ဟု အမည္ေပးထားသည့္ ထိုအစီအစဥ္တြင္ အလုပ္သမားမ်ားကို တစ္လလွ်င္ က်ပ္ ၇၅,၀၀၀ မွ က်ပ္ ၁၂၅,၀၀၀ အထိ ေထာက္ပံ့မည္ဟု အီးယူသံအမတ္ကဆိုခဲ့သည္။ အလုပ္လက္မဲ့ျဖစ္သြားသည့္ အလုပ္သမားမ်ားအတြက္ တစ္လ က်ပ္ ၇၅,၀၀၀ ႏွင့္ ပုံမွန္မဟုတ္ဘဲ အလုပ္နားခံရသည့္ အလုပ္သမားမ်ားအတြက္ က်ပ္ ၁၂၅,၀၀၀ ေထာက္ပံ့မည္ဟု ဆိုခဲ့သည္။

ျမန္ကူရန္ပုံေငြကို United Nations Office for Project Services (UNOPS) မွ စီမံခန္႔ခြဲသည့္ လူသားခ်င္းစာနာမႈဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈ Peace Nexus Response Mechanism (NRM) မွတစ္ဆင့္ ရယူျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service