မြေဧက ၁၀၀၀ကျော်ရှိသည် ကျောက်တန်းစက်မှုဇုန် ဒေသခံများသဘောမတူ၍ စီမံကိန်းကြန့်ကြာနေဟု တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1838 Views

မြေဧက ၁၀၀၀ကျော်ရှိသည် ကျောက်တန်းစက်မှုဇုန် ဒေသခံများသဘောမတူ၍ စီမံကိန်းကြန့်ကြာနေဟု တိုင်းဝန်ကြီးပြော

[Unicode]

ကျောက်တန်းရှိ မြေဧက ၁၀၅၀ကျော်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်ကို ဒေသခံများ သဘောတူညီချက်မရသေး၍ စီမံကိန်းအကောင်အထည်ဖော်ရန် ကြန့်ကြာနေသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

ကျောက်တန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဇော်မိုးလွင်က ‘‘ ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်မည့် နိုင်ငံတကာ စက်မှုဇုန်နှင့်ပတ်သက်၍ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ၊ ခွင့်ပြုနိုင်ခြင်းမရှိပါက လွှတ်တော်တွင် တင်ပြထား၍ အတည်ပြုချက်အား မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း သြဂုတ် ၂၈ ရက်လွှတ်တော်၌ မေးမြန်းမှုကို ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး ဒေသခံများနှင့် ၂၀၂၀ ဇန်နဝါရီ ၇ ရက်ကတွေ့ဆုံရာတွင်အပြည့်အဝသဘောတူညီမူမရှိသောကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

‘‘ဒေသခံပြည်သူလူထု၏ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်းမရရှိသေးသည့်အတွက်ရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပြီး သဘောတူညီချက်ရသည်နှင့် လွှတ်တော်ကိုတင်သွင်း၍ လွှတ်တော်ရဲ့ သဘောတူညီချက်ရယူမှာဖြစ်ပါ တယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာ မျိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးပိုင် နယ်မြေ ပြင်ပ များတွင် တည်ရှိနေကြသည့် မြို့နယ်(၁၁)မြို့နယ်တွင် စက်မှုဇုန်(၁၁)ဇုန် တည်ထောင်ရန် တိုင်းအစိုးရက စီစဉ်ထားသည်။ ထိုထဲတွင် ကျောက်တန်းစက်မူဇုန်လည်းပါဝင်သည်။

လူထုသဘောတူညီမှုရရှိလျှင် လွှတ်တော်တင်ပြရပြီး သမ္မတရုံးခွင့်ပြုချက်အပြင် အဆင့် ၁၁ ဆင့်ဆောင်ရွက်ရသည်ဟု ဝန်ကြီးကဆိုသည်။ ထို့ကြောင့် ယင်းစက်မှုဇုန် စတင်အကောင်အထည်ဖော်နိုင် မည့် ကာလအားအတိအကျ မပြောနိုင်သေးဟု ၎င်းက ဆက်လက်ပြောသည်။

တည်ဆောက်မည့် နေရာများမှာ ကွမ်းခြံကုန်းမြို့နယ် ကော့မှူးမြို့ အနီးရှိ ဧက(၁၀၀၀)ခန့်ရှိ စက်မှုဇုန်၊ကော့မှူးမြို့နယ် တွံးတေးမြို့ အနီးရှိ ဧက(၈၅၀)ရှိ စက်မှုဇုန်၊သန်လျှင်မြို့နယ် သန်လျင်အနီးရှိ ဧက(၁၀၈၈) ရှိ စက်မှုဇုန်၊ကျောက်တန်းမြို့နယ် ကျောက်တန်းအနီးရှိဧက(၁၀၅၁.၃၆)ဧက ရှိ စက်မှုဇုန်၊ခရမ်းမြို့နယ် ခရမ်းမြို့ အနီးရှိ ဧက(၁၀၀၀)ရှိ စက်မှုဇုန်၊သုံးခွ မြို့နယ်ရှိ ဧက(၁၈၇၁) ရှိ စက်မှုဇုန်၊တိုက်ကြီးမြို့နယ်ရှိဧက(၁၀၀၀)ရှိ စက်မှုဇုန်၊မှော်ဘီမြို့နယ် မှော်ဘီအနီးရှိ ဧက(၇၅၀) ရှိ စက်မှုဇုန်၊ လှည်းကူးမြို့နယ် လှည်းကူးအနီးရှိ ဧက(၁၀၀၀)ရှိ စက်မှုဇုန်၊ထန်းသပင်မြို့နယ်ရှိ ဧက(၁၆၀၀)ရှိ စက်မှုဇုန်တို့ ဖြစ်ကြသည်။

