မြေဧက ၂၀၀၀ ကျယ်ဝန်းသည် သာပေါင်းစက္ကူစက်ရုံကို ပြန်လည်စတင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
2222 Views

မြေဧက ၂၀၀၀ ကျယ်ဝန်းသည် သာပေါင်းစက္ကူစက်ရုံကို ပြန်လည်စတင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်

[Unicode]

ဧရာဝတီတိုင်းသာပေါင်းမြို့နယ်ရှိသာပေါင်းစက္ကူစက်ရုံနှင့်သတင်းစာစက္ကူစက်ရုံတို့ကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လို့သည့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း စီမံကိန်း၊ဘဏ္ဍာကိန်းနှင့် စက်မှုဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

ဝန်ကြီးဌာနက စက္ကူနှင့်ပျော့ဖတ်စက်ရုံစုနယ်မြေတစ်ခုအဖြစ် တစ်စုတစည်းထူထောင်လို၍ စက္ကူနှင့် ပျော့ဖတ်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ အဆိုပြုလွှာတင်သွင်းနိုင်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ထိုစက်ရုံစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ လှေကြီးတက်ကျေးရွာ အနီးတွင်တည်ရှိသည်ဟုဆိုသည်။

ထိုစီမံကိန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များသည် ၂၀၂၀ အောက်တိုဘာ ၅ ရက်နောက်ဆုံးထား၍ အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်းသို့လျှောက်ထားနိုင်သည်ဟုဆိုသည်။

ထိုစီမံကိန်းကို အစိုးရက စီမံကိန်းဘဏ်တွင် ထည့်သွင်းလိုက်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အပြီး ဆောင်ရွက်လိုသည်ဟု ထုတ်ပြန်ထားသည်။ ထိုစီမံကိန်းသည် ဒေါ်လာ သန်း ၂၁၈ တန်ဖိုးရှိမည်ဟု အစိုးရကဆိုသည်။

ထိုစီမံကိန်းသည် တနေ့လျှင်ပျော့ဖတ် တန် ၂၀၀ နှင့် စက္ကူတန် ၅၀ ထုတ်လုပ်နိုင်သည်ဟုဆိုသည်။ ပုံနှိပ်စက္ကူကိုတနေ့လျှင် တန် ၆၀ ထုတ်လုပ်နိုင်သည်။ ထိုပျော့ဖတ်နှင့် စက္ကူစက်ရုံများကို ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်များတွင် စတင်လည်ပတ်ခဲ့သည်။ ၂၀၁၄ တွင် ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်မှုရပ်ဆိုင်းပြီး ၂၀၁၇ တွင် ပုံနှိပ်စက္ကူထုပ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။

နိုင်ငံအတွင်း စက္ကူသုံးဆွဲမှုုမြင့်တက်လာ၍ ထိုစက်ရုံကို ပြန်လည်စတင်လိုခြင်းဖြစ်သည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင်ဖော်ပြထားသည်။ ထိုစက်ရုံအပြည့်အဝလည်ပတ်ပါက နိုင်ငံအတွင်း စက္ကူသုံးဆွဲမူ၏ ၁၅ ရာခိုင်နှုန်းကိုထောက်ပံ့နိုင်မည်ဟုဆိုသည်။

ထိုစက္ကူနှင့် ပျော့ဖတ်စက်ရုံကို မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ ၂၀၀၀ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံဆောက်ရန် လှေကြီးတက် ကျေးရွာအုပ်စုရှိ မြေဧက ၂၀၀၀ ခန့် အသိမ်းခံခဲ့ရသည်။

ယခင်စစ်အစိုးရလက်ထက်က သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံကြောင့် သစ်တောဝါးတောများ ပြုန်းတီးခြင်း၊ စက်ရုံမှ စွန့်ပစ်ရေများကြောင့် မြစ်ချောင်းများအတွင်း ငါးများအဆိပ်သင့်ခြင်း၊ အနီး ဝန်းကျင်ဒေသရှိ ရေတွင်းများ အက်ဆစ်ဓာတ်သင့်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမဧက ၂၀၀၀ က်ယ္ဝန္းသည္ သာေပါင္းစကၠဴစက္႐ုံကို ျပန္လည္စတင္ရန္ ပုဂၢလိကလုပ္ငန္း႐ွင္မ်ားကို ဖိတ္ေခၚ

ဧရာဝတီတိုင္းသာေပါင္းၿမိဳ႕နယ္႐ွိသာေပါင္းစကၠဴစက္႐ုံႏွင့္သတင္းစာစကၠဴစက္႐ုံတို႔ကို အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္လို႔သည့္ ျပည္တြင္း/ျပည္ပ ပုဂၢလိကလုပ္ငန္း႐ွင္မ်ားကို ဖိတ္ေခၚေၾကာင္း စီမံကိန္း၊ဘ႑ာကိန္းႏွင့္ စက္မႈဝန္ႀကီးဌာနက ဩဂုတ္ ၂၆ ရက္တြင္ ထုတ္ျပန္သည္။

