ကျူးကျော်တွေအတွက်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုပြန်လည် စတင်မယ် - Property News in Myanmar from iMyanmarHouse.com
1959 Views

ကျူးကျော်တွေအတွက်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုပြန်လည် စတင်မယ်

[Unicode]

ရန်ကုန်မြို့ရှိကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်း အသစ်များကို ယခုလကုန်တွင်စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းစီမံကိန်း ဖော်ဆောင်နေသည့် Women For The World အဖွဲ့ဒါရိုက်တာ ဒေါ်ဗန်လီဇာ အောင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့် ကျူးကျော်တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား COVID-19 ရောဂါကြောင့် လူစုလူဝေးမပြုလုပ်ရန် လမ်းညွှန်ချက်ရှိ၍ စီမံကိန်းအသစ်ဖော်ဆောင် ခြင်းကို ခေတ္တရပ်နားထားခြင်းဖြစ်သည်။

‘‘COVID နဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေက ဒီလ ၁၅ ရက်အထိဆိုတော့ အဲဒါပြီးမှပဲအရှိန်အဟုန်နဲ့စနိုင်မယ့် အခြေအနေရှိတယ်။ အခုကမိုးတွင်းဆိုတော့ မြန်မြန်ဆန်ဆန်လုပ်နိုင်အောင်တော့ မှန်းထားတယ်’’ ဟု ဒေါ်ဗန်လီဇာအောင်က ပြောသည်။

စီမံကိန်းအသစ်များကို လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တို့တွင် ဖော်ဆောင်မည်ဖြစ်ပြီး မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်တောင်းထားသည်ဟု၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့တွင် အိမ်အလုံး ရေတစ်ထောင်ခန့်တည်ဆောက်ထားရှိပြီး ကျူးကျော်နေထိုင်သူဦးရေ ၈၀၀ ခန့်ကိုနေရာချထားပေး ပြီးဖြစ်သည်။

ဆက်လက်ဖော်ဆောင်မည့် စီမံကိန်းများမှာ မြေနေရာရရှိမှုအကျယ်အဝန်းအပေါ်မူတည်၍ အိမ်အလုံးရေ မည်မျှဆက်ဆောက်မည်ကိုသိနိုင်မည်ဖြစ် ကြောင်း ဒေါ်ဗန်လီဇာအောင်က ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေနေရာစိုက်ထုတ်ပေးပြီး နှစ်ရှည်ချေးငွေဖြင့် အိမ်ဆောက်လုပ်ပေးခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူမှ တစ်လလျှင် ၈၀,၀၀၀ ကျပ်ခန့် ပြန်လည်ပေးသွင်းစေသည့်စနစ်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်ဴးေက်ာ္ေတြအတြက္တန္ဖိုးနည္းအိမ္ရာ တည္ေဆာက္မႈျပန္လည္ စတင္မယ္

ရန္ကုန္ၿမိဳ႕႐ွိက်ဴးေက်ာ္မ်ားအတြက္ တန္ဖိုးနည္းအိမ္ရာတည္ေဆာက္ေရးလုပ္ငန္း အသစ္မ်ားကို ယခုလကုန္တြင္စတင္ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ယင္းစီမံကိန္း ေဖာ္ေဆာင္ေနသည့္ Women For The World အဖြဲ႕ဒါ႐ိုက္တာ ေဒၚဗန္လီဇာ ေအာင္ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ေနသည့္ က်ဴးေက်ာ္တန္ဖိုးနည္းအိမ္ရာစီမံကိန္းအား COVID-19 ေရာဂါေၾကာင့္ လူစုလူေဝးမျပဳလုပ္ရန္ လမ္းၫႊန္ခ်က္႐ွိ၍ စီမံကိန္းအသစ္ေဖာ္ေဆာင္ ျခင္းကို ေခတၱရပ္နားထားျခင္းျဖစ္သည္။

‘‘COVID နဲ႔ပတ္သက္လို႔ ၫႊန္ၾကားခ်က္ေတြက ဒီလ ၁၅ ရက္အထိဆိုေတာ့ အဲဒါၿပီးမွပဲအ႐ွိန္အဟုန္နဲ႔စႏိုင္မယ့္ အေျခအေန႐ွိတယ္။ အခုကမိုးတြင္းဆိုေတာ့ ျမန္ျမန္ဆန္ဆန္လုပ္ႏိုင္ေအာင္ေတာ့ မွန္းထားတယ္’’ ဟု ေဒၚဗန္လီဇာေအာင္က ေျပာသည္။

စီမံကိန္းအသစ္မ်ားကို လိႈင္သာယာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္ အေ႐ွ႕ပိုင္းၿမိဳ႕နယ္တို႔တြင္ ေဖာ္ေဆာင္မည္ျဖစ္ၿပီး ေျမေနရာရ႐ွိေရးအတြက္ ရန္ကုန္တိုင္းေဒသၾကီးအစိုးရထံမွ ခြင့္ျပဳခ်က္ေတာင္းထားသည္ဟု၎ကဆိုသည္။

လက္႐ွိအခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ေတာင္ ပိုင္းၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္းၿမိဳ႕နယ္တို႔တြင္ အိမ္အလုံး ေရတစ္ေထာင္ခန္႔တည္ေဆာက္ထား႐ွိၿပီး က်ဴးေက်ာ္ေနထိုင္သူဦးေရ ၈၀၀ ခန္႔ကိုေနရာခ်ထားေပး ၿပီးျဖစ္သည္။

ဆက္လက္ေဖာ္ေဆာင္မည့္ စီမံကိန္းမ်ားမွာ ေျမေနရာရ႐ွိမႈအက်ယ္အဝန္းအေပၚမူတည္၍ အိမ္အလုံးေရ မည္မွ်ဆက္ေဆာက္မည္ကိုသိႏိုင္မည္ျဖစ္ ေၾကာင္း ေဒၚဗန္လီဇာေအာင္က ဆိုသည္။

အဆိုပါ အိမ္ရာစီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ေျမေနရာစိုက္ထုတ္ေပးၿပီး ႏွစ္႐ွည္ေခ်းေငြျဖင့္ အိမ္ေဆာက္လုပ္ေပးျခင္းျဖစ္ကာ ဝယ္ယူခြင့္ရ႐ွိသူမွ တစ္လလွ်င္ ၈၀,၀၀၀ က်ပ္ခန္႔ ျပန္လည္ေပးသြင္းေစသည့္စနစ္ျဖင့္ အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service