ထိုစီမံကိန်းများကို ရန်ကုန်တိုင်း Investment Forum မှ ရင်းနှီး မြှုပ်နှံမည့်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက စိတ်ဝင်စားသည့် နေရာအားအစိုးရက အကောင်အထည်ဖော်မှုပုံစံများ၊ လုပ်ငန်းလည်ပတ်မှုပုံစံများ၊ နိုင်ငံတော်ကို ပေးသွင်းနိုင်မှု အခြေအနေများ၊ ပြည်တွင်းလုပ်ငန်းရှင်ဖြစ်လျှင် နိုင်ငံတော်သို့ အခွန်ထမ်းဆောင်ထာမှုအခြေအနေများ စသည်ဖြင့် စိစစ်သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အခိုင်အမာရှိလျှင် မြေပြင်ကွင်းဆင်း၍ ပြည်သူလူထု၏ သဘောထားတူညီချက်ကို ရယူကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါ စီမံကိန်း ၁၁ ခုအနက် လှည်းကူးစက်မှုဇုန် စီမံကိန်းနှင့် ထန်းတပင်စက်မှုဇုန်စီမံကိန်းသည် စီမံကိန်းဆောင်ရွက်နေသည်အဆင့်ရှိနေပြီဖြစ်သည်ဟုဝန်ကြီးကဆိုသည်။ လှည်းကူးစက်မှုဇုန် စီမံကိန်းသည် နောက်ဆုံး ရင်းနှီးမြှပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရပြီးဖြစ်ကာ ထန်းတပင်စက်မှုဇုန်သည် Switch Challenge ခေါ်ရန် အပြည်ပြည်ဆိုင်ရာအကြံပေးအဖွဲ ကို ရွေးချယ်မည့်အဆင့် ရောက်ရှိနေပြီဟု ဝန်ကြီးကဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

‌ေျမဧက ၁၀၀၀ေက်ာ္႐ွိသည္ ေက်ာက္တန္းစက္မႈဇုန္ ေဒသခံမ်ားသေဘာမတူ၍ စီမံကိန္းၾကန္႔ၾကာေနဟု တိုင္းဝန္ႀကီးေျပာ

ေက်ာက္တန္း႐ွိ ေျမဧက ၁၀၅၀ေက်ာ္တြင္ အေကာင္အထည္ေဖာ္မည့္ စက္မႈဇုန္ကို ေဒသခံမ်ား သေဘာတူညီခ်က္မရေသး၍ စီမံကိန္းအေကာင္အထည္ေဖာ္ရန္ ၾကန္႔ၾကာေနသည္ဟု ရန္ကုန္တိုင္း ေဒသႀကီး ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳး က ေျပာသည္။

ေက်ာက္တန္းၿမိဳ႕နယ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေဇာ္မိုးလြင္က ‘‘ ေက်ာက္တန္းၿမိဳ႕နယ္တြင္ ေဆာင္႐ြက္မည့္ ႏိုင္ငံတကာ စက္မႈဇုန္ႏွင့္ပတ္သက္၍ မည္သည့္အခ်ိန္တြင္ စတင္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ခြင့္ျပဳႏိုင္ျခင္း ႐ွိ၊ မ႐ွိ၊ ခြင့္ျပဳႏိုင္ျခင္းမ႐ွိပါက လႊတ္ေတာ္တြင္ တင္ျပထား၍ အတည္ျပဳခ်က္အား မည္သို႔ ဆက္လက္ေဆာင္႐ြက္မည္ကို သိ႐ွိလိုပါေၾကာင္း ၾသဂုတ္ ၂၈ ရက္လႊတ္ေတာ္၌ ေမးျမန္းမႈကို ဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းႏွင့္ပတ္သတ္ၿပီး ေဒသခံမ်ားႏွင့္ ၂၀၂၀ ဇန္နဝါရီ ၇ ရက္ကေတြ႕ဆုံရာတြင္အျပည့္အဝသေဘာတူညီမူမ႐ွိေသာေၾကာင့္ ေဆာင္႐ြက္ႏိုင္ျခင္းမ႐ွိေသးျခင္းျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

‘‘ေဒသခံျပည္သူလူထု၏ သေဘာတူညီခ်က္ ၁၀၀ ရာခိုင္ႏႈန္းမရ႐ွိေသးသည့္အတြက္ရ႐ွိေအာင္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားၿပီး သေဘာတူညီခ်က္ရသည္ႏွင့္ လႊတ္ေတာ္ကိုတင္သြင္း၍ လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္ရယူမွာျဖစ္ပါ တယ္’’ဟု ဝန္ႀကီး ေနာ္ပန္းသၪၨာ မ်ိဳးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးပိုင္ နယ္ေျမ ျပင္ပ မ်ားတြင္ တည္႐ွိေနၾကသည့္ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္တြင္ စက္မႈဇုန္(၁၁)ဇုန္ တည္ေထာင္ရန္ တိုင္းအစိုးရက စီစဥ္ထားသည္။ ထိုထဲတြင္ ေက်ာက္တန္းစက္မႈဇုန္လည္းပါဝင္သည္။

