ငွေရေးကြေးရေးအဖွဲ့စည်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် အခြေခံမူ (၈) ချက်ကို ဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
757 Views

ငွေရေးကြေးရေးအဖွဲ့စည်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် အခြေခံမူ (၈) ချက်ကို ဗဟိုဘဏ်ထုတ်ပြန်

[Unicode]

ပြည်တွင်းရှိ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ချေးငွေများထုတ်ချေးရာတွင် လိုက်နာရမည့် အခြေခံမူ (၈)ချက်ကို ဗဟိုဘဏ်က ထုတ်ပြန်သည်။

ချေးငွေထုတ်ချေးရာတွင် ငွေရေးကြေးရေးအဖွဲ့များနှင့် ချေးငွေယူသူများကြား ရှင်းလင်းလွယ်ကူသော မူဝါဒများရှိစေရန်ဖြစ်သည်ဟု ချေးငွေဆိုင်ရာအရာရှိများက မှတ်ချက်ပြုသည်။

ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ချေးငွေဆောင်ရွက်ရာတွင် နှစ်ဦးသဘောတူ ချေးငွေစာချုပ်ခြင်း၊ အတိုးငွေတွက်ချက်ခြင်း၊ ပြည်လည်ကောက်ခံမည့် အရင်းနှင့်အတိုးဇယားရေးဆွဲခြင်းနှင့် အခြားအခကြေးငွေများကောက်ခံခြင်းအတွက် လိုက်နာရမည့် အခြေခံမူများဖြစ်သည်ဟု ဗဟိုဘဏ်ကဆိုသည်။

ယခုထုတ်ပြန်သော အခြေခံမူများကို မလိုက်နာဘဲ အခြေခံမူများကွဲလွဲခြင်းနှင့် မလျော်မကန် ဆောင်ရွက်ပါက အရေးယူမည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။ ထိုအခြေခံမူများတွင် ချေးငွေသဘောတူစာချုပ်ကို သတ်မှတ်ပြင်ဆင်၍ ငွေချေးသူကို ချေးငွေအချက်အလက်များ သေချာရှင်းပြ၍ သဘောတူညီမှ စာချုပ်ချုပ်ဆိုရန်ပါဝင်သည်။

ဒုတိယအချက်တွင် ချေးငွေစာချုပ်၌ ချေးငွေပမာဏ၊ တစ်နှစ်အတွက်ကောက်ခံရမည့် အတိုးနှုန်း၊ ချေးငွေပြန်ဆပ်ရမည့် ကာလ၊ ပေးဆပ်ရမည့်ကာလ တို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ရမည်ဟုပါရှိသည်။ တတိယအချက်တွင် ချေးငွေကာလတစ်လျှောက် ပြန်လည်ပေးဆပ်ရမည့် အရင်းနှင့်အတိုး အရစ်ကျ ပြန်လည်ပေးဆပ်ရမည့်ဇယားကို ချေးငွေစာချုပ်တွင် ပူးတွဲဖော်ပြရမည်ဟု ဗဟိုဘဏ်ကဆိုထားသည်။

စတုတ္ထအချက်တွင် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ဇယားကို ဆောင်ရွက်ရန် ဖော်ပြထားသည်။ ပဉ္စမအချက်တွင် အတိုးကို ချေးငွေပေးဆပ်မှု စည်းကမ်းအရ လက်ကျန်ချေးငွေ (သို့မဟုတ်) အရင်းငွေပေါ်တွင် အခြေခံတွက်ချက်ရမည်ဟုဆိုသည်။

ကျန်အချက်များတွင် ပေးဆပ်ရန်ပျက်ကွက်သည့် အရင်းနှင့်အတိုးများအပေါ် ပျက်ကွက်အတိုးနှုန်းကို စာချုပ်တွင် ဖော်ပြရမည်ဟုဆိုသည်။ ထို့ပြင် ပျက်ကွက်အရင်းနှင့် အတိုးများအပေါ် ပျက်ကွက်အတိုးနှုန်း ထပ်ဆောင်း ကောက်နိုင်သည်ဟုဆိုသည်။

