Local Property News | Posted by Si Thu Aung
[Unicode]
ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိမှုမြှင့်တင်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဘဏ်မှချေးငွေရယူမည့် အစီအစဉ်အား ဇူလိုင် ၂၇ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ်တော်၏သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် သဘောတူလိုက်ကြောင်းသိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူမည့်ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ဖြစ်ပြီး ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှုမြှင့်တင်ရေး စီမံကိန်းအတွက်ဖြစ်ပြီး အဆိုပါချေးငွေဖြင့် ဧရာဝတီ၊ပဲခူးအရှေ့၊မကွေး၊ကရင်တို့တွင် ၆၆ ကေ ဗွီဓာတ် အားလိုင်း (၅၆၄.၅) မိုင်၊၃၃ ကေဗွီ ဓာတ်အားလိုင်း (၆၀.၅)မိုင် ၆၆ ကေဗွီခွဲရုံ (၃၆)ရုံ၊၃၃ကေဗွီ ခွဲရုံ(၈)ရုံ၊၅၀ အမ်ဗွီအေ တည်ဆောက်ရန်နှင့် နေပြည်တော်၊ ပုသိမ်၊ ပဲခူး၊ မကွေး၊ ဘားအံ့မြို့များတွင် Distnbution Automation System (DAS)စနစ်ကို Plot Project ၅ ခုအဖြစ်တပ်ဆင်၍ ၁၁ ကေဗွီ ဓာတ်အားလိုင်းကွန်ရက်အား အချိန်နှင့်တစ်ပြေးညီ နေပြည်တော်မှစောင့်ကြည့်ကြပ်နိုင်ရန်အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်၌ရှင်းပြထားသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေက်းလက္ေဒသလၽွပ္စစ္ဓာတ္အားရရွိမႈျမႇင့္တင္ေရး စီမံကိန္းအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ဘဏ္မွေခ်းေငြရယူေရး ျပည္ေထာင္စုလႊတ္ေတာ္သေဘာတူ
ေက်းလက္ေဒသလၽွပ္စစ္ဓာတ္အားရရွိမႈျမႇင့္တင္ေရး စီမံကိန္းအတြက္ အာရွဖြံ႕ျဖိဳးေရးဘဏ္ (ADB) ဘဏ္မွေခ်းေငြရယူမည့္ အစီအစဥ္အား ဇူလိုင္ ၂၇ ရက္က က်င္းပေသာ ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဆ႒မေန႔တြင္ လႊတ္ေတာ္၏သေဘာထားရယူရာ ကန္႔ကြက္သူမရွိသျဖင့္ သေဘာတူလိုက္ေၾကာင္းသိရသည္။
အာရွဖြံ့ၿဖိဳးေရးဘဏ္ (ADB) ထံမွ ေခ်းယူမည့္ေခ်းေငြပမာဏမွာ အေမရိကန္ေဒၚလာ ၁၇၁ ဒသမ ၂၇ သန္း ျဖစ္ၿပီး ေက်းလက္ေဒသ လၽွပ္စစ္ဓာတ္အားရရွိမႈျမႇင့္တင္ေရး စီမံကိန္းအတြက္ျဖစ္ၿပီး အဆိုပါေခ်းေငြျဖင့္ ဧရာဝတီ၊ပဲခူးအေရွ႕၊မေကြး၊ကရင္တို႔တြင္ ၆၆ ေက ဗြီဓာတ္ အားလိုင္း (၅၆၄.၅) မိုင္၊၃၃ ေကဗြီ ဓာတ္အားလိုင္း (၆၀.၅)မိုင္ ၆၆ ေကဗြီခြဲ႐ုံ (၃၆)႐ုံ၊၃၃ေကဗြီ ခြဲ႐ုံ(၈)႐ုံ၊၅၀ အမ္ဗြီေအ တည္ေဆာက္ရန္ႏွင့္ ေနျပည္ေတာ္၊ ပုသိမ္၊ ပဲခူး၊ မေကြး၊ ဘားအံ့ၿမိဳ႕မ်ားတြင္ Distnbution Automation System (DAS)စနစ္ကို Plot Project ၅ ခုအျဖစ္တပ္ဆင္၍ ၁၁ ေကဗြီ ဓာတ္အားလိုင္းကြန္ရက္အား အခ်ိန္ႏွင့္တစ္ေျပးညီ ေနျပည္ေတာ္မွေစာင့္ၾကည့္ၾကပ္နိုင္ရန္အတြက္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းက ျပည္ေထာင္စုလႊတ္ေတာ္၌ရွင္းျပထားသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com