ဝန္ႀကီးဌာနက စကၠဴႏွင့္ေပ်ာ့ဖတ္စက္႐ုံစုနယ္ေျမတစ္ခုအျဖစ္ တစ္စုတစည္းထူေထာင္လို၍ စကၠဴႏွင့္ ေပ်ာ့ဖတ္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို အစိုးရႏွင့္ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္၍ စိတ္ဝင္စားသည့္ လုပ္ငန္း႐ွင္မ်ား အဆိုျပဳလႊာတင္သြင္းႏိုင္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ထိုစက္႐ုံစီမံကိန္းသည္ ဧရာဝတီတိုင္းေဒသႀကီး၊ သာေပါင္းၿမိဳ႕နယ္၊ ငဝန္ျမစ္အေနာက္ဘက္ကမ္း၊ ေလွႀကီးတက္ေက်း႐ြာ အနီးတြင္တည္႐ွိသည္ဟုဆိုသည္။

ထိုစီမံကိန္းကို စိတ္ဝင္စားသည့္ လုပ္ငန္း႐ွင္မ်ားသည္ ၂၀၂၀ ေအာက္တိုဘာ ၅ ရက္ေနာက္ဆုံးထား၍ အမွတ္ ၃ အႀကီးစားစက္မႈလုပ္ငန္းသို႔ေလွ်ာက္ထားႏိုင္သည္ဟုဆိုသည္။

ထိုစီမံကိန္းကို အစိုးရက စီမံကိန္းဘဏ္တြင္ ထည့္သြင္းလိုက္ၿပီး ၂၀၂၂-၂၃ ဘ႑ာႏွစ္တြင္ အၿပီး ေဆာင္႐ြက္လိုသည္ဟု ထုတ္ျပန္ထားသည္။ ထိုစီမံကိန္းသည္ ေဒၚလာ သန္း ၂၁၈ တန္ဖိုး႐ွိမည္ဟု အစိုးရကဆိုသည္။

ထိုစီမံကိန္းသည္ တေန႔လွ်င္ေပ်ာ့ဖတ္ တန္ ၂၀၀ ႏွင့္ စကၠဴတန္ ၅၀ ထုတ္လုပ္ႏိုင္သည္ဟုဆိုသည္။ ပုံႏွိပ္စကၠဴကိုတေန႔လွ်င္ တန္ ၆၀ ထုတ္လုပ္ႏိုင္သည္။ ထိုေပ်ာ့ဖတ္ႏွင့္ စကၠဴစက္႐ုံမ်ားကို ၂၀၀၅ ႏွင့္ ၂၀၀၈ ခုႏွစ္မ်ားတြင္ စတင္လည္ပတ္ခဲ့သည္။ ၂၀၁၄ တြင္ ေပ်ာ့ဖတ္ႏွင့္စကၠဴထုတ္လုပ္မႈရပ္ဆိုင္းၿပီး ၂၀၁၇ တြင္ ပုံႏွိပ္စကၠဴထုပ္လုပ္ျခင္းကို ရပ္ဆိုင္းခဲ့သည္။

ႏိုင္ငံအတြင္း စကၠဴသုံးဆြဲမႈုျမင့္တက္လာ၍ ထိုစက္႐ုံကို ျပန္လည္စတင္လိုျခင္းျဖစ္သည္ဟု အစိုးရ၏ စီမံကိန္းဘဏ္တြင္ေဖာ္ျပထားသည္။ ထိုစက္႐ုံအျပည့္အဝလည္ပတ္ပါက ႏိုင္ငံအတြင္း စကၠဴသုံးဆြဲမူ၏ ၁၅ ရာခိုင္ႏႈန္းကိုေထာက္ပံ့ႏိုင္မည္ဟုဆိုသည္။

ထိုစကၠဴႏွင့္ ေပ်ာ့ဖတ္စက္႐ုံကို ျမန္မာႏွင့္ တ႐ုတ္ႏိုင္ငံတို႔ ပူးေပါင္း၍ ၂၀၀၀ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး စက္႐ုံေဆာက္ရန္ ေလွႀကီးတက္ ေက်း႐ြာအုပ္စု႐ွိ ေျမဧက ၂၀၀၀ ခန္႔ အသိမ္းခံခဲ့ရသည္။

ယခင္စစ္အစိုးရလက္ထက္က သာေပါင္း စကၠဴႏွင့္ ေပ်ာ့ဖတ္ စက္႐ုံေၾကာင့္ သစ္ေတာဝါးေတာမ်ား ျပဳန္းတီးျခင္း၊ စက္႐ုံမွ စြန္႔ပစ္ေရမ်ားေၾကာင့္ ျမစ္ေခ်ာင္းမ်ားအတြင္း ငါးမ်ားအဆိပ္သင့္ျခင္း၊ အနီး ဝန္းက်င္ေဒသ႐ွိ ေရတြင္းမ်ား အက္ဆစ္ဓာတ္သင့္ျခင္း စသည့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service