အိမ်ရာချေးငွေ ပေးသွင်းဖို့ လဝက်နောက်ကျခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
730 Views

အိမ်ရာချေးငွေ ပေးသွင်းဖို့ လဝက်နောက်ကျခွင့်ပြု

[Unicode]

အစိုးရထံကအိမ်ရာချေးငွေရယူထားသူတွေအနေနဲ့ အခု သြဂုတ်လအတွင်းပေးသွင်းရမယ့်ငွေတွေကို နောက်ကျကြေးကောက်ခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ကြေငြာလိုက်တာပါ။

ကိုဗစ်ကြောင့်အခုလိုမျိူး ပုံမှန်ငွေသွင်းရက်ထက် ၁၅ ရက်နောက်ကျခွင့်ပြုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၊မေ၊ ဇွန်နဲ့ဇူလိုင်လ တွေမှာလည်း အခုလိုဖြေလျှော့ပေးခဲ့ပြီးတဲ့နောက် ငါးလမြောက်အဖြစ် သြဂုတ်လမှာလည်းဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။

အရင်ကတော့ အိမ်ရာချေးငွေရယူထားသူများအနေနဲ့ လစဉ်အရစ်ကျငွေသွင်းတာကိုဘဏ်က သတ်မှတ်ရက်မတိုင်ခင် ပေးသွင်းရတာဖြစ်ပြီး ဒီလိုပေးသွင်းဖို့ပျက်ကွက်ရင်တော့ နောက်ကျကြေးကောက်ခံခဲ့တာဖြစ်ပါတယ်။

ဆောက်လုပ်ရေး ၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဟာ အိမ်ရာဝယ်ယူလိုသူတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ စုစုပေါင်း ၂၃၀ ကျပ်ဘီလီယံလောက်ထုတ်ချေးထားတာပါ။

ဘဏ်ကို လစဉ်အရစ်ကျပေးသွင်းနေသူတွေဟာ ရွှေလင်ဗန်း၊ကျန်စစ်သား၊ကနောင် အစရှိတဲ့တန်ဖိုးနည်းတန်ဖိုးမျှတအိမ်ရာတွေကိုဝယ်ယူထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

အတိုးနှုန်း သက်သာသည့် အိမ်ရာချေးငွေစနစ်ဖြင့် လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်များရှိ အိမ်ရာစီမံကိန်းများတွင် အခန်းတန်ဖိုး ကျပ်(၆၆) သိန်းမှ ကျပ်သိန်း(၆၀၀) ရှိ အထိတန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အတိုးနှုန်း သက်သာသည့် အိမ်ရာချေး ငွေစနစ်ဖြင့် ရောင်းချပေးနေတာဖြစ်ပါတယ်

အခန်းဝယ်လိုသူ အနေဖြင့် ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် ၃၁-၁၂-၂၀၁၉ ရက်အထိ အိမ်ရာစု ဆောင်းငွေစာရင်းဖွင့်လှစ်ထားပြီး အနည်းဆုံးသိန်း(၃၀) ထားရှိရဖို့လိုအပ်ပါတယ်

ဝယ်ယူမည့်သူများအနေဖြင့် အမှတ်(၂၂၈/၂၃၄)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊မြေညီထပ်-Gallery)၊ရန်ကုန်သို့ လူကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဘဏ်စာအုပ်မူရင်းနှင့်အတူ မိတ္တူ ယူဆောင်၍ အမည်စာရင်းပေးသွင်းရမှာလည်းဖြစ်ပါတယ်။

လက်ရှိရောင်ချလျှက်ရှိတဲ့အိမ်ရာတိုက်ခန်းများမှာ - လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအပိုင်း(၂)နှင့်(၃)ရှိ စတုရန်းပေ ၄၈၄/ ၅၂၂ /၄၆၈ အကျယ်ရှိ တိုက်ခန်းများ၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာရှိ စတုရန်းပေ ၃၂၄ အကျယ်ရှိ တိုက်ခန်းများ၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာရှိ စတုရန်းပေ ၈၀၀ အကျယ်ရှိ တိုက်ခန်းများ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း Commercial Area ရှိ စတုရန်းပေ ၈၀၀/ ၉၆၀ /၁၁၀၀ အကျယ်ရှိ တိုက်ခန်းများ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) ယုဇနအပိုင်း(၁)(၂)၊ကနောင်၊ရိုးမ ရှိ စတုရန်းပေ ၄၈၄/၅၂၂ /၄၆၈/၃၂၄ အကျယ်ရှိ တိုက်ခန်းများ၊သန်လျင်မြို့နယ် သီလဝါရှိ စတုရန်းပေ ၄၀၀/ ၄၄၀/၃၈၄ အကျယ်ရှိ တိုက်ခန်းတွေပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




ကိုဗစ်ကြောင့်အခုလိုမျိုး ပုံမှန်ငွေသွင်းရက်ထက် ၁၅ ရက်နောက်ကျခွင့်ပြုတာ ဖြစ်ပါတယ်။











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service