ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်သန်း ၂၀၀ ပေးအပ်မည် - Property News in Myanmar from iMyanmarHouse.com
863 Views

ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်သန်း ၂၀၀ ပေးအပ်မည်

[Unicode]

ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်သန်း ၂၀၀ ပေးအပ်မည်ဖြစ်ကြောင်း မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်မစ္စတာ ရန်ကျဲ့ချိအား စက်တင်ဘာ ၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံပွဲအပြီး ဆက်လက်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်သန်း ၂၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဆက်လက်အား ပေးထောက်ခံခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမည့် အစီ အစဉ်များလည်းပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံသွားမည့်အပြင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေ အဖြစ် မြန်မာ အစိုးရအား ယွမ်သန်း ၂၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှသိရသည်။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့် အခါတွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေးနှင့် ကြွေမြီပေးဆပ် ရမည့်ကာလကို ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ်သွားမည် အချက်များလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရခိုင္ျပည္နယ္ လူမႈစီးပြားဖြံ့ၿဖိဳးေရးအတြက္ တ႐ုတ္နိုင္ငံက ယြမ္သန္း ၂၀၀ ေပးအပ္မည္

ရခိုင္ျပည္နယ္ လူမႈစီးပြားဖြံ႕ျဖိဳးေရးအတြက္ တ႐ုတ္နိုင္ငံက ယြမ္သန္း ၂၀၀ ေပးအပ္မည္ျဖစ္ေၾကာင္း ျမန္မာ-တရုတ္ ႏွစ္ႏိုင္ငံေတြ႔ဆုံ ေဆြးေႏြးမႈမွ သိရသည္။

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ နိုင္ငံေရး ဗ်ဴရိုအဖြဲ႕ဝင္မစၥတာ ရန္က်ဲ႕ခ်ိအား စက္တင္ဘာ ၁ ရက္က ေနျပည္ေတာ္ရွိ နိုင္ငံေတာ္သမၼတ အိမ္ေတာ္ သံတမန္ေဆာင္ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ၿပီး ထိုေတြ႔ဆုံပြဲအၿပီး ဆက္လက္၍ ျမန္မာ-တရုတ္ ႏွစ္ႏုိင္ငံေဆြးေႏြးမႈျပဳလုပ္ခဲ့ရာ ရခိုင္ျပည္နယ္ လူမႈစီးပြားဖြံ႕ျဖိဳးေရးအတြက္ တ႐ုတ္နိုင္ငံက ယြမ္သန္း ၂၀၀ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္နိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္အေရး ေျဖရွင္းေရးကိစၥႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံ၏ ႀကိဳးပမ္း ေဆာင္ရြက္မႈမ်ားကို ဆက္လက္အား ေပးေထာက္ခံခဲ့ၿပီး ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေရးအတြက္ ဆက္လက္ကူညီပံ့ပိုးသြားမည့္ အစီ အစဥ္မ်ားလည္းပါဝင္ေၾကာင္း သိရသည္။

တရုတ္ႏိုင္ငံအေနျဖင့္ ေဒသတြင္းႏွင့္ ကုလသမဂၢအပါအဝင္ နိုင္ငံတကာမ်က္ႏွာစာတြင္ ျမန္မာနိုင္ငံဘက္မွ ဆက္လက္ရပ္တည္ ေထာက္ခံသြားမည့္အျပင္ ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေထာက္ပံ့ေငြ အျဖစ္ ျမန္မာ အစိုးရအား ယြမ္သန္း ၂၀၀ ေပးအပ္သြားမည္ ျဖစ္ေၾကာင္း အဆိုပါေဆြးေႏြးပြဲမွသိရသည္။

တ႐ုတ္နိုင္ငံက ကိုဗစ္-၁၉ ကပ္ေရာဂါကာကြယ္ေဆး စတင္ ျဖန႔္ေဝသည့္ အခါတြင္ ျမန္မာနိုင္ငံသို႔ ေထာက္ပံ့သြားေရးႏွင့္ ေၾကြၿမီေပးဆပ္ ရမည့္ကာလကို ေရႊ႕ဆိုင္းေပးျခင္းျဖင့္ အကူအညီေပးအပ္သြားမည္ အခ်က္မ်ားလည္း ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service