နောက်ဆုံးအချက်မှာ ချေး ငွေအပေါ်တွင် ကော်မရှင်အခ ကြေးငွေနှင့် အခြားအခကြေးငွေများကောက်ခံပါက ရှင်းလင်းစွာ ဖော်ပြထားရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ထားသည်။

‘‘စာချုပ်တွေမှာ တစ်မျိုး၊ လက်တွေ့မှာတစ်မျိုးဖြစ်နေတာ ရယ်။ စာချုပ်တွေမှာ အပြည့်အဝမဖော်ပြလို့ ငွေချေးသူတွေရော၊ ငွေထုတ်ချေးတဲ့သူတွေရော အငြင်းမပွားအောင် ဗဟိုဘဏ်က လုပ်ပေးတာလို့မြင်ပါတယ်’’ ဟု ပုဂ္ဂလိကချေးငွေလုပ်ငန်းတစ်ခုမှ ချေးငွေဆိုင်ရာအရာရှိတစ်ဦးဖြစ်သည့် ဦးမျိုးမင်းသက်ကပြောသည်။

ထိုသတ်မှတ်ချက်များသည် ဇူလိုင် ၁၅ ရက်ကတည်းက အကျိုးသက်ရောက်ခဲ့မည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေငြေရးေၾကးေရးအဖြဲ႕စည္းမ်ား ေခ်းေငြထုတ္ေခ်းရာတြင္ လိုက္နာရမည့္ အေျခခံမူ (၈) ခ်က္ကို ဗဟိုဘဏ္ထုတ္ျပန္

ျပည္တြင္း႐ွိ ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ေခ်းေငြမ်ားထုတ္ေခ်းရာတြင္ လိုက္နာရမည့္ အေျခခံမူ (၈)ခ်က္ကို ဗဟိုဘဏ္က ထုတ္ျပန္သည္။

ေခ်းေငြထုတ္ေခ်းရာတြင္ ေငြေရးေၾကးေရးအဖြဲ႕မ်ားႏွင့္ ေခ်းေငြယူသူမ်ားၾကား ႐ွင္းလင္းလြယ္ကူေသာ မူဝါဒမ်ား႐ွိေစရန္ျဖစ္သည္ဟု ေခ်းေငြဆိုင္ရာအရာ႐ွိမ်ားက မွတ္ခ်က္ျပဳသည္။

ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ေခ်းေငြေဆာင္႐ြက္ရာတြင္ ႏွစ္ဦးသေဘာတူ ေခ်းေငြစာခ်ဳပ္ျခင္း၊ အတိုးေငြတြက္ခ်က္ျခင္း၊ ျပည္လည္ေကာက္ခံမည့္ အရင္းႏွင့္အတိုးဇယားေရးဆြဲျခင္းႏွင့္ အျခားအခေၾကးေငြမ်ားေကာက္ခံျခင္းအတြက္ လိုက္နာရမည့္ အေျခခံမူမ်ားျဖစ္သည္ဟု ဗဟိုဘဏ္ကဆိုသည္။

ယခုထုတ္ျပန္ေသာ အေျခခံမူမ်ားကို မလိုက္နာဘဲ အေျခခံမူမ်ားကြဲလြဲျခင္းႏွင့္ မေလ်ာ္မကန္ ေဆာင္႐ြက္ပါက အေရးယူမည္ဟု ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးစိုးသိန္းကေျပာသည္။ ထိုအေျခခံမူမ်ားတြင္ ေခ်းေငြသေဘာတူစာခ်ဳပ္ကို သတ္မွတ္ျပင္ဆင္၍ ေငြေခ်းသူကို ေခ်းေငြအခ်က္အလက္မ်ား ေသခ်ာ႐ွင္းျပ၍ သေဘာတူညီမွ စာခ်ဳပ္ခ်ဳပ္ဆိုရန္ပါဝင္သည္။

