မြေနှင့်အဆောက်အအုံအာမခံထား၍ ဘဏ်ချေးငွေအများစု ယူထားသည်ဟု ဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
613 Views

မြေနှင့်အဆောက်အအုံအာမခံထား၍ ဘဏ်ချေးငွေအများစု ယူထားသည်ဟု ဗဟိုဘဏ်ထုတ်ပြန်

[Unicode]

ဘဏ်ချေးငွေများကို မြေနှင့်အဆောက်အအုံ အာမခံထား၍ အများဆုံးရယူထားပြီး ချေးငွေအားလုံး ထက်ဝက်ကျော်ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သော ၂၀၁၈-၁၉ ဘဏ္ဍာနှစ် နှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၈-၁၉ အတွင်း ဘဏ်များတွင် မြေနှင့်အဆောက်အအုံအာမခံထား၍ ချေးငွေကျပ် ဘီလီယံ နှစ်သောင်းခန့်ကို ရယူခဲ့ကြသည်ဟု ဗဟိုဘဏ်ကဆိုသည်။ ထိုဘဏ္ဍာနှစ်အတွင်း ဘဏ်များက အများပြည်သူသို့ ထုတ်ချေးငွေသည် ကျပ် ဘီလီယံ သုံးသောင်းကျော်ရှိသည်။ ထိုကြောင့်ချေးငွေ၏ ထက်ဝက်သည့် မြေနှင့်အဆောက်အအုံကို အာမခံယူ၍ ထုတ်ချေးထားသည်ဟု ဗဟိုဘဏ်ကဆိုသည်။

ဘဏ်များဆိုသည်မှာ ပြည်တွင်းရှိပုဂ္ဂလိဘဏ်နှင့် အစိုးရပိုင်ဘဏ်များပါဝင်သည်။

ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဘဏ်များမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ချေးငွေ ကျပ် ၁၅,၂၅၇ ဘီလီယံ ကျော်ထုတ်ချေးခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ကျပ် ၃၀,၈၈၀ ဘီလီယံကျော်အထိ ချေးခဲ့သည်ဟုဆိုသည်။ သုံးနှစ်အတွင်း ဘဏ်ချေးငွေ နှစ်ဆမြှင့်တက်ခဲ့သည်ဟုဗဟိုဘဏ်ကဆိုသည်။

ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံမှုသည် လက်ရှိအစိုးရသက်တမ်း သုံးနှစ်ခွဲအတွင်း ကျပ် ဘီလီယံ ၁၇,၇၀၀ ကျော် တိုးတက်သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဘဏ်များတွင် အပ်ငွေပမာဏက ကျပ် ၃၂,၁၁၄ ဘီလီယံ ကျော်ရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်ကုန်ဆုံးချိန်တွင် ကျပ် ၄၉,၈၁၉ ဘီလီယံကျော်ရှိကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ ဘဏ်များ၏ ချေး ငွေစုစုပေါင်းပမာဏသည် အပ်ငွေနှင့်နှိုင်းယှဉ်လျှင် ၆၀ ရာခိုင် နှုန်းခန့်ရှိနေသည်။ လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် မြင့်တက်နေပြီး ပျမ်းမျှ ၇ ရာခိုင်နှုန်းရှိနေသည်။

ထုတ်ချေးငွေများတွင် ၂၀၁၉ စက်တင်ဘာအထိ အစိုးရဘဏ်များက ကျပ် ၄၇၀၀ဘီလီယံနှင့် ပုဂ္ဂလိကဘဏ်များက ကျပ်၂၄၀၀၀ ဘီလီယံကျော်ရှိသည်။

ဘဏ်များမှ ငွေထုတ်ချေးသည် ပမာဏမြင့်တက်လာခြင်းသည် ဘဏ်များအပေါ် ယုံကြည်မှုများပြီး အပ်ငွေတိုးတက်လာခြင်း၊ အိမ်ရာချေးငွေကဲ့သို့ ဘဏ် ချေးငွေအမျိုးအစားများ အသစ်ဖော်ထုတ်နိုင်ခဲ့ခြင်း၊ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထိုက်အလျောက်ရှိလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဘဏ်လုပ်ငန်းရှင်များကဆိုသည်။