လူထုသေဘာတူညီမႈရ႐ွိလွ်င္ လႊတ္ေတာ္တင္ျပရၿပီး သမၼတ႐ုံးခြင့္ျပဳခ်က္အျပင္ အဆင့္ ၁၁ ဆင့္ေဆာင္႐ြက္ရသည္ဟု ဝန္ႀကီးကဆိုသည္။ ထို႔ေၾကာင့္ ယင္းစက္မႈဇုန္ စတင္အေကာင္အထည္ေဖာ္ႏိုင္မည့္ ကာလအားအတိအက် မေျပာႏိုင္ေသးဟု ၎ကဆက္လက္ေျပာသည္။

တည္ေဆာက္မည့္ ေနရာမ်ားမွာ ကြမ္းျခံကုန္းၿမိဳ႕နယ္ ေကာ့မႉးၿမိဳ႕ အနီး႐ွိ ဧက(၁၀၀၀)ခန္႔႐ွိ စက္မႈဇုန္၊ေကာ့မႉးၿမိဳ႕နယ္ တြံးေတးၿမိဳ႕ အနီး႐ွိ ဧက(၈၅၀)႐ွိ စက္မႈဇုန္၊သန္လွ်င္ၿမိဳ႕နယ္ သန္လ်င္အနီး႐ွိ ဧက(၁၀၈၈) ႐ွိ စက္မႈဇုန္၊ေက်ာက္တန္းၿမိဳ႕နယ္ ေက်ာက္တန္းအနီး႐ွိဧက(၁၀၅၁.၃၆)ဧက ႐ွိ စက္မႈဇုန္၊ခရမ္းၿမိဳ႕နယ္ ခရမ္းၿမိဳ႕ အနီး႐ွိ ဧက(၁၀၀၀)႐ွိ စက္မႈဇုန္၊သုံးခြ ၿမိဳ႕နယ္႐ွိ ဧက(၁၈၇၁) ႐ွိ စက္မႈဇုန္၊တိုက္ႀကီးၿမိဳ႕နယ္႐ွိဧက(၁၀၀၀)႐ွိ စက္မႈဇုန္၊ေမွာ္ဘီၿမိဳ႕နယ္ ေမွာ္ဘီအနီး႐ွိ ဧက(၇၅၀) ႐ွိ စက္မႈဇုန္၊ လွည္းကူးၿမိဳ႕နယ္ လွည္းကူးအနီး႐ွိ ဧက(၁၀၀၀)႐ွိ စက္မႈဇုန္၊ထန္းသပင္ၿမိဳ႕နယ္႐ွိ ဧက(၁၆၀၀)႐ွိ စက္မႈဇုန္တို႔ ျဖစ္ၾကသည္။

ထိုစီမံကိန္းမ်ားကို ရန္ကုန္တိုင္း Investment Forum မွ ရင္းႏွီး ျမႇဳပ္ႏွံမည့္ကုမၸဏီမ်ားကို ဖိတ္ေခၚခဲ့ေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမည့္ ကုမၸဏီမ်ားက စိတ္ဝင္စားသည့္ ေနရာအားအစိုးရက အေကာင္အထည္ေဖာ္မႈပုံစံမ်ား၊ လုပ္ငန္းလည္ပတ္မႈပုံစံမ်ား၊ ႏိုင္ငံေတာ္ကို ေပးသြင္းႏိုင္မႈ အေျခအေနမ်ား၊ ျပည္တြင္းလုပ္ငန္း႐ွင္ျဖစ္လွ်င္ ႏိုင္ငံေတာ္သို႔ အခြန္ထမ္းေဆာင္ထာမႈအေျခအေနမ်ား စသည္ျဖင့္ စိစစ္သုံးသပ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမည့္ ကုမၸဏီမ်ား အခိုင္အမာ႐ွိလွ်င္ ေျမျပင္ကြင္းဆင္း၍ ျပည္သူလူထု၏ သေဘာထားတူညီခ်က္ကိုရယူေၾကာင္း ဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျပာသည္။

အဆိုပါ စီမံကိန္း ၁၁ ခုအနက္ လွည္းကူးစက္မႈဇုန္ စီမံကိန္းႏွင့္ ထန္းတပင္စက္မႈဇုန္စီမံကိန္းသည္ စီမံကိန္းေဆာင္႐ြက္ေနသည္အဆင့္႐ွိေနၿပီျဖစ္သည္ဟုဝန္ႀကီးကဆိုသည္။ လွည္းကူးစက္မႈဇုန္ စီမံကိန္းသည္ ေနာက္ဆုံး ရင္းႏွီးျမႇပ္ႏွံမႈေကာ္မ႐ွင္ ခြင့္ျပဳမိန္႔ရၿပီးျဖစ္ကာ ထန္းတပင္စက္မႈဇုန္သည္ Switch Challenge ေခၚရန္ အျပည္ျပည္ဆိုင္ရာအၾကံေပးအဖြဲ ကို ေ႐ြးခ်ယ္မည့္အဆင့္ ေရာက္႐ွိေနၿပီဟု ဝန္ႀကီးကဆိုထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service