ဒုတိယအခ်က္တြင္ ေခ်းေငြစာခ်ဳပ္၌ ေခ်းေငြပမာဏ၊ တစ္ႏွစ္အတြက္ေကာက္ခံရမည့္ အတိုးႏႈန္း၊ ေခ်းေငြျပန္ဆပ္ရမည့္ ကာလ၊ ေပးဆပ္ရမည့္ကာလ တို႔ကို ပြင့္လင္းျမင္သာစြာေဆာင္႐ြက္ရမည္ဟုပါ႐ွိသည္။ တတိယအခ်က္တြင္ ေခ်းေငြကာလတစ္ေလွ်ာက္ ျပန္လည္ေပးဆပ္ရမည့္ အရင္းႏွင့္အတိုး အရစ္က် ျပန္လည္ေပးဆပ္ရမည့္ဇယားကို ေခ်းေငြစာခ်ဳပ္တြင္ ပူးတြဲေဖာ္ျပရမည္ဟု ဗဟိုဘဏ္ကဆိုထားသည္။

စတုတၳအခ်က္တြင္ ေခ်းေငြ ျပန္လည္ေပးဆပ္ရမည့္ဇယားကို ေဆာင္႐ြက္ရန္ ေဖာ္ျပထားသည္။ ပၪၥမအခ်က္တြင္ အတိုးကို ေခ်းေငြေပးဆပ္မႈ စည္းကမ္းအရ လက္က်န္ေခ်းေငြ (သို႔မဟုတ္) အရင္းေငြေပၚတြင္ အေျခခံတြက္ခ်က္ရမည္ဟုဆိုသည္။

က်န္အခ်က္မ်ားတြင္ ေပးဆပ္ရန္ပ်က္ကြက္သည့္ အရင္းႏွင့္အတိုးမ်ားအေပၚ ပ်က္ကြက္အတိုးႏႈန္းကို စာခ်ဳပ္တြင္ ေဖာ္ျပရမည္ဟုဆိုသည္။ ထို႔ျပင္ ပ်က္ကြက္အရင္းႏွင့္ အတိုးမ်ားအေပၚ ပ်က္ကြက္အတိုးႏႈန္း ထပ္ေဆာင္း ေကာက္ႏိုင္သည္ဟုဆိုသည္။

ေနာက္ဆုံးအခ်က္မွာ ေခ်း ေငြအေပၚတြင္ ေကာ္မ႐ွင္အခ ေၾကးေငြႏွင့္ အျခားအခေၾကးေငြမ်ားေကာက္ခံပါက ႐ွင္းလင္းစြာ ေဖာ္ျပထားရမည္ဟု ဗဟိုဘဏ္က သတ္မွတ္ထားသည္။

‘‘စာခ်ဳပ္ေတြမွာ တစ္မ်ိဳး၊ လက္ေတြ႕မွာတစ္မ်ိဳးျဖစ္ေနတာ ရယ္။ စာခ်ဳပ္ေတြမွာ အျပည့္အဝမေဖာ္ျပလို႔ ေငြေခ်းသူေတြေရာ၊ ေငြထုတ္ေခ်းတဲ့သူေတြေရာ အျငင္းမပြားေအာင္ ဗဟိုဘဏ္က လုပ္ေပးတာလို႔ျမင္ပါတယ္’’ ဟု ပုဂၢလိကေခ်းေငြလုပ္ငန္းတစ္ခုမွ ေခ်းေငြဆိုင္ရာအရာ႐ွိတစ္ဦးျဖစ္သည့္ ဦးမ်ိဳးမင္းသက္ကေျပာသည္။

ထိုသတ္မွတ္ခ်က္မ်ားသည္ ဇူလိုင္ ၁၅ ရက္ကတည္းက အက်ိဳးသက္ေရာက္ခဲ့မည္ဟု ဗဟိုဘဏ္ဒုတိယဥကၠ႒က ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service