တရားမဝင်အရက်တင်သွင်းထားသူများအခွန်ဆောင်ရန် ကြေညာလွှာတင်သွင်းရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1542 Views

တရားမဝင်အရက်တင်သွင်းထားသူများအခွန်ဆောင်ရန် ကြေညာလွှာတင်သွင်းရမည်ဟုဆို

[Unicode]

တရားမဝင်တင်သွင်းထားသည့် နိုင်ငံခြားဖြစ် ယမကာများကို တရားဝင်ဖြစ်စေရန်အတွက် ကြေညာလွှာတင်သွင်းရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။

ပြည်တွင်းသို့ နိုင်ငံခြားဖြစ်ယမကာများတရားဝင်တင်သွင်းခွင့်ရရှိတော့မည်ဖြစ်၍ ဈေးကွက်အတွင်း လုပ်ငန်းရှင်များ ယှဉ်ပြိုင်ရောင်းချရာတွင်နစ်နာမှုမရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုကြောင့် ပြည်တွင်းသို့ တရားမဝင်နည်းလမ်းများဖြင့်ရောက်ရှိနေသော နိုင်ငံခြားဖြစ်ယမကာများသည့် ကျသင့်အခွန်အကောက်များပေးဆောင်စေရန်ဖြစ်သည်ဟုဆိုသည်။

ထိုကြောင့် တရားမဝင်ယမကာများကိုတရားဝင်ဖြစ်စေရန် စီမံချက်ချဆောင်ရွက်ပေးမည်ဖြစ်ပြီး ကြေငြာလွှာတင်သွင်းရမည့် ရက်မှာဩဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနကဆိုသည်။

အဆိုပါကာလအတွင်းလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့အချိန်မီ ကြေညာလွှာတင်သွင်းရမည်ဖြစ်သည်။

"စီးပွားကူးသန်းကနိုင်ငံခြားဖြစ် အရက်တွေ တရားဝင်တင်သွင်းဖို့ခွင့်ပြုလိုက်တဲ့အခါ တစ်ဖက်မှာလဲတရားမဝင် ဝင်နေတဲ့ အရက်တွေကိစ္စကို အခွန်နဲ့ လိုက်စိစစ်မှ ရမယ်"ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွန့်ကြားရေးမှူးချုပ်ဦးမင်းထွန်ကပြောသည်။

ကြေညာလွှာနောက်ဆုံးတင်သွင်းရမည့် သြဂုတ် ၂၈ ရက်နောက်ပိုင်း တင်ပြလာသည့်ကြေညာလွှာများကိုလက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ဟုဆိုသည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ ထပ်မံရောက်ရှိလာနိုင်သည့်တရားမဝင်ယမကာ အမျိုးမျိုးကို ကာကွယ်တားဆီးရေးအတွက်ဖြစ်သည်။

စီမံချက်ကာလအတွင်းတရားမဝင်ယမကာများရောင်းချနေကြောင်းတွေ့ရှိပါကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကအသိပေးသည်။

အခွန်ဆောင်ပြီးပါက ယမကာများတွင် A1 အမှတ်အသား(ခြင်္သေ့)အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည်ဖြစ်သည်။ ထိုလုပ်ငန်းကို စက်တင်ဘာလအတွင်းဆောင်ရွက်မည်ဟုဆိုသည်။

၂၀၂၀ အောက်တိုဘာ ၁ ရက်မှစတင်ပြီး တရားဝင်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားယမကာအမျိုးမျိုးကိုလက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်လက်လီလက်ကားရောင်းချခြင်းများအပေါ် အထူးကုန်စည်ခွန် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဦးစီးဌာနကဆိုသည်။

နိုင်ငံခြားဖြစ် ယမကာ အမျိုးမျိုးကို ပြည်တွင်းသို့ တရားဝင်တင်သွင်းရောင်းချနိုင်ရန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် မေလ က ခွင့်ပြုခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

တရားမဝင္အရက္တင္သြင္းထားသူမ်ားအခြန္ေဆာင္ရန္ ေၾကညာလႊာတင္သြင္းရမည္ဟုဆို

တရားမဝင္တင္သြင္းထားသည့္ ႏိုင္ငံျခားျဖစ္ ယမကာမ်ားကို တရားဝင္ျဖစ္ေစရန္အတြက္ ေၾကညာလႊာတင္သြင္းရမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဩဂုတ္ ၁၇ ရက္တြင္ ထုတ္ျပန္သည္။

