နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာစီမံကိန်းကို ဒေါ်လာ ၄၁ သန်းကုန်ကျပြီး တနှစ်အတွင်းပြီးစီးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
974 Views

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာစီမံကိန်းကို ဒေါ်လာ ၄၁ သန်းကုန်ကျပြီး တနှစ်အတွင်းပြီးစီးမည်ဟုဆို

[Unicode]

ဝန်ထမ်းအိမ်ယာအခန်း ၃၀၀၀ အတွက် နေပြည်တော်တွင် ဒေါ်လာ ၄၁ သန်းအသုံးပြု၍ တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဟု အစိုးရကဆိုသည်။

နေပြည်တော်တွင် အငြိမ်းစားယူသွားသည့် ဝန်ထမ်းများအတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဟု အစိုးရ၏ စီမံကိန်းဘဏ်ထဲတွင်ဖော်ပြထားသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီက လေးထပ်အဆောက်အဦးများကို အခန်း ၃၀၀၀ ပြည့်မှီရန်အထိ တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဟု ဆိုသည်။ အခန်းများသည် ၆၅၀ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်သည်။

အိမ်ခန်း ၂ ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း များပါဝင်ပြီး ရိုးရိုးလှေကား၊ အရေးပေါ်ထွက်ပေါက် လှေကားများနှင့် သံကူကွန်ကရစ်(၄)ထပ် အဆောက်အဦစုစုပေါင်း (၁၈၉) လုံး ဖြစ်သည်။

ထိုစီမံကိန်းသည် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၆ ဘီလီယံကုန်ကျမည်ဖြစ်သည်။ ထိုထဲတွင် လမ်း၊တံတား လုပ်ငန်းများအတွက် ကျပ် ၁၀ ဘီလီယံကျော်၊ ရေပေးဝေရေးအတွက် ကျပ် ၄ ဒသမ ၂ ဘီလီယံနှင့် လျှပ်စစ်မီး အတွက် ကျပ် ၁ ဒသမ ၄ ဘီလီယံကုန်ကျမည်ဖြစ်သည်။

ထိုစီမံကိန်းအတွက် အခြားရင်းနှီးမြှပ်နှံမည်သူများကိုလည်း ထပ်မံဖိတ်ခေါ်လိုက်ကြောင်း အစိုးရက ကြေငြာထားသည်။

ထိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်အောက်မှ စီမံကိန်းတစ်ခုဖြစ်သည်။ အငြိမ်းစားဝန်ထမ်းများ၏ လူနေမှုဘဝမြင့်တင့်ရန်အတွက်ဖြစ်သည်ဟုဆိုသည်။

ထိုစီမံကိန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁ အတွင်းအပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။ ထိုစီမံကိန်း ပထမအဆင့်စီမံကိန်းကို မြေဧက ၆၉ ဒသမ ၅ ဧကတွင် ဆောက်လုပ်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်း တောင်ဘက်တွင် တည်ဆောက်မည်ဖြစ်သည်။

ဝယ်ယူလိုသော အငြိမ်းစားဝန်ထမ်းများအနေဖြင့် အိမ်ခန်းတန်ဖိုး၏ ပထမအရစ်ကျ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို အရစ်ကျငွေပေးသွင်း ရမည်ဖြစ်သည်။ ထိုလုပ်ငန်းအတွက် နေပြည်တော်ဖွံဖြိုးရေးဘဏ်က ချေးငွေထုတ်ပေးမည်ဟုဆိုသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်နှင့် လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့ကို လုပ်ငန်းအပ်နှံတည်ဆောက်မည်ဖြစ်ပြီး အသင်း(၂)သင်း၏ စီမံခန့်ခွဲမှုဖြင့် စီမံကိန်းစတင်ချိန်မှ (၁)နှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္႐ွိ ဝန္ထမ္းအိမ္ယာစီမံကိန္းကို ေဒၚလာ ၄၁ သန္းကုန္က်ၿပီး တႏွစ္အတြင္းၿပီးစီးမည္ဟုဆို

ဝန္ထမ္းအိမ္ယာအခန္း ၃၀၀၀ အတြက္ ေနျပည္ေတာ္တြင္ ေဒၚလာ ၄၁ သန္းအသုံးျပဳ၍ တစ္ႏွစ္အတြင္း တည္ေဆာက္သြားမည္ဟု အစိုးရကဆိုသည္။

