နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာ - Property News in Myanmar from iMyanmarHouse.com
2811 Views

နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာ

[Unicode]

နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက သြဂုတ် ၁၇ ရက်က အသိပေးကြေ ညာထားသည်။

ပြည်တွင်းသို့ နိုင်ငံခြားအရက်အမျိုးမျိုးကို တင်သွင်းရောင်းချနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊မေ ၂၅ ရက်က ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

တရားဝင်တင်သွင်းရောင်းချသောလုပ်ငန်းရှင်များအား နစ်နာမှုမရှိစေရန်အတွက် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားအရက်များကို ကျသင့်အခွန်အကောက်များ ပေးဆောင်စေပြီး A1 အမှတ်အသား (ခြင်္သေ့) အခွန်အမှတ်တံဆိပ်များကို One Stop Service (OSS) စနစ်ဖြင့် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်နေ့အထိ ကပ်နှိပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

တရားမဝင်အရက်များ တရားဝင်ဖြစ်စေရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများသို့ သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၈ ရက် အတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရမှာဖြစ်ပြီး အဆိုပါရက်နောက်မှ တင်ပြလာသည့် ကြေညာလွှာများကို လက်ခံမည် မဟုတ်သည့်အပြင် ကြေညာလွှာတင်သွင်းခြင်းမပြုဘဲ စီမံချက်ကာလအတွင်းနှင့် စီမံချက်ကာလကုန်ဆုံးပြီးနောက် အောက် တိုဘာ ၁ ရက်နေ့မှစ၍ တရားဝင်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားအရက်အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း၊ သို လှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီလက်ကားရောင်းချခြင်းများရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 





 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service