တမူးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ဆောက်ရန် စစ်ကိုင်းတိုင်းအစိုးရကြီးကြပ်သွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1323 Views

တမူးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ဆောက်ရန် စစ်ကိုင်းတိုင်းအစိုးရကြီးကြပ်သွားမည်ဟုဆို

[Unicode]

တမူးကုန်သွယ်ရေးဇုန် ကို အမြန်ဆုံးတည်ဆောက်သွား မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က အနီးကပ်ကြီးကြပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေ သ တမူးမြို့သည် ကုန်သွယ်ရေး အလားအလာကောင်းမွန်၍ ကုန် သွယ်မှုမြှင့်တင်ရေးနှင့် ဒေသခံ ပြည်သူများ၏ ရေရှည်အကျိုးစီး ပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တမူးကုန်သွယ်ရေးဇုန်ကို တည် ဆောက်ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ရက်ကကျင်းပသည့် တမူးကုန် သွယ်ရေးဇုန် တည်ဆောက်နိုင် ရေး ညှိနှိုင်းအစည်းအဝေးတွင်ဝန် ကြီးကပြောသည်။

ယင်းအစည်းအဝေး၌ ဒေသ ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး၊ အနာ ဂတ်ကာလတွင် ကုန်သွယ်ရေးဇုန် ကြီးတစ်ခု တည်ဆောက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမို ရရှိလာရေးနှင့် နှစ်နိုင်ငံကုန်သွယ် ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ သည်။ တမူးကုန်သွယ် ရေးဇုန် တည်ဆောက်ရေး ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီတို့အပြင် လုပ်ငန်းအဖွဲ့တစ်ခုကို စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့ စည်းပြီး ဇုန်တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ရန် ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ်ကုန် သွယ်မှုအတွက် တမူးကုန်သွယ် ရေးဇုန်တည်ဆောက်ရေး ဗဟို ကော်မတီကို ဇူလိုင် ၈ရက်စွဲဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်ရန် ဖွဲ့စည်း လိုက်ခြင်းဖြစ် သည်။

ထိုကော်မတီတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကဥက္ကဋ္ဌ၊ ဒု တိယဝန်ကြီးနှင့် စစ်ကိုင်းတိုင်းစီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုး ဦးတို့က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ထား သည်။ တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ် ရေးဇုန်ကဲ့သို့ဖြစ်လာရန် ပြင် ဆင်နေခြင်းဖြစ်သည်ဟု စစ်ကိုင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြော သည်။တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် မြန်မာ-အိန္ဒိယ ကုန် သွယ်ရေးစခန်း သုံးခုအနက်အ ကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ် လာ ၉၆ သန်းကျော်ဖိုးရှိပြီး မြန်မာဘက်က ပို့ကုန်သည်ဒေါ် လာ ၉၅ သန်းဖိုးရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တမူးနယ္စပ္ကုန္သြယ္ေရးဇုန္တည္ေဆာက္ရန္ စစ္ကိုင္းတိုင္းအစိုးရႀကီးၾကပ္သြားမည္ဟုဆို

တမူးကုန္သြယ္ေရးဇုန္ ကို အျမန္ဆုံးတည္ေဆာက္သြားမည္ျဖစ္ၿပီး စစ္ကိုင္းတိုင္းအစိုးရ အဖြဲ႕က အနီးကပ္ႀကီးၾကပ္မည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာသည္။

အိႏၵိယ-ျမန္မာ နယ္စပ္ေဒသတမူးၿမိဳ႕သည္ ကုန္သြယ္ေရး အလားအလာေကာင္းမြန္၍ ကုန္သြယ္မႈျမႇင့္တင္ေရးႏွင့္ ေဒသခံ ျပည္သူမ်ား၏ ေရ႐ွည္အက်ိဳးစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ တမူးကုန္သြယ္ေရးဇုန္ကို တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ဇူလိုင္ ၂၄ရက္ကက်င္းပသည့္ တမူးကုန္သြယ္ေရးဇုန္ တည္ေဆာက္ႏိုင္ေရး ညႇိႏိႈင္းအစည္းအေဝးတြင္ဝန္ ႀကီးကေျပာသည္။

ယင္းအစည္းအေဝး၌ ေဒသဖြံ႕ၿဖိဳးေရး၊ ကုန္သြယ္ေရး၊ အနာဂတ္ကာလတြင္ ကုန္သြယ္ေရးဇုန္ ႀကီးတစ္ခုတည္ေဆာက္ႏိုင္ေရး၊ အလုပ္အကိုင္အခြင့္အလမ္း ပိုမိုရ႐ွိလာေရးႏွင့္ ႏွစ္ႏိုင္ငံကုန္သြယ္ ေရးကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့သည္။ တမူးကုန္သြယ္ေရးဇုန္ တည္ေဆာက္ေရး ဗဟိုေကာ္မတီ ႏွင့္ လုပ္ငန္းေကာ္မတီတို႔အျပင္ လုပ္ငန္းအဖြဲ႕တစ္ခုကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဖြဲ႕ စည္းၿပီး ဇုန္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ႀကီးၾကပ္ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း ဝန္ႀကီးက ဆိုသည္။

ျမန္မာ-အိႏၵိယနယ္စပ္ကုန္သြယ္မႈအတြက္ တမူးကုန္သြယ္ေရးဇုန္တည္ေဆာက္ေရး ဗဟိုေကာ္မတီကို ဇူလိုင္ ၈ရက္စြဲျဖင့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဖြဲ႕စည္းခဲ့သည္။ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕တို႔ ပူးေပါင္းေဆာင္႐ြက္ရန္ ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။

ထိုေကာ္မတီတြင္ စီးပြားေရး ႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ကဥကၠ႒၊ ဒုတိယဝန္ႀကီးႏွင့္ စစ္ကိုင္းတိုင္းစီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုး ဦးတို႔က ဒုတိယဥကၠ႒အျဖစ္ ေဆာင္႐ြက္ထား သည္။ တ႐ုတ္- ျမန္မာနယ္စပ္႐ွိ မူဆယ္နယ္စပ္ ကုန္သြယ္ေရးဇုန္၊ ထိုင္း-ျမန္မာနယ္စပ္႐ွိ ျမဝတီနယ္စပ္ကုန္သြယ္ ေရးဇုန္ကဲ့သို႔ျဖစ္လာရန္ ျပင္ဆင္ေနျခင္းျဖစ္သည္ဟု စစ္ကိုင္းတိုင္းေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးဦးကေျပာသည္။တမူးနယ္စပ္ကုန္သြယ္ေရး စခန္းသည္ ျမန္မာ-အိႏၵိယ ကုန္သြယ္ေရးစခန္း သုံးခုအနက္အၾကီးဆုံး နယ္စပ္ကုန္သြယ္ေရး စခန္းျဖစ္သည္။ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈ ေဒၚလာ ၉၆ သန္းေက်ာ္ဖိုး႐ွိၿပီး ျမန္မာဘက္က ပို႔ကုန္သည္ေဒၚ လာ ၉၅ သန္းဖိုး႐ွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service