ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ်သန်း ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
816 Views

ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ်သန်း ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြု

[Unicode]

ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ်သန်း ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သြဂုတ် ၁၄ ရက်ကပြုလုပ်သည့်အစည်းအဝေးတွင်းခွင့်ပြုခဲ့သည်။

ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၃ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် ၃ ခု ကိုခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၀၅၇ သန်းနှင့် ကျပ် ၁၅၈,၀၅၉ သန်းရှိ ပြီးပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၇၅၀ နေရာကိုဖန်တီးပေးနိုင်မည် ဖြစ်သည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ယခုဘဏ္ဍာနှစ်အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပြည့်မီရန်ကြိုးပမ်းလျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့်လည်း တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာစေရန် အစဉ် ဂရုပြုကြရမည် ဖြစ်ပါကြောင်း ပြောသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး COVID – 19 ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကြုံတွေ့နေရ ပြီး မြန်မာနိုင်ငံနေဖြင့် စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရပ်တန့်မသွားဘဲ ပုံမှန်လည်ပတ်လျှက်ရှိပြီး ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက တစ်လလျှင်နှစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ စက်မှုကဏ္ဍ ၊ ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုစိစစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာစင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး နိုင်ငံ/ဒေသပေါင်း ၅၁ ခု မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၃၃ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၄ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၇ ရာခိုင်နှုန်း ဖြင့်လည်းကောင်းရင်းနှီးမြှုပ်နှံထားကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ႏွင့္ က်ပ္သန္း ၁၅၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၃) ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ခြင့္ျပဳ

ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ႏွင့္ က်ပ္သန္း ၁၅၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၃ ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္၏ ၾသဂုတ္ ၁၄ ရက္ကျပဳလုပ္သည့္အစည္းအေဝးတြင္းခြင့္ျပဳခဲ့သည္။

ယင္းအစည္းအေဝးတြင္ ေဆာင္႐ြက္ဆဲလုပ္ငန္း ၃ ခုမွ မတည္ေငြရင္းတိုးျမႇင့္ျခင္းအပါအဝင္ ကုန္ထုတ္လုပ္မႈက႑၊ ဟိုတယ္ႏွင့္ ခရီးသြားက႑ႏွင့္ အျခားဝန္ေဆာင္မႈက႑တို႔မွ လုပ္ငန္းသစ္ ၃ ခု ကိုခြင့္ျပဳခဲ့ၿပီး အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၂၀ ဒသမ ၀၅၇ သန္းႏွင့္ က်ပ္ ၁၅၈,၀၅၉ သန္း႐ွိ ၿပီးျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္း ေပါင္း ၇၅၀ ေနရာကိုဖန္တီးေပးႏိုင္မည္ ျဖစ္သည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ယခုဘ႑ာႏွစ္အတြက္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလ်ာထားခ်က္ အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ျပည့္မီရန္ႀကိဳးပမ္းလ်က္႐ွိေၾကာင္း၊ ေကာ္မ႐ွင္အေနျဖင့္လည္း တာဝန္ယူမႈ႐ွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေပၚေပါက္လာေစရန္ အစဥ္ ဂ႐ုျပဳၾကရမည္ ျဖစ္ပါေၾကာင္း ေျပာသည္။

ထို႔အျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ပတ္သက္ၿပီး ယခုအခါ ကမ႓ာတစ္ဝွမ္းလုံး COVID – 19 ကူးစက္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားၾကဳံေတြ႕ေနရ ၿပီး ျမန္မာႏိုင္ငံေနျဖင့္ စီးပြားေရးထိခိုက္မႈမ်ားျဖစ္ေပၚေနေသာ္လည္း ရန္ကုန္တိုင္းအတြင္း၌ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားရပ္တန္႔မသြားဘဲ ပုံမွန္လည္ပတ္လွ်က္႐ွိၿပီး ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက တစ္လလွ်င္ႏွစ္ႀကိမ္ အစည္းအေဝးျပဳလုပ္ကာ စက္မႈက႑ ၊ ၀န္ေဆာင္မႈက႑ စသည္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားကိုစိစစ္ၿပီး အေမရိကန္ေဒၚလာ ၅ သန္း သို႔မဟုတ္ ျမန္မာက်ပ္ေငြ သန္း ၆၀၀၀ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အတည္ျပဳခြင့္ျပဳမိန္႔ထုတ္ေပးလ်က္႐ွိသည္။

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ေဒသမ်ားမွ ာစင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ၿပီး ႏိုင္ငံ/ေဒသေပါင္း ၅၁ ခု မွ စီးပြားေရးက႑ ၁၂ ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထား႐ွိမႈမွာ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၃၃ ရာခိုင္ႏႈန္း ျဖင့္ လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၂၄ ရာခိုင္ႏႈန္း ျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၂၇ ရာခိုင္ႏႈန္း ျဖင့္လည္းေကာင္းရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service