ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များက အိမ်ယာဆောက်လုပ်ရေးကို ဦးစားပေး ရင်းနှီးမြှုပ်နှံခဲ့သည်ဟု MIC ဆို - Property News in Myanmar from iMyanmarHouse.com
735 Views

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များက အိမ်ယာဆောက်လုပ်ရေးကို ဦးစားပေး ရင်းနှီးမြှုပ်နှံခဲ့သည်ဟု MIC ဆို

[Unicode]

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း နိုင်ငံသားများလုပ်ငန်းရှင်များက အိမ်ယာအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းများကို ဒုတိယအများဆုံး ဦးစားပေး ရင်းနှီးမြှပ်နှံခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။

ယခုဘဏ္ဍာနှစ် ပထမ ၁၀လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကျပ်ဘီလီယံ ၁၄၀၀ ရှိပြီး လုပ်ငန်းပေါင်း ၁၀၄ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုပေးခဲ့သည်ဟု ထုတ်ပြန်သည်။ ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ကျပ် ၂၀၀ ဘီလီယံ ပိုမိုဝင်ရောက်ခဲ့သည်ဟု ကော်မရှင်ကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ခဲ့သည့် ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦးတည်ဆောက် ဖွံ့ဖြိုးမှု ကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့ ဖြစ်သည်ဟုဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်ရေး ကဏ္ဍ၊ သတ္တုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မူရှိသည်ဟုဆိုသည်။

တနိုင်ငံလုံးတွင် ၁၉၈၈မှ ၂၀၂၀ ဇွန်လအထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၃၀ကျော်ရှိပြီး စုစုပေါင်း ကျပ်ဘီလီယံ ၂၀၀၀၀ ကျော်ဖိုးရင်းနှီးထားသည်။ အများဆုံးလုပ်ကိုင်ကြသည့် လုပ်ငန်းများမှာ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများဖြစ်ပြီး ကျပ် ဘီလီယံ ၄၇၀၀ ကျော်ရင်းနှီးမြှုပ်နှံထားကြသည်။

စုစုပေါင်းလုပ်ငန်း ၉၃ ခုရှိသည်ဟုဆိုသည်။ ဒုတိယအများဆုံးကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ပြီး ကျပ် ဘီလီယံ ၃၉၀၀ကျော်ရင်းနှီးမြှုပ်နှံထားသည်။ လုပ်ငန်းပေါင်း ၉၃၀ ကျော်ရှိသည်ဟုကော်မရှင်ကဆိုသည်။

လယ်ယာကဏ္ဍနှင့် စိုက်ပျိုးရေးကို အဓိကထားသောနိုင်ငံတွင် လယ်ယာကဏ္ဍ၌ နိုင်ငံသားများရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ဖြစ်သည်။လက်ရှိအစိုးရလက်ထက်တွင် ကျပ် ၄၁ ဘီလီယံသာ ရင်းနှီးမြှုပ်နှံပြီး ၂၀၂၀ ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကျပ် ၉၀ ဘီလီယံကျော်သာရှိသည်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်ကျော်အတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု နှစ်ဆနီးပါးတိုးတက်လာပြီး ကျပ်ဘီလီယံ ၉,၂၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်။

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ၂၀၁၆ မတ်လတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း ကျပ် ၁၁,၆၂၄ ဘီလီယံ ကျော်ရှိသော်လည်း ၂၀၂၀ ဇွန်လကုန်တွင် ကျပ် ၂၀,၈၇၁ ဘီလီယံ ကျော် မြင့်တက်ခဲ့သည်။

နိုင်ငံသားများ ပြည်တွင်း တွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်ကို ဖော်ပြနေသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ယခုဘ႑ာႏွစ္အတြင္း ျပည္တြင္းလုပ္ငန္း႐ွင္မ်ားက အိမ္ယာေဆာက္လုပ္ေရးကို ဦးစားေပး ရင္းႏွီးျမွဳပ္ႏွံခဲ့သည္ဟု MIC ဆို

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမ ၁၀ လအတြင္း ႏိုင္ငံသားမ်ားလုပ္ငန္း႐ွင္မ်ားက အိမ္ယာအေဆာက္အဦး တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ဒုတိယအမ်ားဆုံး ဦးစားေပး ရင္းႏွီးျမႇပ္ႏွံခဲ့သည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က ထုတ္ျပန္သည္။