ဘဏ်ချေးငွေဖြင့် အိမ်ယာဝယ်ယူနိုင်ခြင်းကြောင့် အိမ်ခြံမြေတွင် ဘဏ်ချေးငွေများလာခြင်းဖြစ်သည်ဟု အိမ်ခြံလုပ်ငန်းရှင်များကဆိုသည်။ ဘဏ်ဖြင့် အရစ်ကျဝယ်ယူမူများသည့် အိမ်ခြံမြေဈေးကွက်ရောင်းအား၏ သုံးပုံတစ်ပုံရှိသည်။

၂၀၁၉ စက်တင်လာလအထိ အိမ်အရစ်ကျဝယ်ယူမူများအတွက် ချေးငွေသည် ကျပ် ၈၇၉ ဘီလီယံရှိပြီး အိမ်ရာချေးငွေတွင် ကျပ် ၂၆၀ ဘီလီယံခန့်ရှိသည်။

ဘဏ်ချေးငွေအများဆုံးရယူသည့်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကြသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမႏွင့္အေဆာက္အအုံအာမခံထား၍ ဘဏ္ေခ်းေငြအမ်ားစုယူထားသည္ဟု ဗဟိုဘဏ္ထုတ္ျပန္

ဘဏ္ေခ်းေငြမ်ားကို ေျမႏွင့္အေဆာက္အအုံ အာမခံထား၍ အမ်ားဆုံးရယူထားၿပီး ေခ်းေငြအားလုံး ထက္ဝက္ေက်ာ္႐ွိသည္ဟု ဗဟိုဘဏ္က ထုတ္ျပန္ေသာ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ႏွစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ၂၀၁၈-၁၉ အတြင္း ဘဏ္မ်ားတြင္ ေျမႏွင့္အေဆာက္အအုံအာမခံထား၍ ေခ်းေငြက်ပ္ ဘီလီယံ ႏွစ္ေသာင္းခန္႔ကို ရယူခဲ့ၾကသည္ဟု ဗဟိုဘဏ္ကဆိုသည္။ ထိုဘ႑ာႏွစ္အတြင္း ဘဏ္မ်ားက အမ်ားျပည္သူသို႔ ထုတ္ေခ်းေငြသည္ က်ပ္ ဘီလီယံ သုံးေသာင္းေက်ာ္႐ွိသည္။ ထိုေၾကာင့္ေခ်းေငြ၏ ထက္ဝက္သည့္ ေျမႏွင့္အေဆာက္အအုံကို အာမခံယူ၍ ထုတ္ေခ်းထားသည္ဟု ဗဟိုဘဏ္ကဆိုသည္။

ဘဏ္မ်ားဆိုသည္မွာ ျပည္တြင္း႐ွိပုဂၢလိဘဏ္ႏွင့္ အစိုးရပိုင္ဘဏ္မ်ားပါဝင္သည္။

ဗဟိုဘဏ္၏ အစီရင္ခံစာတြင္ ဘဏ္မ်ားမွ ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ ေခ်းေငြ က်ပ္ ၁၅,၂၅၇ ဘီလီယံ ေက်ာ္ထုတ္ေခ်းခဲ့ၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္ တြင္ က်ပ္ ၃၀,၈၈၀ ဘီလီယံေက်ာ္အထိ ေခ်းခဲ့သည္ဟုဆိုသည္။ သုံးႏွစ္အတြင္း ဘဏ္ေခ်းေငြ ႏွစ္ဆျမႇင့္တက္ခဲ့သည္ဟုဗဟိုဘဏ္ကဆိုသည္။