ျပည္တြင္းသို႔ ႏိုင္ငံျခားျဖစ္ယမကာမ်ားတရားဝင္တင္သြင္းခြင့္ရ႐ွိေတာ့မည္ျဖစ္၍ ေဈးကြက္အတြင္း လုပ္ငန္း႐ွင္မ်ား ယွဥ္ၿပိဳင္ေရာင္းခ်ရာတြင္နစ္နာမႈမ႐ွိေစရန္ ေဆာင္႐ြက္ျခင္းျဖစ္သည္ဟုဆိုသည္။

ထိုေၾကာင့္ ျပည္တြင္းသို႔ တရားမဝင္နည္းလမ္းမ်ားျဖင့္ေရာက္႐ွိေနေသာ ႏိုင္ငံျခားျဖစ္ယမကာမ်ားသည့္ က်သင့္အခြန္အေကာက္မ်ားေပးေဆာင္ေစရန္ျဖစ္သည္ဟုဆိုသည္။

ထိုေၾကာင့္ တရားမဝင္ယမကာမ်ားကိုတရားဝင္ျဖစ္ေစရန္ စီမံခ်က္ခ်ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ေၾကျငာလႊာတင္သြင္းရမည့္ ရက္မွာဩဂုတ္ ၂၁ ရက္မွ ၂၈ ရက္အထိျဖစ္သည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနကဆိုသည္။

အဆိုပါကာလအတြင္းလုပ္ငန္း႐ွင္မ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးမ်ားသို႔အခ်ိန္မီ ေၾကညာလႊာတင္သြင္းရမည္ျဖစ္သည္။

"စီးပြားကူးသန္းကႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္တင္သြင္းဖို႔ခြင့္ျပဳလိုက္တဲ့အခါ တစ္ဖက္မွာလဲတရားမဝင္ ဝင္ေနတဲ့ အရက္ေတြကိစၥကို အခြန္နဲ႔ လိုက္စိစစ္မွ ရမယ္"ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫြန္႔ၾကားေရးမႉးခ်ဳပ္ဦးမင္းထြန္ကေျပာသည္။

ေၾကညာလႊာေနာက္ဆုံးတင္သြင္းရမည့္ ၾသဂုတ္ ၂၈ ရက္ေနာက္ပိုင္း တင္ျပလာသည့္ေၾကညာလႊာမ်ားကိုလက္ခံ ေဆာင္႐ြက္ေပးမည္ မဟုတ္ဟုဆိုသည္။ ထိုသို႔ေဆာင္႐ြက္ျခင္းမွာ ထပ္မံေရာက္႐ွိလာႏိုင္သည့္တရားမဝင္ယမကာ အမ်ိဳးမ်ိဳးကို ကာကြယ္တားဆီးေရးအတြက္ျဖစ္သည္။

စီမံခ်က္ကာလအတြင္းတရားမဝင္ယမကာမ်ားေရာင္းခ်ေနေၾကာင္းေတြ႕႐ွိပါကလည္း တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ကအသိေပးသည္။

အခြန္ေဆာင္ၿပီးပါက ယမကာမ်ားတြင္ A1 အမွတ္အသား(ျခေသၤ့)အခြန္အမွတ္တံဆိပ္မ်ား ကပ္ႏွိပ္ေပးမည္ျဖစ္သည္။ ထိုလုပ္ငန္းကို စက္တင္ဘာလအတြင္းေဆာင္႐ြက္မည္ဟုဆိုသည္။

၂၀၂၀ ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး တရားဝင္အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ထားျခင္းမ႐ွိေသာ ႏိုင္ငံျခားယမကာအမ်ိဳးမ်ိဳးကိုလက္ဝယ္ထား႐ွိျခင္း၊ သိုေလွာင္ျခင္း၊ ျဖန္႔ျဖဴးျခင္းႏွင့္လက္လီလက္ကားေရာင္းခ်ျခင္းမ်ားအေပၚ အထူးကုန္စည္ခြန္ ဥပေဒအရအေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္ဟု ဦးစီးဌာနကဆိုသည္။

ႏိုင္ငံျခားျဖစ္ ယမကာ အမ်ိဳးမ်ိဳးကို ျပည္တြင္းသို႔ တရားဝင္တင္သြင္းေရာင္းခ်ႏိုင္ရန္စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ယခုႏွစ္ ေမလ က ခြင့္ျပဳခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service