ယခုဘ႑ာႏွစ္ ပထမ ၁၀လအတြင္း ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ က်ပ္ဘီလီယံ ၁၄၀၀ ႐ွိၿပီး လုပ္ငန္းေပါင္း ၁၀၄ ခုကို ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ကခြင့္ျပဳေပးခဲ့သည္ဟု ထုတ္ျပန္သည္။ ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္ အလားတူ ကာလႏွင့္ႏိႈင္းယွဥ္ပါက က်ပ္ ၂၀၀ ဘီလီယံ ပိုမိုဝင္ေရာက္ခဲ့သည္ဟု ေကာ္မ႐ွင္ကဆိုသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးဝင္ေရာက္ခဲ့သည့္ က႑မ်ားမွာ စက္မႈက႑၊ အိမ္ရာအေဆာက္အဦးတည္ေဆာက္ ဖြံ႕ၿဖိဳးမႈ က႑ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းက႑တို႔ ျဖစ္သည္ဟုဆိုသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးက႑ ၊ စိုက္ပ်ိဳးေရးက႑၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈက႑၊ ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးက႑၊ ေဆာက္လုပ္ေရးက႑၊ ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑၊ စက္မႈဇုန္ တည္ေဆာက္ေရး က႑၊ သတၱဳက႑ႏွင့္ လွ်ပ္စစ္က႑တို႔တြင္ လည္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္မူ႐ွိသည္ဟုဆိုသည္။

တႏိုင္ငံလုံးတြင္ ၁၉၈၈မွ ၂၀၂၀ ဇြန္လအထိ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၁၇၃၀ေက်ာ္႐ွိၿပီး စုစုေပါင္း က်ပ္ဘီလီယံ ၂၀၀၀၀ ေက်ာ္ဖိုးရင္းႏွီးထားသည္။ အမ်ားဆုံးလုပ္ကိုင္ၾကသည့္ လုပ္ငန္းမ်ားမွာ အိမ္ယာေဆာက္လုပ္ေရးလုပ္ငန္းမ်ားျဖစ္ၿပီး က်ပ္ ဘီလီယံ ၄၇၀၀ ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံထားၾကသည္။

စုစုေပါင္းလုပ္ငန္း ၉၃ ခု႐ွိသည္ဟုဆိုသည္။ ဒုတိယအမ်ားဆုံးကုန္ထုတ္လုပ္မႈလုပ္ငန္းျဖစ္ၿပီး က်ပ္ ဘီလီယံ ၃၉၀၀ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံထားသည္။ လုပ္ငန္းေပါင္း ၉၃၀ ေက်ာ္႐ွိသည္ဟုေကာ္မ႐ွင္ကဆိုသည္။

လယ္ယာက႑ႏွင့္ စိုက္ပ်ိဳးေရးကို အဓိကထားေသာႏိုင္ငံတြင္ လယ္ယာက႑၌ ႏိုင္ငံသားမ်ားရင္းႏွီးျမႇဳပ္ႏွံမႈက အနည္းဆုံး ျဖစ္သည္။လက္႐ွိအစိုးရလက္ထက္တြင္ က်ပ္ ၄၁ ဘီလီယံသာ ရင္းႏွီးျမႇဳပ္ႏွံၿပီး ၂၀၂၀ ဇြြန္လကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္း က်ပ္ ၉၀ ဘီလီယံေက်ာ္သာ႐ွိသည္။

လက္႐ွိအစိုးရသက္တမ္း ေလးႏွစ္ေက်ာ္အတြင္း ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ႏွစ္ဆနီးပါးတိုးတက္လာၿပီး က်ပ္ဘီလီယံ ၉,၂၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။

ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ ၂၀၁၆ မတ္လတြင္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ စုစု ေပါင္း က်ပ္ ၁၁,၆၂၄ ဘီလီယံ ေက်ာ္႐ွိေသာ္လည္း ၂၀၂၀ ဇြန္လကုန္တြင္ က်ပ္ ၂၀,၈၇၁ ဘီလီယံ ေက်ာ္ ျမင့္တက္ခဲ့သည္။

ႏိုင္ငံသားမ်ား ျပည္တြင္း တြင္ ရင္းႏွီးျမႇဳပ္ႏွံၿပီး စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္လာသည္ကို ေဖာ္ျပေနသည္ဟု ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service