ျပည္တြင္း႐ွိ အစိုးရႏွင့္ ပုဂၢလိကဘဏ္မ်ားတြင္ ေငြအပ္ႏွံမႈသည္ လက္႐ွိအစိုးရသက္တမ္း သုံးႏွစ္ခြဲအတြင္း က်ပ္ ဘီလီယံ ၁၇,၇၀၀ ေက်ာ္ တိုးတက္သည္။ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ ျပည္တြင္းဘဏ္မ်ားတြင္ အပ္ေငြပမာဏက က်ပ္ ၃၂,၁၁၄ ဘီလီယံ ေက်ာ္႐ွိၿပီး ၂၀၁၈-၁၉ ဘ႑ာ ႏွစ္ကုန္ဆုံးခ်ိန္တြင္ က်ပ္ ၄၉,၈၁၉ ဘီလီယံေက်ာ္႐ွိေၾကာင္း ဗဟိုဘဏ္၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

လက္႐ွိ ဘဏ္မ်ား၏ ေခ်း ေငြစုစုေပါင္းပမာဏသည္ အပ္ေငြႏွင့္ႏိႈင္းယွဥ္လွ်င္ ၆၀ ရာခိုင္ ႏႈန္းခန္႔႐ွိေနသည္။ လက္႐ွိျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈသည္ ျမင့္တက္ေနၿပီး ပ်မ္းမွ် ၇ ရာခိုင္ႏႈန္း႐ွိေနသည္။

ထုတ္ေခ်းေငြမ်ားတြင္ ၂၀၁၉ စက္တင္ဘာအထိ အစိုးရဘဏ္မ်ားက က်ပ္ ၄၇၀၀ဘီလီယံႏွင့္ ပုဂၢလိကဘဏ္မ်ားက က်ပ္၂၄၀၀၀ ဘီလီယံေက်ာ္႐ွိသည္။

ဘဏ္မ်ားမွ ေငြထုတ္ေခ်းသည္ ပမာဏျမင့္တက္လာျခင္းသည္ ဘဏ္မ်ားအေပၚ ယုံၾကည္မႈမ်ားၿပီး အပ္ေငြတိုးတက္လာျခင္း၊ အိမ္ရာေခ်းေငြကဲ့သို႔ ဘဏ္ ေခ်းေငြအမ်ိဳးအစားမ်ား အသစ္ေဖာ္ထုတ္ႏိုင္ခဲ့ျခင္း၊ စီးပြားေရး က႑ဖြံ႕ၿဖိဳးတိုးတက္မႈ အထိုက္အေလ်ာက္႐ွိလာျခင္းတို႔ေၾကာင့္ ျဖစ္သည္ဟု ဘဏ္လုပ္ငန္း႐ွင္မ်ားကဆိုသည္။

ဘဏ္ေခ်းေငြျဖင့္ အိမ္ယာဝယ္ယူႏိုင္ျခင္းေၾကာင့္ အိမ္ျခံေျမတြင္ ဘဏ္ေခ်းေငြမ်ားလာျခင္းျဖစ္သည္ဟု အိမ္ျခံလုပ္ငန္း႐ွင္မ်ားကဆိုသည္။ ဘဏ္ျဖင့္ အရစ္က်ဝယ္ယူမူမ်ားသည့္ အိမ္ျခံေျမေဈးကြက္ေရာင္းအား၏ သုံးပုံတစ္ပုံ႐ွိသည္။

၂၀၁၉ စက္တင္လာလအထိ အိမ္အရစ္က်ဝယ္ယူမူမ်ားအတြက္ ေခ်းေငြသည္ က်ပ္ ၈၇၉ ဘီလီယံ႐ွိၿပီး အိမ္ရာေခ်းေငြတြင္ က်ပ္ ၂၆၀ ဘီလီယံခန္႔႐ွိသည္။

ဘဏ္ေခ်းေငြအမ်ားဆုံးရယူသည့္ေနရာမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္ေဒသႀကီးႏွင့္ ႐ွမ္းျပည္နယ္တို႔ျဖစ္ၾကသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service