ေနျပည္ေတာ္တြင္ အၿငိမ္းစားယူသြားသည့္ ဝန္ထမ္းမ်ားအတြက္ ေနျပည္ေတာ္ဖြံ႕ျဖိဳးေရးဘဏ္မွ အရစ္က်စနစ္ျဖင့္ ေရာင္းခ်သြားမည္ဟု အစိုးရ၏ စီမံကိန္းဘဏ္ထဲတြင္ေဖာ္ျပထားသည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ေလးထပ္အေဆာက္အဦးမ်ားကို အခန္း ၃၀၀၀ ျပည့္မွီရန္အထိ တစ္ႏွစ္အတြင္း တည္ေဆာက္သြားမည္ဟု ဆိုသည္။ အခန္းမ်ားသည္ ၆၅၀ စတုရန္းေပ က်ယ္ဝန္းမည္ျဖစ္သည္။

အိမ္ခန္း ၂ ခန္း၊ ဧည့္ခန္း၊ မီးဖိုခန္း၊ ေရခ်ိဳးခန္း၊ သန္႔စင္ခန္း မ်ားပါဝင္ၿပီး ႐ိုး႐ိုးေလွကား၊ အေရးေပၚထြက္ေပါက္ ေလွကားမ်ားႏွင့္ သံကူကြန္ကရစ္(၄)ထပ္ အေဆာက္အဦစုစုေပါင္း (၁၈၉) လုံး ျဖစ္သည္။

ထိုစီမံကိန္းသည္ စုစုေပါင္းကုန္က်စရိတ္ က်ပ္ ၁၆ ဘီလီယံကုန္က်မည္ျဖစ္သည္။ ထိုထဲတြင္ လမ္း၊တံတား လုပ္ငန္းမ်ားအတြက္ က်ပ္ ၁၀ ဘီလီယံေက်ာ္၊ ေရေပးေဝေရးအတြက္ က်ပ္ ၄ ဒသမ ၂ ဘီလီယံႏွင့္ လွ်ပ္စစ္မီး အတြက္ က်ပ္ ၁ ဒသမ ၄ ဘီလီယံကုန္က်မည္ျဖစ္သည္။

ထိုစီမံကိန္းအတြက္ အျခားရင္းႏွီးျမႇပ္ႏွံမည္သူမ်ားကိုလည္း ထပ္မံဖိတ္ေခၚလိုက္ေၾကာင္း အစိုးရက ေၾကျငာထားသည္။

ထိုစီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ေရ႐ွည္ဖြံ႕ၿဖိဳးတိုးတက္မႈစီမံခ်က္ေအာက္မွ စီမံကိန္းတစ္ခုျဖစ္သည္။ အၿငိမ္းစားဝန္ထမ္းမ်ား၏ လူေနမႈဘဝျမင့္တင့္ရန္အတြက္ျဖစ္သည္ဟုဆိုသည္။

ထိုစီမံကိန္းကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ဦးစီးေဆာင္႐ြက္ျခင္းျဖစ္ၿပီး လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁ အတြင္းအၿပီးသတ္ေဆာင္႐ြက္မည္ျဖစ္သည္။ ထိုစီမံကိန္း ပထမအဆင့္စီမံကိန္းကို ေျမဧက ၆၉ ဒသမ ၅ ဧကတြင္ ေဆာက္လုပ္မည္ျဖစ္သည္။ အဆိုပါစီမံကိန္းကို ေနျပည္ေတာ္ဇမၺဴသီရိၿမိဳ႕နယ္၊ ဉာဏသိဒၶိရပ္ကြက္ ပ်ဥ္းမနား-ေတာင္ညိဳလမ္း ေတာင္ဘက္တြင္ တည္ေဆာက္မည္ျဖစ္သည္။

ဝယ္ယူလိုေသာ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ အိမ္ခန္းတန္ဖိုး၏ ပထမအရစ္က် ၂၀ ရာခိုင္ႏႈန္း သို႔မဟုတ္ ၃၀ ရာခိုင္ႏႈန္းကို ကနဦးေပးသြင္းရမည္ျဖစ္ၿပီး က်န္ေငြကို အရစ္က်ေငြေပးသြင္း ရမည္ျဖစ္သည္။ ထိုလုပ္ငန္းအတြက္ ေနျပည္ေတာ္ဖြံၿဖိဳးေရးဘဏ္က ေခ်းေငြထုတ္ေပးမည္ဟုဆိုသည္။

ျမန္မာႏိုင္ငံေဆာက္လုပ္ေရး လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ႏွင့္ လိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္တို႔ကို လုပ္ငန္းအပ္ႏွံတည္ေဆာက္မည္ျဖစ္ၿပီး အသင္း(၂)သင္း၏ စီမံခန္႔ခြဲမႈျဖင့္ စီမံကိန္းစတင္ခ်ိန္မွ (၁)ႏွစ္အတြင္း လုပ္ငန္းမ်ား ၿပီးစီးေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service